ဧပြီ ၂၇ ရက်တွင် ပေးအပ်ချီးမြှင့်မည့် အော်စကာဆုအတွက် အကြိုထုတ်ပြန်သည့် ဆန်ခါတင်စာရင်းထဲတွင် Sound of Metal ဇာတ်ကားက ဆုနေရာခြောက်ခုအတွက် လျာထားခံရကြောင်း သိရသည်။
ဒါရိုက်တာ Darius Marder ရိုက်ကူးထားသည့် Sound of Metal ဇာတ်ကားကို ၂၀၁၉ ခုနှစ် စက်တင်ဘာ ၆ ရက်တွင် တိုရွန်တို နိုင်ငံတကာရုပ်ရှင်ပွဲတော်တွင် ပွဲဦးထွက်ပြသခဲ့ပြီး ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၂၀ တွင် အမေရိကန်၏ Amazon Studios က စတင်ထုတ်လွှင့်ပြသခဲ့ခြင်းဖြစ်သည်။
ဒရမ်တီးသမား တစ်ဦးဖြစ်သည့် ရူဘင်သည် ၎င်း၏ချစ်သူ Lou နှင့်အတူ Blackgammon အမည်ရှိ တီဝိုင်းအဖွဲ့နာမည်ဖြင့် အမေရိကန်တစ်ဝန်းတွင် ဂီတတီးမှုတ်ဖျော်ဖြေမှုများ လုပ်ဆောင်နေသူဖြစ်သည်။ တစ်နေ့တွင် ရူဘင်၏ အကြားအာရုံ ရုတ်တရက် ဆုံးရှုံးသွားပြီးနောက်ပိုင်း ရူဘင်တွေ့ကြုံလာ ရသည့်အခက်အခဲများ၊ ထိုအခက်အခဲများကို အန်တုရင်း ဇွဲမလျော့ဘဲ ကြိုးစားသော ရူဘင်၏ဘဝဇာတ်ကြောင်းကို Sound of Metal ဇာတ်ကားတွင် စိတ်ဝင်စားဖွယ် ရိုက်ကူးပုံဖော်ထားခြင်း ဖြစ်သည်။
၂၀၂၁ ခုနှစ်အတွက် အော်စကာဆု ဆန်ခါတင်စာရင်းတွင် အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု ဆန်ခါတင်စာရင်း နေရာ၌ Sound of Metal ဇာတ်ကားမှ ဇာတ်ဆောင်မင်းသား ရဇ်အာမတ် ပါဝင်နေပြီး အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆု ဆန်ခါတင်စာရင်းတွင်လည်း Sound of Metal ဇာတ်ကားမှ ဇာတ်ပို့သရုပ်ဆောင် ပေါလ်ရာစီ ပါဝင်နေသည်။ ထို့ပြင် အကောင်းဆုံး အသံဆု၊ အကောင်းဆုံး ရုပ်ရှင်ဇာတ်ညွှန်းဆု၊ တစ်နှစ်တာ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆု၊ အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆု ဆန်ခါတင်စာရင်းတွင်လည်း Sound of Metal ဇာတ်ကား ပါဝင်နေရာစုစုပေါင်း အော်စကာ ဆုဆန်ခါတင်စာရင်း၏ ဆုနေရာ ခြောက်နေရာ၌ ဖော်ပြခံရခြင်းဖြစ်သည်။
Sound of Metal ဇာတ်ကားနှင့်ပတ်သက်၍ အကြားအာရုံချို့ယွင်းသူများထံမှ အကောင်းမြင် မှတ်ချက်အများအပြား ရရှိခဲ့ကြောင်း ယင်းဇာတ်ကားမှ သရုပ်ဆောင်ရာစီက ဆိုသည်။
“အကြားအာရုံ ချို့ယွင်းတဲ့သူတွေလည်း ကျွန်တော့်လို၊ သင့်လိုပဲ ပုံမှန်လူတစ်ဦးဖြစ်တယ်ဆိုတာကို ပြသထားတာပါ။ သူတို့မှာလည်း တူညီတဲ့ ကြိုးစားရုန်းကန်မှုတွေ ရှိတယ်” ဟု ရာစီက တွေ့ဆုံမေးမြန်းမှုအတွင်း ရာစီကပြောကြားခဲ့သည်။
မကြာသေးမီနှစ်များအတွင်း ဟောလိဝုဒ်ရုပ်ရှင်လောက၌ အမျိုးသမီးများ၊ လူမည်းများ၊ မသန်စွမ်းများကို ရုပ်ရှင်ဇာတ်ကားများနှင့်အခြားသောအနုပညာလုပ်ငန်းများတွင် ခေါ်ယူရိုက်ကူးမှု နည်းပါးခဲ့ခြင်းကြောင့် ထိုအဖြစ်ကို ပြောင်းလဲရန် အော်စကာဆု ပေးအပ်ချီးမြှင့်သည့် အဖွဲ့များက ကြိုးပမ်းခဲ့ကြသည်။
-
နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ပုံစံ ၁၅ ဖြင့် ကြိုတင်ဆန္ဒမဲပေး
-
မန္တလေးခရိုင်ရှိ ခုနစ်မြို့နယ်အနက် လူဦးရေ ထူထပ်သည့် ငါးမြို့နယ်၌ အသက် ၆၀ နှစ်နှင့်အထက် ကြိုတင်ဆန္ဒမဲပေးခြင်းကို အိမ်တိုင်ရာရောက် လိုက်လံကောက်ယူ
-
ရွေးကောက်ပွဲသည် တရားမျှတမှု နည်းနိုင်ကြောင်း ပြောဆိုနေသည့် အယူအဆအား မှားသည်ဟု ပြော၍မရကြောင်း ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း ပြောကြား
-
ပြည်ခိုင်ဖြိုးပါတီ၏ မဲဆွယ်စည်းရုံးရေးကို နှောင့်ယှက်ခဲ့သည့် NLD ပါတီ ထောက်ခံသူများအား အမှုဖွင့်
-
တောင်ကုတ်နှင့် ရမ်းဗြဲမြို့သို့ သွားရောက်ခဲ့သည့် ANP ဗဟိုအောင်နိုင်ရေး မဲဆွယ်စည်းရုံးရေးအဖွဲ့ ဇက်ရေယာဉ် ကမ်းကပ်ခွင့် မရသဖြင့် ချောင်းရေကိုသာ သောက်သုံးရေအဖြစ် တင်ဆောင်လာခဲ့ရ