Top News

ယခုလကုန်မှ လစာများပုံမှန်ရရှိမည်ဟု ဆူခိုထိုင်းအသင်းတွင် ကစားနေသည့် ဇော်မင်းထွန်း အတည်ပြု
24htopnews | September 14, 2024 2:12 AM CST

ထိုင်းဘောလုံးအဖွဲ့ချုပ် (FAT) သည် ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း ကလပ်အသင်းများ ငွေကြေးလည်ပတ်မှုအဆင်ပြေစေရန် ကလပ်အားလုံးကို လစာတစ်ဝက်သာ ပေးချေရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်။ 

ထိုင်းလိဂ်-၁ ကလပ် ဆူခိုထိုင်းအသင်း တွင် သွားရောက်ကစားနေသည့် မြန်မာ့လက်ရွေးစင်နောက်ခံလူ ဇော်မင်းထွန်းက ယခုလကုန်မှ လစာများ ပုံမှန်ရရှိမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

 

ထိုင်းဘောလုံးအဖွဲ့ချုပ် (FAT) သည် ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း ကလပ်အသင်းများ ငွေကြေးလည်ပတ်မှုအဆင်ပြေစေရန် ကလပ်အားလုံးကို လစာတစ်ဝက်သာ ပေးချေရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်။ 

 

"လစာတွေက သြဂုတ်လကုန်အထိတော့ ပုံမှန်မရသေးပါဘူး။ လျှော့ချထားတဲ့အတိုင်း တစ်ဝက်ပဲရပါသေးတယ်။ ဒီလထဲမှာ ပြိုင်ပွဲတွေပြန်စမှာဖြစ်တာကြောင့် စက်တင်ဘာလကုန်ရင် လစာပုံမှန်ပေးချေမယ်လို့ သိရပါတယ်။ အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့က မဆွေးနွေးရသေးပါဘူး။ အောက်တိိုဘာမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်တဲ့အတွက် အသင်း နဲ့ မကြာခင်ဆွေးနွေးသွားဖို့ရှိပါတယ်" ဟု ဇော်မင်းထွန်းက Eleven Sports ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။

 

ဇော်မင်းထွန်းသည် ၂၀၁၉ ရာသီမှစတင်ကာ ထိုင်းကလပ်အသင်းများတွင် သွားရောက်ကစားခဲ့ပြီး ၂၀၁၉ ရာသီတွင် ချောင်ဘူရီ အသင်းတွင် တစ်ရာသီကစားခဲ့ကာ ယခုရာသီတွင် ဆူခိုထိုင်းအသင်းသို့ ပြောင်းရွှေ့ ကစားနေခြင်းဖြစ်သည်။ 


READ NEXT
Cancel OK