ထိုင်းနိုင်ငံသို့ ရောက်ရှိလျက်ရှိသည့် မြန်မာနိုင်ငံသားများစုပေါင်းကာ ဆန္ဒထုတ်ဖော်မှုအား ဖေဖော်ဝါရီ ၂၈ ရက်တွင်ပြုလုပ်ခဲ့ရာ ထိုင်းနိုင်ငံသို့ ရောက်ရှိလျက်ရှိသည့် သရုပ်ဆောင်ဒေါင်းလည်း ပါဝင်ခဲ့သည်။ ဖေဖော်ဝါရီ ၂၈ ရက်တွင်မြန်မာတစ်နိုင်ငံလုံး ၌ လူထုလှုပ်ရှားများလုပ်ဆောင်ခဲ့ပြီး အခြား သောနိုင်ငံအချို့ဖြစ်သည့် ထိုင်း၊ ဟောင် ကောင်၊ အိန္ဒိယစသည့်နိုင်ငံများတွင်လည်း လူထုလှုပ်ရှားမှုအချို့ လုပ်ဆောင်ခဲ့သည်။ ထိုင်းနိုင်ငံသို့ ရောက်ရှိလျက်ရှိသည့် သရုပ် ဆောင်ဒေါင်းသည် ထိုင်းနိုင်ငံရှိကုလသမဂ္ဂရုံး ရှေ့သို့ရက်အလိုက်သွားရောက်ကာ ဆန္ဒဖော် ထုတ်နေခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၂၈ ရက်တွင် လည်းဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။ သရုပ် ဆောင်ဒေါင်းသည် ဖေဖော်ဝါရီ ၁ ရက်မှစတင် ကာ မြန်မာနိုင်ငံအတွင်းဖြစ်ပျက်နေသည့် အခြေအနေများကိုလူမှုကွန်ရက်စာမျက်နှာ ထက်တွင်ဖော်ပြပေးလျက်ရှိကာ ကိုယ်တိုင် လည်းတတ်အားသရွေ့ ပါဝင်နေခြင်းဖြစ် သည်။
သရုပ်ဆောင်ဒေါင်းသည် နိုင်ငံ့အရေး လှုပ်ရှားမှုများတွင်တက်ကြွစွာ ပါဝင်လေ့ရှိ သူတစ်ဦးဖြစ်ပြီး ပရဟိတလုပ်ငန်းများလည်း လုပ်ဆောင်လေ့ရှိသူဖြစ်သည်။ သရုပ်ဆောင် ဒေါင်းသည် ပရိသတ်များနှင့်အတူ ကိုဗစ်ကပ် ရောဂါကာလအတွင်းတွင်လည်း အဓိဋ္ဌာန် ဝင်ခြင်း၊ လိုအပ်သည့်နေရာများ တွင်လှူဒါန်း ခြင်း၊ စာပေလေ့လာဆွေးနွေးခြင်း အစီအစဉ် များလုပ်ဆောင်လေ့ရှိသူဖြစ်သည်။ ထိုင်းမြန် မာပူးပေါင်းရိုက်ကူးလျက်ရှိသော ကျောက် ဖယားမှသည် ဧရာဝတီဆီသို့ဟု အမည်ပေး ထားသည့် ရုပ်သံဇာတ်လမ်းတွဲရိုက်ကူးရန် ထိုင်းနိုင်ငံသို့ ရောက်ရှိနေခြင်းဖြစ်သည်။ ထိုင်း သရုပ်ဆောင်များနှင့် တွဲဖက်ရိုက်ကူးခြင်း ဖြစ်ကာ ထိုင်းဒါရိုက်တာမှ ရိုက်ကူးခြင်းဖြစ် သည်။ သရုပ်ဆောင်ဒေါင်းသည် ပြည်တွင်းမှ အနု ပညာရှင်အချို့ကို CDM လှုပ်ရှားမှုတွင် ပါဝင်သည့်အတွက် အမှုဖွင့်ထားကြောင်း ကြေညာချက်ကိုလည်း ကန့်ကွက်ရှုံ့ချထား သည်။ သရုပ်ဆောင်ဒေါင်းသည် မန္တလေးမြို့ ရတနာပုံသင်္ဘောကျင်းအနီးဆန္ဒထုတ်ဖော်မှုတွင် သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရသဖြင့် ကျည် ဆန်ထိမှန်သေဆုံးခဲ့ရသူ ကိုသက်နိုင်ဝင်းနှင့် ကိုဝေယံထွန်းတို့အတွက် ငွေကျပ်ငါးသိန်း စီအားပေးပို့လှူဒါန်းခဲ့ကြောင်းသိရသည်။ သရုပ် ဆောင်ဒေါင်းသည် လတ်တလောတွင် ထိုင်း နိုင်ငံ၌ဆက်လက်နေထိုင်လျက်ရှိကာ လူထု လှုပ်ရှားမှုတွင်တတ်အားသရွေ့ပါဝင်ကူညီ နေခြင်းဖြစ်ပြီး ကိုယ်တိုင်လည်းဆန္ဒဖော်ထုတ် လျက်ရှိကာ ထိုင်းနိုင်ငံမှရုပ်သံလိုင်းနှင့်တွေ့ ဆုံရာတွင်ထည့်သွင်းဖြေဆိုခဲ့သည်။
-
နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ပုံစံ ၁၅ ဖြင့် ကြိုတင်ဆန္ဒမဲပေး
-
မန္တလေးခရိုင်ရှိ ခုနစ်မြို့နယ်အနက် လူဦးရေ ထူထပ်သည့် ငါးမြို့နယ်၌ အသက် ၆၀ နှစ်နှင့်အထက် ကြိုတင်ဆန္ဒမဲပေးခြင်းကို အိမ်တိုင်ရာရောက် လိုက်လံကောက်ယူ
-
ရွေးကောက်ပွဲသည် တရားမျှတမှု နည်းနိုင်ကြောင်း ပြောဆိုနေသည့် အယူအဆအား မှားသည်ဟု ပြော၍မရကြောင်း ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း ပြောကြား
-
ပြည်ခိုင်ဖြိုးပါတီ၏ မဲဆွယ်စည်းရုံးရေးကို နှောင့်ယှက်ခဲ့သည့် NLD ပါတီ ထောက်ခံသူများအား အမှုဖွင့်
-
တောင်ကုတ်နှင့် ရမ်းဗြဲမြို့သို့ သွားရောက်ခဲ့သည့် ANP ဗဟိုအောင်နိုင်ရေး မဲဆွယ်စည်းရုံးရေးအဖွဲ့ ဇက်ရေယာဉ် ကမ်းကပ်ခွင့် မရသဖြင့် ချောင်းရေကိုသာ သောက်သုံးရေအဖြစ် တင်ဆောင်လာခဲ့ရ