မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်တွင် ကောင်စစ်ဝန်ချုပ်အဖြစ် တာဝန်ထမ်းဆောင်မည့် မစ္စကောင်းဖျင်သည် ၎င်း၏ခန့်အပ်လွှာကို သြဂုတ် ၁၂ ရက်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး နိုင်ငံခြားရေးဝန်ကြီးဌာန ဦးသန်းဆွေအား တွေ့ဆုံပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါခန့်အပ်လွှာပေးအပ်မှုတွင် နိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေနှင့် တရုတ်ကောင်စစ်ဝန်ချုပ်တို့သည် မြန်မာ-တရုတ်နှစ်နိုင်ငံအကြား တည်ရှိပြီးဖြစ်သည့် ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာစေရေး၊ နှစ်နိုင်ငံဆက်ဆံရေးနှင့် နှစ်ဖက်အပြန် အလှန်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ သံတမန်များကို အမျိုးသမီးများအား ပြောင်းလဲခန့်အပ်လာသည်ကို တွေ့ရသည်။
လက်ရှိတွင် လစ်လပ်နေသည့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးတာဝန်ကိုလည်း အမျိုးသမီးသံအမတ်တစ်ဦးအား ခန့်အပ်ထားသည်။
-
အာလူးတပိဿာ (၁၀,၀၀၀) ကျပ်ဝန်းကျင်ထိ ဈေးမြင့်တက်လာ
-
ရှန်ဟိုင်းတွင် သီတင်းတစ်ပတ်အတွင်း ဒုတိယမြောက်တိုင်ဖွန်း ဝင်ရောက်တိုက်ခတ်
-
အစွန်းရောက်ကြိုးကိုင်မှုများကိုတားဆီးရန် CLV ဖွံ့ဖြိုးတိုးတက်ရေးတြိဂံဒေသမှ ကမ္ဘောဒီးယားနှုတ်ထွက်
-
အင်းလေးဒေသတွင် ရေဘေးသင့်ပြည်သူများ ခိုလှုံနေသည့် ဘုန်းကြီးကျောင်းများ၌ လူပြည့် လူလျှံရှိနေပြီး အကူအညီ အထောက်ပံ့များ လိုအပ်နေ
-
ရေဘေးသင့် ဒေသများသို့ ဆေးဝါးလှူဒါန်းမည့် အလှူရှင်များကို အထူးကိစ္စရပ်အနေဖြင့် ရောင်းချပေးနေ