Top News

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် တရားစွဲဆိုထားသည့်အမှုနှင့် ပတ်သက်၍ ဥပဒေပါ စည်းကမ်းများနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ဟု ရုံးတော်တွင် အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ထွက်ဆိုကြောင်း သိရ
24htopnews | August 13, 2024 12:12 AM CST

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုထားသည့် အမှုနှင့်ပတ်သက်၍ ရုံးတော်တွင် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ထွက်ဆိုချက်ပေးခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

နိုဝင်ဘာ ၁ ရက်က နေပြည်တော်ကောင်စီ ဝန်းအတွင်းရှိ သီးသန့်တရားရုံးတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ ၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၇ ၊ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ တို့ဖြင့် တရားစွဲဆိုခြင်း ခံထားရသည့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၂၀ ရက်က နေပြည်တော်ကောင်စီ နယ်မြေအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ခရိုင်ပါတီဥက္ကဋ္ဌ ဦးမင်းသူ ဦးဆောင်၍ Car Campaign ပြုလုပ်ခဲ့ရာ စုစုပေါင်း မော်တော်ယာဉ်အစီး ၂၂၀ ၊ ဆိုင်ကယ် ၃၂ စီး၊ လူဦးရေ ၇၆၀ ခန့်ပါဝင်ပြီး နေပြည်တော်ရှိ မြို့နယ်များသို့ ဖြတ်သန်းလှည့်လည်ရာတွင် ဇမ္ဗူသီရိမြို့နယ်ရှိ အတိုင်ပင်ခံအိမ်ရာအနီးတွင် COVID-19 ရောဂါ ဖြစ်ပွားမှု အပေါ်မူတည်၍ ထုတ်ပြန်ထားသော အမိန့်များအား လိုက်နာခြင်းမရှိဘဲ ကြိုဆိုနှုတ်ဆက်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့်ဟုဆိုကာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် အတိုင်ပင်ခံပုဂ္ဂိုလ်အား တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။

အထက်ပါကဲ့သို့ တရားစွဲဆိုထားသည့် အမှုနှင့်ပတ်သက်၍ ကားတန်းအား လက်ပြနှုတ်ဆက်ရာတွင် သဘာဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပါ စည်းကမ်းများနှင့်အညီ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟု ရုံးတော်သို့ အတိုင်ပင်ခံပုဂ္ဂိုလ်က ထွက်ဆိုချက်ပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ၊ ဇေယျသိ (ဓ) ရပ်ကွက်၊ မြနန်းဘုံသာလမ်း၊ အမှတ်(A) ရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အား ရှာဖွေရာတွင် အနီးကပ်လုံခြုံရေးအဖွဲ့ထံမှ Icom စကားပြောစက် ၆ လုံး၊ ဂိတ်ကင်းမှ Icom စကားလုံးပြောစက် သုံးလုံး၊ ကိုယ်ရေးအရာရှိအဆောင်မှ Icom ကားပြောစက် တစ်လုံးနှင့် Jammer တစ်စုံတို့အား တွေ့ရှိရသဖြင့် ယင်းဆက်သွယ်ရေး ပစ္စည်များအား ခွင့်ပြုချက်မရှိဘဲ တင်သွင်း အသုံးပြုခဲ့သော အတိုင်ပင်ခံပုဂ္ဂိုလ်အား ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇၊ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ တို့ဖြင့် တရားစွဲဆိုထားသည့် အမှုများနှင့်ပတ်သက်၍လည်း ပြန်ခေါ်သက်သေများအား စစ်ဆေးခဲ့ကြောင်း သိရသည်။

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇၊ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ တို့ဖြင့် အတိုင်ပင်ခံပုဂ္ဂိုလ်အား တရားစွဲဆိုထားသည့် အမှုများနှင့် ပတ်သက်၍ ပြန်ခေါ်သက်သေများအား စစ်ဆေးရာတွင် ရှာဖွေပုံတစ်ခုတွင် ပါဝင်သော ပစ္စည်းများကို လုံခြုံရေးတပ်ဖွဲ့များထံမှ သိမ်းခဲ့သည်ဆိုသည့်အချက်ကို အတည်ပြုခဲ့ခြင်းဖြစ်ပြီး အဓိက မေးခွန်းအချို့ကိုသာ မေးမြန်းခဲ့ကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

နိုဝင်ဘာ ၁ ရက် ရုံးချိန်းတွင် သမ္မတ ဦးဝင်းမြင့်အား စစ်ဆေးခဲ့ခြင်းမရှိကြောင်း နှင့် အထက်ပါ အမှုများအားလုံးကို နိုဝင်ဘာ ၈ ရက်သို့ ရုံးချိန်းပြန်လည် ချိန်းဆိုထားကြောင်း သိရသည်။


READ NEXT
Cancel OK