Top News

ရခိုင်ပြည်နယ်ရှိ ဘိုးဘွားရိပ်သာတစ်ခုသို့ သရုပ်ဆောင်ခိုင်နှင်းေ၀ လှူဒါန်းမှုများပြုလုပ်
24htopnews | April 11, 2024 4:12 AM CST

ရခိုင်ပြည်နယ်ရှိ ဘိုးဘွားရိပ်သာတစ်ခုသို့ သရုပ်​ဆောင်ခိုင်နှင်း​ဝေ လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။ အဆိုပါလှူဒါန်းမှုကို ဧပြီ ၂၀ ရက်​က ဘိုးဘွားရိပ်သာရှိ ဘိုးဘွားတစ်ဦးလျှင် အလှူ​ငွေ ၅၀၀၀ ကျပ်စီနှင့် ​နေ့လယ်စာတို့ကို ​သရုပ်​ဆောင်ခိုင်နှင်း​ဝေ ကိုယ်တိုင်သွား​ရောက်လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

ယင်းလှူဒါန်းမှုနှင့်ပတ်သက်၍ သရုပ်​ဆောင်ခိုင်နှင်း​ဝေက သူ၏လူမှုကွန်ရက်စာ မျက်နှာတွင် “ရခိုင်ပြည်နယ်ဘက် ဘိုးဘွားရိပ်သာတစ်ခုမှ ဘိုးဘွား ၄၁ ဦးအတွက် တစ်ဦးလျှင် အလှူငွေ ငါးထောင်ကျပ်နှင့် နေ့လယ်စာ တစ်နပ်တို့အား ကျွေးမွေးကုသိုလ် ယူခဲ့ပါတယ်ရှင်...ကျွန်မနဲ့အတူ ခုနစ်ရက် သားသမီးများ အားလုံး သာဓုခေါ်ဆို ထပ်တူကုသိုလ်ယူနိုင်ကြပါစေရှင်” ဟု ​ရေးသားထားသည်။

သရုပ်​ဆောင်ခိုင်နှင်း​ဝေသည် ရခိုင်ပြည်နယ်သို့​ရောက်ရှိ​နေစဉ်အတွင်း ယင်းလှူဒါန်းမှုကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် သရုပ်​ဆောင် ခိုင်နှင်း​ဝေသည် အ​ခြေခံလူတန်းစား မိသားစုများအတွက် ဆန်များကိုလည်း ဧပြီ ၂၀ ရက်က လှူဒါန်းခဲ့သည်ဟု သိရသည်။

ထို့ပြင် သရုပ်​ဆောင် ခိုင်နှင်း​ဝေသည် ရန်ကုန်မြို့ရှိ အ​ခြေခံလူတန်းစားအိမ်​ထောင်စုများအတွက် လှူဒါန်းမှုများပြုလုပ်ခဲ့သည်ဟု သိရသည်။ ဧပြီ ၁၁ ရက်​တွင် တောင်ဒဂုံဘက်မှ အိမ်ခြေ ၃၀၀ အား တစ်အိမ်ထောင်လျှင် ဆန်ငါးပြည်စီကို လှူဒါန်းခဲ့သည်။ ထို့ပြင် ခိုင်နှင်း​ဝေ ရင်​သွေး​လေးများ​ဂေဟာရှိ ကလေးငယ်များအတွက် လာ​ရောက်လှူဒါန်းထားသည့် နို့ဘူးနှင့်အားဆေးတို့အား အခြား​သောကလေးငယ်များအတွက်  ပြန်လည်ခွဲဝေလှူဒါန်းမှုများကိုလည်း ပြုလုပ်ခဲ့သည်ဟု သိရသည်။ ယင်းအပြင် သင်္ကြန်အကျ​နေ့ဖြစ်သည့် ဧပြီ ၁၄ ရက်​ကလည်း အ​ခြေခံလူတန်းစားအိမ်​ထောင်စုများအတွက် ဆန်များလှူဒါန်းခဲ့သည်ဟု သိရသည်။ ယင်းလှူဒါန်းမှုများကို သရုပ်​ဆောင် ခိုင်နှင်း​ဝေနှင်း ​စေတနာရှင်များက ပူးပေါင်းလှူဒါန်းခဲ့ကြခြင်းဖြစ်​ကြောင်း သိရသည်။

ထို့ပြင် သရုပ်​ဆောင်ခိုင်နှင်း​ဝေသည် ခိုင်နှင်း​ဝေရင်​သွေး​လေးများ​ဂေဟာတွင် မိဘမဲ့က​လေးငယ်သုံးဦးကို ဧပြီလဆန်းပိုင်းက ထပ်မံ​ခေါ်ယူ​မွေးစားခဲ့သည်ဟု သိရသည်။


READ NEXT
Cancel OK