Top News

ဘွန်ဒစ်လီဂါပွဲစဉ် (၂၄)  ပွဲကြိုသုံးသပ်ချက် 
24htopnews | October 10, 2024 5:12 AM CST

မိုချန်ဂလာဘတ် - လေဗာကူဆင် (မြန်မာစံတော်ချိန် မတ်လ ၆ ရက် ည ၉:၀၀ နာရီ)

အမှတ်ပေးပွဲ နောက်ဆုံး(၅)ပွဲဆက် နိုင်ပွဲပျောက်ထားတဲ့ အခြေအနေက မိုချန်ဂလာဘတ်ကို ယုံစားဖို့ခက်နေတယ်။ ဒါပေမဲ့ ဂျာမန်ဖလားက ထွက်ထားရပြီး ချန်ပီယံလိဂ်မှာလည်း မန်စီးတီးကို ဒုတိယအကျော့မှာ ကျော်ဖြတ်နိုင်ခြေမရှိသလောက်နည်းနေလို့ ဘွန်ဒစ်လီဂါတစ်ခုတည်းကိုပဲ အဓိကအာရုံစိုက်ရတော့မယ့် မိုချန်ဂလာဘတ်ရဲ့အပြောင်းအလဲကို စောင့်ကြည့်ရလိမ့်မယ်။ လေဗာကူဆင်ကတော့ ပြိုင်ပွဲစုံနောက်ဆုံး(၉)ပွဲမှာ (၁)ပွဲသာ အနိုင်ရပြီး ယူရိုပါလိဂ်ကလည်း ထွက်ထားရတဲ့အထိ အခြေအနေဆိုးနေတယ်။ မိုချန် အမှတ်တော့ ရအောင်ကစားလိမ့်မယ်။



ဟော်ဖန်ဟင်မ် - ဝုလ်ဖ်ဘတ် (မြန်မာစံတော်ချိန် မတ်လ ၆ ရက် ည ၉:၀၀ နာရီ)

ဝုလ်ဖ်ဘတ်ရဲ့အရှိန်ကို ဟော်ဖန်ဟင်မ်အသင်း ရပ်တန့် နိုင်ဖို့ အတော်လေးရုန်းကန်ရမယ်။ ကြားရက်မှာ လိုက်ပ်ဇစ်နဲ့ ဂျာမန်ဖလားပွဲကစားခဲ့ရတဲ့ ဝုလ်ဖ်ဘတ် ပွဲပန်းနေနိုင်တာ သတိပြုသင့်တယ်။ ဟော်ဖန်ဟင်မ် အမှတ်ရဖို့များတယ်။



ဖရိုင်းဘတ် - လိုက်ပ်ဇစ် (မြန်မာစံတော်ချိန် မတ်လ ၆ ရက် ည ၉:၀၀ နာရီ)

လိုက်ပ်ဇစ်အသင်းက အခုပွဲပြီးရင် လီဗာပူးလ်နဲ့ ချန်ပီယံလိဂ်ပွဲကျပ်ကစားရဖို့ရှိပေမဲ့ မျှော်လင့်ချက်နည်းနေတာကြောင့် ပြည်တွင်းပွဲဘက်ကိုပဲ ပိုပြီးအာရုံစိုက်ဖို့များတယ်။ ဖရိုင်းဘတ်ကလည်း ဒေါ့မွန်၊ လေဗာကူဆင်အသင်းတွေကို အနိုင်ကစားထားတဲ့အသင်းဖြစ်လို့ လျှော့တွက်လို့တော့မရဘူး။ ဒါပေမဲ့ လိုက်ပ်ဇစ်ကိုပဲ ရွေးချယ်ချင်တယ်။



ဖရန့်ဖတ် - စတုဂတ် (မြန်မာစံတော်ချိန် မတ်လ ၆ ရက် ည ၉:၀၀ နာရီ)

ဖရန့်ဖတ်က နိုင်ပွဲဆက်နေမှု ရပ်တန့်သွားချိန်မှာ စတုဂတ်ကတော့ အရှိန်ပြန်ရလာတာတွေ့ရတယ်။ ဒါပေမဲ့ ဖရန့်ဖတ် နိုင်ပွဲပြန်ရရင် အံ့သြစရာမရှိပါဘူး။ 



ဟာသာဘာလင် - အော့စ်ဘတ် (မြန်မာစံတော်ချိန် မတ်လ ၆ ရက် ည ၉:၀၀ နာရီ)

လတ်တလောစွမ်းဆောင်ရည်ချင်းယှဉ်ရင် လေဗာကူဆင်ကို သရေကစားပြီး နောက်ဆုံးပွဲမှာ နိုင်ပွဲရထားတဲ့ အော့စ်ဘတ်က သာပါတယ်။ အော့စ်ဘတ် အမှတ်ရလိမ့်မယ်။



ဘိုင်ယန်မြူးနစ် - ဒေါ့မွန် (မြန်မာစံတော်ချိန် မတ်လ ၆ ရက် ည ၁၂:၀၀ နာရီ)

ဘိုင်ယန်မြူးနစ်အသင်းက ဒေါ့မွန်နဲ့နောက်ဆုံးတွေ့ဆုံမှု (၄)ပွဲဆက်တိုက် အနိုင်ကစားထားပါတယ်။ လာမယ့်ကြားရက်မှာ ဒေါ့မွန်က ဆီဗီလာအသင်းနဲ့ ချန်ပီယံလိဂ်အဆုံးအဖြတ်ပွဲ ကစားရဖို့ရှိတဲ့အပြင် ပွဲကျပ်တွေ တောက်လျှောက်ကစားရမယ့်အခြေအနေက အာရုံများနိုင်တာ အသေအချာပါပဲ။ ဘိုင်ယန်ကတော့ ကြားရက်မှာ ဘာပွဲမှ မကစားထားတဲ့အပြင် အခုတစ်ပတ်မှာ ချန်ပီယံလိဂ်ပွဲလည်းမရှိတာက အခုတွေ့ဆုံမယ့်ပွဲမှာ အားသာချက်တစ်ခုလို ဖြစ်နေနိုင်တယ်။ ဘိုင်ယန်တိုက်စစ်က ယုံကြည်မှုပိုရှိလာလို့ အခုပွဲလည်း အနိုင်ကစားမှာ သေချာတယ်။


READ NEXT
Cancel OK