Top News

ဘာစီလိုနာနှင့်သတင်းထွက်နေသည့် မာနေအတွက် လီဗာပူးလ် ပေါင်သန်း(၉၀) အလိုရှိ
24htopnews | September 14, 2024 2:12 AM CST

လီဗာပူးလ်အသင်းသည် ဘာစီလိုနာအသင်းခေါ်ယူရန် ချိန်ရွယ်နေသော ဆီနီဂေါတိုက်စစ်ကစားသမား မာနေအတွက် အနည်းဆုံးပေါင်သန်း(၉၀) အလို ရှိနေကြောင်း သိရသည်။

ဘာစီလိုနာအသင်းသည် တိုက်စစ်မှူး မက်ဆီကို လက်လွှတ်ခဲ့ရပါက မာနေနှင့် ပြန်လည်အစားထိုးရန် စီစဉ်နေကြောင်း သတင်းထွက်လာခဲ့ပြီးနောက် မာနေအတွက် လီဗာပူးလ်အသင်း၏ စျေးနှုန်းသတ်မှတ်မှု ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။

မာနေသည် ဆောက်သမ်တန်တွင်လက်တွဲခဲ့ဖူးသည့် နည်းပြ ရော်နယ်လ်ကိုးမန်းနှင့် ပြန်လည်ပူးပေါင်းရန် ဆန္ဒရှိနေသည်ဟုလည်း သတင်းများက ဖော်ပြခဲ့သည်။

မာနေမှာ လီဗာပူးလ်အသင်းသို့ ၂၀၁၆ ခုနှစ်က ရောက်ရှိလာခဲ့ပြီး လက်ရှိတွင် အသင်း၏အဓိကကစားသမားတစ်ဦးလည်းဖြစ်သည်။

ပြီးခဲ့သည့်ရာသီ လီဗာပူးလ်အသင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့ရာ၌ (၃၅)ပွဲကစားရာတွင် (၁၈)ဂိုးသွင်းကာ (၉)ဂိုးဖန်တီးပေးခဲ့သည်။

ဘာစီလိုနာအသင်းသည် လီဗာပူးလ်အသင်းမှ ထိပ်တန်းကစားသမားများကို မြင့်မားသည့်ပြောင်းရွှေ့ကြေးနှုန်းထားများဖြင့် ခေါ်ယူခဲ့ဖူးသည့် အစဉ်အလာရှိသောအသင်းလည်းဖြစ်သည်။


READ NEXT
Cancel OK