မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း တိုက်ပွဲများနှင့် မလုံခြုံမှုများကြောင့် နေရပ်စွန့်ခွာရသူ ၁ ဒသမ ၃ သန်း ကျော်ရှိလာပြီး နေရပ်စွန့်ခွာရသူဦးရေ စုစုပေါင်း ၁ ဒသမ ၆ သန်းကျော်ရှိလာကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA Myanmar) က ထုတ်ပြန်သည်။
မြန်မာနိုင်ငံတစ်ဝန်းတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များ မြင့်တက်နေပြီး လက်ရှိတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အများအပြားရှိ မြို့နယ်ပေါင်း ၄၇ မြို့နယ်၌ စစ်အုပ်ချုပ်ရေး ကြေညာထားကြောင်း OCHA Myanmar က ထုတ်ပြန်သည်။
၂၀၂၃ ခုနှစ် ပထမနှစ်လအတွင်း လူဦးရေ ၁၅၄၀၀၀ ကျော်မှာ ပြည်တွင်း၌ နေရပ်စွန့် ခွာထွက်ပြေးခဲ့ရပြီး စစ်ဘေးရှောင်စခန်းများနှင့် တောတောင်များထဲတွင် နေထိုင်နေရကြောင်း၊ အထူးသဖြင့် ကချင်ပြည်နယ် အရှေ့တောင်နှင့် အနောက်မြောက်ပိုင်းတို့တွင် တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေပြီး လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာလုပ်ငန်းများ ပေးအပ်ရန် နှောင့်နှေးမှုများရှိနေကြောင်း OCHA Myanmar က ဆိုသည်။
၂၀၂၂ ခုနှစ်တွင် လူဦးရေ ၄ ဒသမ ၄ သန်းထံ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ စံချိန်တင် ပေးအပ်နိုင်ခဲ့သော်လည်း ကဏ္ဍစုံသို့ မရောက်နိုင်ခဲ့ကြောင်း၊ ၂၀၂၃ ခု နှစ်တွင် မြန်မာနိုင်ငံ၏ လူဦးရေ သုံးပုံတစ်ပုံနီးပါးမှာ လူသားချင်းစာနာမှု အကူအညီများ လိုအပ်မည်ဟု ခန့်မှန်းရကြောင်း OCHA Myanmar က ထုတ်ပြန်သည်။
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်အထိ နိုင်ငံတစ်ဝန်းတွင် လူပေါင်း ၁ ဒသမ ၆ သန်း အိုးမဲ့အိမ်မဲ့ ဖြစ်နေကြရဆဲဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူ ၁ ဒသမ ၃ သန်းကျော် နှင့် ယခင်ပဋိပက္ခများမှ အိုးအိမ်စွန့်ခွာသွားသူ ၃၂၈ç၀၀၀ ကျော်တို့ ပါဝင်ကြောင်း OCHA Myanmar က ထုတ်ပြန်သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း နေရပ်စွန့်ခွာထွက်ပြေးရသူများအနက် မြန်မာနိုင်ငံ၏ အနောက်မြောက်ပိုင်းတွင် အမြင့်ဆုံးဖြစ်ပြီး လူဦးရေ ၉၁၅,၀၀၀ ရှိကြောင်းနှင့် အရှေ့တောင်ပိုင်းတွင် နေရပ်စွန့်ခွာသူဦးရေ ၃၇၉,၂၀၀ ဖြင့် ဒုတိယအများဆုံးဖြစ်ကြောင်း OCHA Myanmar က ဆိုသည်။
တိုက်ပွဲများ၊ မြေမြှုပ်မိုင်းများ၊ လေကြောင်း တိုက်ခိုက်မှုများကြောင့် နေအိမ်များ ပျက်စီးဆုံးရှုံးခြင်းနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ဆုံးရှုံးခြင်းတို့ကြောင့် စစိဘေးရှောင်များမှာ တောတောင်များနှင့် စစ်ဘေးရှောင်စခန်းများတွင် နေထိုင်နေရကြောင်း OCHA Myanmar က ထုတ်ပြန်သည်။
-
နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ပုံစံ ၁၅ ဖြင့် ကြိုတင်ဆန္ဒမဲပေး
-
မန္တလေးခရိုင်ရှိ ခုနစ်မြို့နယ်အနက် လူဦးရေ ထူထပ်သည့် ငါးမြို့နယ်၌ အသက် ၆၀ နှစ်နှင့်အထက် ကြိုတင်ဆန္ဒမဲပေးခြင်းကို အိမ်တိုင်ရာရောက် လိုက်လံကောက်ယူ
-
ရွေးကောက်ပွဲသည် တရားမျှတမှု နည်းနိုင်ကြောင်း ပြောဆိုနေသည့် အယူအဆအား မှားသည်ဟု ပြော၍မရကြောင်း ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း ပြောကြား
-
ပြည်ခိုင်ဖြိုးပါတီ၏ မဲဆွယ်စည်းရုံးရေးကို နှောင့်ယှက်ခဲ့သည့် NLD ပါတီ ထောက်ခံသူများအား အမှုဖွင့်
-
တောင်ကုတ်နှင့် ရမ်းဗြဲမြို့သို့ သွားရောက်ခဲ့သည့် ANP ဗဟိုအောင်နိုင်ရေး မဲဆွယ်စည်းရုံးရေးအဖွဲ့ ဇက်ရေယာဉ် ကမ်းကပ်ခွင့် မရသဖြင့် ချောင်းရေကိုသာ သောက်သုံးရေအဖြစ် တင်ဆောင်လာခဲ့ရ