Top News

ကင်ဆာရောဂါဖြစ်ပွားမှုကို ပိုမိုသိရှိနိုင်ရန် ကင်ဆာမှတ်ပုံတင်စနစ် စတင်ပြုလုပ်နေပြီး ဆေးနှင့် ဆေးပစ္စည်းများ ထောက်ပံံ့ရာ၌ မှန်ကန်တိကျစွာ ဆောင်ရွက်နိုင်မည်ဟု ပြည်ထောင်စုဝန်ကြီးပြောကြား
24htopnews | September 14, 2024 2:12 PM CST

မြန်မာတစ်နိုင်ငံလုံးတွင် ကင်ဆာမှတ်ပုံတင်စနစ် (Cancer Registry) ကို စတင်ပြုလုပ်နေပြီဖြစ်သဖြင့် ကင်ဆာရောဂါဖြစ်ပွားမှု အခြေအနေများကို ပိုမိုတိကျစွာသိရှိနိုင်ကာ ဆေးနှင့် ဆေးပစ္စည်းများ ဝယ်ယူထောက်ပံ့ရာ၌ ပိုမိုမှန်ကန် တိကျစွာ ဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

အဆိုပါပြောကြားချက်ကို ဇန်နဝါရီ ၁၃ ရက်က ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ပြုလုပ်သည့် ‘ကင်ဆာကုသဆောင် (ONCOLODYWARD) ဖွင့်ပွဲအခမ်းအနား’ တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

တစ်နိုင်ငံလုံးမှာ ကင်ဆာမှတ်ပုံတင် စနစ်(Cancer Registry) ကို စတင်ပြုလုပ်နေ ပြီဖြစ်တယ်။ ဒီဟာက ကင်ဆာရောဂါ ဖြစ်ပွားနေတဲ့ အခြေအနေတွေကို ပိုမိုတိကျစွာ သိရှိနိုင်ပြီးတော့ ဆေးတွေ၊ ဆေးပစ္စည်းကိရိယာတွေ ဝယ်ယူထောက်ပံ့တဲ့နေရာမှာ ပိုပြီးမှန်ကန်တိကျအောင် ဆောင်ရွက်နိုင်မယ်။ ဝန်ကြီးဌာနအနေနဲ့က ကင်ဆာရောဂါဖြစ်ပွားမှုတွေကို လျှော့ချနိုင်ဖို့ ကျန်းမာရေး အသိပညာပေးတဲ့လုပ်ငန်းတွေကို အထူးဦးစားပေးအနေနဲ့ သတ်မှတ်လုပ်ဆောင်နေပြီး ဘဏ္ဍာငွေရတဲ့အပေါ် မူတည်ကာ ရောဂါ ကနဦးလက္ခဏာတွေကို ကြိုတင်စစ်ဆေးတဲ့ (Screeing) ပြုလုပ်ပြီးတော့ စောစီးစွာ ကုသပေးတဲ့ လုပ်ငန်းတွေကိုဆောင်ရွက်နေပါတယ်” ဟု ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ယခင်က ရရှိရန်အလွန်ခက်ခဲသည့် အရည်အသွေးမြင့်မားပြီး စျေးနှုန်းမြင့်မားသော ကင်ဆာကုသမှုဆေးများကိုလည်း ယခုအခါ ဝန်ကြီးဌာနမှ နိုင်ငံတကာအဖွဲ့အစည်းများနှင့် နားလည်မှု စာချွန်လွှာများရေးထိုးကာ ပံ့ပိုးမှုများကို မကြာမီရရှိမည်ဖြစ်ကြောင်းနှင့် ဝန်ကြီးဌာနမှ သုတေသနပိုင်းဆိုင်ရာ ပံ့ပိုးပေးသော ဘဏ္ဍာငွေဖြင့် ဆေး လက်တွေ့ပိုင်းဆိုင်ရာ အသုံးချသုတေသနလုပ်ငန်းများ ယခုထက်ပိုမိုဆောင်ရွက်သွားရန် တိုက်တွန်းလိုပြီး ဝန်ကြီးဌာနမှလည်း လိုအပ်သည်များ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

၂၀၂၀ ပြည့်နှစ်မှစ၍ Gavi အဖွဲ့နှင့် ပူးပေါင်းကာ သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ဆေး (Human Papilloma Virus 0HPV vaccine) ကို တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းတွင် ထည့်သွင်းထိုးနှံ ပေးသွားမည်ဖြစ်ကြောင်းနှင့် ရင်သားကင်ဆာနှင့်ပတ်သက်၍လည်း အမျိုးသမီးများ ၎င်းတို့ကိုယ်တိုင် Best Self Exam (BSE) စမ်းသပ်ပုံနည်းများကို ဝန်ကြီးဌာနမှ ဖြန့်ဝေလျက်ရှိ သော Mobile Tablet များတွင်ထည့် သွင်း၍ အခြေခံကျန်းမာရေးဝန်ထမ်းများမှတစ်ဆင့် ပြည်သူများကို အသိပေး သင်ကြားပေးသွား မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ရန်ကုန်ဆေးရုံကြီးတွင် လက်ရှိအသစ်ဖွင့်လှစ်ထားသည့် ကင်ဆာကုသဆောင်သစ် ငါးထပ်ဆောင်ကိုလည်း ကင်ဆာရောဂါကုသမှုဆေးနှင့် ဆေးပစ္စည်းများ လုံလောက်စွာ ပံ့ပိုးထားကြောင်း၊ ထို့ပြင် ကင်ဆာရောဂါဝေဒနာရှင်များတွင် နာကျင်မှုဝေဒနာခံစားရမှုကို သက်သာလျော့ပါးစေသည့် ဆေးဝါးများကို လုံလောက်စွာ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်းနှင့် ကင်ဆာလူနာများအတွက် ဆေးဝါး၊ အစာအာဟာရနှင့် အကြောကျွမ်းကျင်ပညာရှင်များကိုလည်း ပံ့ပိုးဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

 


READ NEXT
Cancel OK