Top News

၂၀၁၈ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်းမီးလောင်ကျွမ်းမှု ၁၇၃၉ ကြိမ်ဖြစ်ပွားခဲ့ပြီး မီးလောင်မှုများကြောင့် ၆၇ ဦး သေဆုံးကာ ၁၈၀၀ ကျော် မီးဘေးဒုက္ခရောက်
24htopnews | September 14, 2024 2:12 PM CST

၂၀၁၈ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်းလုံး မီးလောင်ကျွမ်းမှု ၁၇၃၉ ကြိမ်ဖြစ်ပွားခဲ့ပြီး မီးလောင်မှုများကြောင့် ၆၇ ဦး သေဆုံးခဲ့ကာ ၁၈၀၀ ကျော် မီးဘေးဒုက္ခရောက်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရ သည်။

၂၀၁၈ ခုနှစ်အတွင်း မီးလောင်မှုများကြောင့် နိုင်ငံတစ်ဝန်းလုံးရှိ အိမ်ခြေအဆောက်အအုံ ၂၂၁၃ လုံး၊ စက်ရုံအလုပ်ရုံ ၂၆ လုံး၊ ဂိုဒေါင် ၄၁ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ကျပ်သန်း ပေါင်း ၅၃၀၀ ကျော်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

၂၀၁၈ ခုနှစ်အတွင်း မီးလောင်မှုများအနက် မီးဖိုမီးကြောင့် မီးလောင်မှုဖြစ်စဉ် ၃၃၀ ကြိမ်၊ ပေါ့ဆမှုကြောင့် မီးလောင်မှုဖြစ်စဉ် ၅၄၉ ကြိမ်၊ အလိုအလျောက် လောင်သောမီး ၂၉ ကြိမ်၊ လျှပ်စစ်ကြောင့် မီးလောင်မှုဖြစ်စဉ် ၄၅၅ ကြိမ်၊ မသမာသူရှို့မီး ၂၆၇ ကြိမ်၊ တောမီးကြောင့် မီးလောင်မှုဖြစ်စဉ် ၆၁ ကြိမ်၊ မိုးကြိုးပစ်မှုကြောင့် မီးလောင်မှုဖြစ်စဉ် တစ်ကြိမ် ပါဝင်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုများအနက် ဆုံးရှုံးမှုတန်ဖိုးများခဲ့သည့် မီးလောင်မှုများမှာ ဇန်နဝါရီ ၂၅ ရက်က ကျပ်သန်းပေါင်း ၃၆သန်းခန့် ဆုံးရှုံးခဲ့သည့် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ သမင်တံဆိပ်မီးတိပ် ဂိုဒေါင်မီးလောင်မှု၊ ဖေဖော်ဝါရီ ၄ ရက်က ကျပ်သန်းပေါင်း ၃၅၀ ကျော် ဆုံးရှုံးခဲ့ပြီး စက္ကူလိပ်များ၊ စက္ကူချပ်များ၊ စက္ကူဖြတ်စက်များ၊ ကားများမီးလောင် ဆုံးရှုံးခဲ့သော လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ မင်းကြီးမဟာမင်းခေါင်လမ်းရှိ  Grand Harvest စက္ကူပုံးစက်ရံ ုမီးလောင်မှု၊  ဧပြီ ၄ ရက်က ကျပ်သန်းပေါင်း ၃၃၀ ကျော် ဆုံးရှုံးခဲ့သည့် လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်ရှိ Jewel Park International Myanmar Co.Ltd  ရွှေထည့်သည့်  ကော်ဘူးများပြုလုပ်သည့် စက်ရုံမီးလောင်ကျွမ်းမှု၊  ဧပြီ ၂၁ ရက်က ကျပ်သန်းပေါင်း ၈၆သန်းကျော် ဆုံးရှုံးခဲ့သည့် ဒဂုံမြို့သစ် (ဆိပ်ကမ်း)  မြို့နယ် ၊ စက်မှုဇုန် (၂) ရှိ ပေါ်လီမာမွေ့ရာ စက်ရုံ မီးလောင်မှု၊ အောက်တိုဘာ ၇ ရက် က ကျပ်သန်းပေါင်း ၈၀ ကျော်ခန့်ဆုံးရှုံးခဲ့ သည့် လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်ရှိ 7 Star ပလတ်စတစ်စက်ရုံ မီးလောင်မှုနှင့်  အောက်တိုဘာ ၂၅ ရက်က ကျပ်သန်းပေါင်း ၁၁၅ သန်းကျော် ဆုံးရှုံးခဲ့ပြီး တီဗီများ၊ ရေခဲသေတ္တာများ၊ မီးလောင်ဆုံးရှုံးခဲ့သည့် လှိုင်သာယာ မြို့နယ်စက်မှု ဇုန်(၃) ရှိ AA Electronic ပစ္စည်းသိုလှောင်ရုံ မီးလောင်မှုတို့ ဖြစ်သည်။

၂၀၁၈ ခုနှစ်အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် မီးလောင်မှုများအနက် ရန်ကုန်တိုင်းဒေသကြီးမှာ  မီးလောင်ကျွမ်းမှု ၂၃၅ ကြိမ် ဖြစ်ပွားခဲ့ပြီး မီးလောင်ကျွမ်းမှု အများဆုံးဖြစ်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီးမှာ  မီးလောင်ကျွမ်းမှု ၂၁၅ ကြိမ်နှင့် ဒုတိယမီးလောင်မှု အများဆုံးဖြစ်ခဲ့သည်။ ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် မီးလောင်မှုများမှာ ကချင်ပြည်နယ်တွင် ၁၀၉ ကြိမ်၊ ကယားပြည်နယ် ၁၄ ကြိမ်၊ ကရင်ပြည်နယ်တွင် ၄၆ ကြိမ်၊ ချင်းပြည်နယ်တွင် ၂၂ ကြိမ်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၁၇၀ ကြိမ်၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၄၈ ကြိမ်၊ နေပြည်တော်တွင် ၅၅ ကြိမ်၊ ပဲခူးတိုင်းဒေသကြီးတွင် ၁၂၅ ကြိမ်၊ မကွေးတိုင်းဒေသကြီးတွင် ၁၅၆ ကြိမ်၊  မွန်ပြည်နယ်တွင်  ၇၂  ကြိမ်၊  ရခိုင်ပြည်နယ်တွင် ၁၀၆ ကြိမ်၊  ရှမ်းပြည်နယ်တွင် ၁၇၅ ကြိမ်၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၁၈၇ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

၂၀၁၈ ခုနှစ်အတွင်း လအလိုက် မီးလောင်ကျွမ်းမှုများမှာ ဇန်နဝါရီတွင် ၁၀၉ ကြိမ်၊ ဖေဖော်ဝါရီတွင် ၂၁၅ ကြိမ်၊ မတ်တွင် ၂၆၈ ကြိမ်၊ ဧပြီတွင် ၁၈၈ ကြိမ်၊ မေတွင် ၁၇၈ ကြိမ်၊  ဇွန်တွင် ၈၁ ကြိမ်၊ ဇူလိုင်တွင် ၆၅ ကြိမ်၊  သြဂုတ်တွင် ၇၃ ကြိမ်၊ စက်တင်ဘာနှင့် အောက်တိုဘာတွင် ၉၄ ကြိမ်စီ၊ နိုဝင်ဘာတွင် ၁၄၇ ကြိမ်၊ ဒီဇင်ဘာတွင်  ၁၄၆ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်းလုံး၌  မီးလောင်ကျွမ်းမှု ၁၈၃၂ ကြိမ် ဖြစ်ပွားခဲ့ပြီး မီးလောင်မှုများကြောင့် အိမ်ခြေအဆောက်အအုံ ၃၀၇၀ ၊  စက်ရုံ၊ အလုပ်ရုံ ၁၇ လုံး၊ ဂိုဒေါင်ခုနစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး မီးလောင်မှုများကြောင့် ၁၀၄ ဦး သေဆုံးခဲ့ပြီး ကျပ်သန်းပေါင်း ၄၇၀၀ ကျော် ဆုံးရှုံးခဲ့ ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။                        


READ NEXT
Cancel OK