‘From Bangkok To Mandalay’ဇာတ်ကားနှင့် ‘လိပ်ပြာစံအိမ်’ ဇာတ်ကားများအား ယခုတစ်ပတ်အားလပ်ရက်တွင် ထိုင်းနိုင်ငံဘန်ကောက်မြို့၌ ပြသရန်စီစဉ်ထားကြောင်း ယင်းဇာတ်ကားများအား ရိုက်ကူးခဲ့သည့် ထိုင်းဒါရိုက်တာ Chart Chai က လူမှုကွန်ရက်စာမျက်နှာထက်တွင် အသိပေးထားသည်။ Thai Film Directors’ Association နှင့် Lido Connect တို့တင်ဆက်သည့် အစီအစဉ်ဖြစ်ကာ Myanmar Weekend ခေါင်းစဉ်ဖြင့်ပြသမည်ဖြစ်ပြီး ‘လိပ်ပြာစံအိမ်’ နှင့် ‘From Bangkok To Mandalay’ ဇာတ်ကားများ ပြသရန်စီစဉ်ထားခြင်းဖြစ်သည်။ ဇာတ်ကားများပြသပြီးနောက် ဆွေးနွေးမေးမြန်းမှု အစီအစဉ်များကိုပါထည့်သွင်းထားကြောင်း သိရသည်။
‘From Bangkok To Mandalay’ ဇာတ်ကားမှာ ထိုင်းဒါရိုက်တာ Chart Chai ရိုက်ကူးခြင်းဖြစ်ကာ ထိုင်းမြန်မာပူးပေါင်းရိုက်ကူးထားသည့်ဇာတ်ကားဖြစ်သည်။ သရုပ်ဆောင်အကယ်ဒမီနေအောင်၊ အကယ်ဒမီ နေတိုး၊ စိုင်းစိုင်းခမ်းလှိုင်၊ အကယ်ဒမီဝတ်မှုန်ရွှေရည်၊ ထိုင်းမင်းသမီး Namwhan Supinchompoo တို့အဓိကပါဝင်ထားသည်။ ယင်းဇာတ်ကားတွင် အဘွားဖြစ်သူထားခဲ့သည့် မြန်မာနိုင်ငံနှင့်ပတ်သက်သည့်စာများကို ကိုင်ဆောင်ကာ အဘွား၏အတိတ်အကြောင်းအရာများနှင့် ဆက်စပ်နေသည်များကို မြန်မာနိုင်ငံသို့လာရောက်ရှာဖွေခဲ့သည့် ထိုင်းမိန်းကလေးတစ်ဦးမှာ သူမသွားရောက်လိုသည့် မြန်မာနိုင်ငံအတွင်းရှိနေရာများကို လိုက်ပါပို့ဆောင်ပေးသူ မြန်မာကောင်လေးနှင့် ရင်းနှီးတွေ့ဆုံပြီးနောက်မည်သို့ဇာတ်လမ်း အလှည့်အပြောင်းများ ဖြစ်ပေါ်လာမည်ကို ပုံဖော်ထားသည့်ချစ်ခြင်းမေတ္တာဖွဲ့ ဇာတ်ကားတစ်ကားဖြစ်သည်။ မြန်မာနိုင်ငံ၏ လှပသည့်နေရာဒေသရှုခင်းများကိုလည်း ထည့်သွင်းပုံဖော်ထားသည့်ဇာတ်ကားတစ်ကားဖြစ်သည်။ ‘လိပ်ပြာစံအိမ်’ ဇာတ်ကားတွင်သရုပ်ဆောင်နိုင်းနိုင်း၊ ဒေါင်း၊ အကယ်ဒမီဝတ်မှုန်ရွှေရည်တို့အဓိကပါဝင်ထား သည်။ နယ်မြို့ရှိ အိမ်တစ်အိမ်သို့ပြောင်းရွှေ့လာသည့် မိသားစုဝင်သုံးဦးတွင်ကလေးငယ်လေးမှာ ပုံမှန်မဟုတ်သည့်အခြေအနေများ ဖြစ်လာသည်ကို မိခင်ဖြစ်သူမှရိပ်မိကာ ၀ိညာဉ်များ ခြောက်လှန့်မှုနှင့် ကြုံတွေ့ရပြီးနောက် မည်သို့ရင်ဆိုင်ဖြေရှင်းမည်ကို ပုံဖော်ထားသည့် ထိတ်လန့်ဖွယ်ဝိညာဉ်လောက နောက်ခံဇာတ်ကားကောင်းတစ်ကားအဖြစ် ဖန်တီးထားခြင်းဖြစ်သည်။
-
နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ပုံစံ ၁၅ ဖြင့် ကြိုတင်ဆန္ဒမဲပေး
-
မန္တလေးခရိုင်ရှိ ခုနစ်မြို့နယ်အနက် လူဦးရေ ထူထပ်သည့် ငါးမြို့နယ်၌ အသက် ၆၀ နှစ်နှင့်အထက် ကြိုတင်ဆန္ဒမဲပေးခြင်းကို အိမ်တိုင်ရာရောက် လိုက်လံကောက်ယူ
-
ရွေးကောက်ပွဲသည် တရားမျှတမှု နည်းနိုင်ကြောင်း ပြောဆိုနေသည့် အယူအဆအား မှားသည်ဟု ပြော၍မရကြောင်း ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း ပြောကြား
-
ပြည်ခိုင်ဖြိုးပါတီ၏ မဲဆွယ်စည်းရုံးရေးကို နှောင့်ယှက်ခဲ့သည့် NLD ပါတီ ထောက်ခံသူများအား အမှုဖွင့်
-
တောင်ကုတ်နှင့် ရမ်းဗြဲမြို့သို့ သွားရောက်ခဲ့သည့် ANP ဗဟိုအောင်နိုင်ရေး မဲဆွယ်စည်းရုံးရေးအဖွဲ့ ဇက်ရေယာဉ် ကမ်းကပ်ခွင့် မရသဖြင့် ချောင်းရေကိုသာ သောက်သုံးရေအဖြစ် တင်ဆောင်လာခဲ့ရ