Top News

■ ပြင်သစ်လီဂူးပွဲစဉ် (၄) ပွဲကြိုသုံးသပ်ချက်
24htopnews | September 14, 2024 4:12 AM CST

မာဆေးလ် - နိုက်စ် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၄ ရက် ည ၉:၃၀ နာရီ)

မာဆေးလ်က ဂရင်းဝုဒ်ရဲ့ဦးဆောင်မှုအောက်မှာ တိုက်စစ်စွမ်းပြနေပြီး အသင်းလိုက်ဟန်ချက်ပါတည်ငြိမ်နေတာတွေ့ရ တယ်။ နိုက်စ်ကလည်း ခြေစွမ်းမဆိုးလှပေမယ့် လက်ရှိအခြေအနေအရ မာဆေးလ်ကွင်းမှာ အမှတ်ရဖို့ ခက်ခဲနေဦးမှာပါ။ မာဆေးလ်ကတော့ ချန်ပီယံဆုအထိမျှော်လင့်ထားတဲ့အသင်းပီပီ အိမ်ကွင်းမှာ အမှားခံမယ်မထင်ပါဘူး။ မာဆေးလ်ပဲ ရွေးမယ်။



အော်ဇေး - မိုနာကို (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၄ ရက် ည ၁၁:၃၀ နာရီ)

 မိုနာကိုကလည်း ရာသီအဖွင့်မှာ ခြေစွမ်းပြနေတဲ့အသင်း ဖြစ်ပြီး တိုက်စစ်၊ ခံစစ်ကစားပုံဟန်ချက်ညီနေတာတွေ့ရတယ်။  အော်ဇေးကတော့ နောက်ဆုံး (၂)ပွဲဆက်ရှုံးနိမ့်ထားလို့ ဖိအားများနေပြီး အခုအိမ်ကွင်းပွဲမှာ အနည်းဆုံးသရေတစ်မှတ်ရဖို့ရုန်းကန်လာပါလိမ့်မယ်။ ဒါပေမဲ့ ခြေစွမ်းနဲ့ ကစားသမားစုဖွဲ့မှုပိုသာတဲ့ မိုနာကိုပဲ နိုင်ပွဲယူသွားမှာပါ။



PSG - ဘရက်စ် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၅ ရက် နံနက် ၁:၃၀ နာရီ)

နှစ်သင်းစလုံး ဒီပွဲအပြီးမှာပဲ ချန်ပီယံလိဂ်ပွဲတွေကစားဖို့ရှိနေပြီး အိမ်ကွင်း (၂)ပွဲဆက်ကစားရမယ့် PSG အတွက်ပို ပြီးအားသာနေတယ်လို့ ဆိုရပါမယ်။ ဘရက်စ်ကတော့ ပြီးခဲ့တဲ့ရာသီက တည်ငြိမ်မှုများမရသေးဘဲ ရာသီအစမှာအထလေးနေပြီး တိုက်စစ်ကစားလည်း ခံစစ်ကအမှားအယွင်းများနေတာ တွေ့ရတယ်။ PSG ကတော့ ရာသီအစအိမ်ကွင်းပွဲတွေမှာ အမှားခံဖို့မရှိဘဲ ရာနှုန်းပြည့်နိုင်ပွဲနဲ့အတူ စောစောစီးစီးအ မှတ်ဖြတ်ထားဖို့ကြိုးစားမှာပါ။ ဘရက်စ်တို့ သရေတစ်မှတ်အတွက် ရုန်းကန်လာနိုင်ပေမယ့်  ပါရီမြေမှာတော့ PSG ပဲ နိုင်ပွဲဆက်သွားပါလိမ့်မယ်။


READ NEXT
Cancel OK