ဖိလစ်ပိုင်မော်ဒယ်််လ် Sinon Loresca သည် မကြာမီရက်ပိုင်းအတွင်း ဖိလစ်ပိုင်နိုင်ငံသို့ပြန်တော့မည် ဖြစ်ကြောင်း မြန်မာပရိသတ်များထံ အသိပေးထားသည်။ မြန်မာနိုင်ငံသို့ အနုပညာလုပ်ငန်းများ လုပ်ကိုင်ရန် လာရောက်နေထိုင်လျက်ရှိကာ မြန်မာပရိသတ်များအတွက် ပရဟိတလုပ်ငန်းများစွာကို လုပ်ကိုင်ပေးလျက်ရှိသူ ဖိလစ်ပိုင်မော်ဒယ်လ် Sinon Loresca သည် မြန်မာပရိသတ်များကြားတွင် အားပေးချစ်ခင်မှုများစွာ ရရှိထားသူတစ်ဦးဖြစ်သည်။ ဖေဖော်ဝါရီ ၁ ရက်မှစ၍ တပ်မတော်မှ အာဏာရယူမှု ဖြစ်ပွားပြီး နိုင်ငံအနှံ့အပြားတွင် လူထုလှုပ်ရှားမှုများဖြစ်ပေါ်လာချိန်တွင် မြန်မာနိုင်ငံသားများအားလုံးအတွက် ဆုတောင်းမေတ္တာပို့သလျက်ရှိကြောင်း ရေးသားဖော်ပြခဲ့ကာ Sinon ၏မိခင်ဖြစ်သူမှ စိုးရိမ်သောက ဖြစ်လျက်ရှိခြင်းကြောင့် မကြာမီရက်ပိုင်းအတွင်း ဖိလစ်ပိုင်နိုင်ငံသို့ ပြန်တော့မည်ဖြစ်ကြောင်းကို ပရိသတ်များထံ အသိပေးထားခြင်းဖြစ်သည်။ မြန်မာပရိသတ်များက Sinon Loresca ဖိလစ်ပိုင်နိုင်ငံသို့ ပြန်သွားမည့်အတွက် ဝမ်းနည်းစကားများကို လူမှုကွန်ရက် စာမျက်နှာထက်တွင် ရေးသားဖော်ပြထားသည်။ ထူးခြားသည့် ဒေါက်ဖိနပ်များနှင့် တွဲဖက်ကာတွေ့မြင်ရလေ့ရှိသည့် ဖိလစ်ပိုင်မော်ဒယ်လ် Sinon သည် ပြုံးရွှင်သောမျက်နှာဖြင့် ပရိသတ်များအားပျော်ရွှင်စေသူ ဖြစ်ကာ ကြော်ငြာများနှင့် ရုပ်ရှင်ဇာတ်ကားအချို့တွင် မြန်မာအနုပညာရှင်များနှင့်တွဲဖက်၍ ပါဝင်ခဲ့သူဖြစ်သည်။
“ကျွန်တော်အိမ်ပြန်ရတဲ့ အဓိကအကြောင်းရင်းက ကျွန်တော့်အမေကြောင့်ပါ။ သူကျွန်တော့်အတွက် နေ့ရောညပါစိတ်ပူနေပါတယ်။ ညတွေဆိုအိပ်လို့မပျော်ပါဘူး။ ကျွန်တော်အဆင်ပြေမှပြေပါ့မလားဆိုပြီးပေါ့။ Goodbye လို့ မပြောရဘူးနော်။ ကျွန်တော်တို့ပြောရမှာက See You Again နောက်တစ်ခါ ပြန်တွေ့ကြမယ်” ဟု မော်ဒယ်လ် Sinon က ရေးသားဖော်ပြထားသည်။
မော်ဒယ်လ် Sinon သည် မြန်မာနိုင်ငံတွင် နေထိုင်လျက်ရှိသည့် ကာလအတွင်း ကလေးငယ်များအတွက် ကျောင်းသုံးပစ္စည်းများ လှူဒါန်းခြင်း၊ ကိုဗစ်ကာလအတွင်း အခြေခံမိသားစုများအတွက် အခြေခံစားသောက်ကုန်များ လှူဒါန်းခြင်း၊ ထမင်းဟင်းများ ကိုယ်တိုင်ချက် ပြုတ်၍ ဝေငှလှူဒါန်းခြင်းစသည့် ပရဟိတလုပ်ငန်းများလုပ်ဆောင်ခဲ့ကာ မြန်မာနိုင်ငံအတွင်းရှိ ထင်ရှားသောနေရာများသို့ လှည့်လည်ကာ လည်ပတ်ခဲ့သူတစ်ဦးလည်းဖြစ်သည်။
-
နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ပုံစံ ၁၅ ဖြင့် ကြိုတင်ဆန္ဒမဲပေး
-
မန္တလေးခရိုင်ရှိ ခုနစ်မြို့နယ်အနက် လူဦးရေ ထူထပ်သည့် ငါးမြို့နယ်၌ အသက် ၆၀ နှစ်နှင့်အထက် ကြိုတင်ဆန္ဒမဲပေးခြင်းကို အိမ်တိုင်ရာရောက် လိုက်လံကောက်ယူ
-
ရွေးကောက်ပွဲသည် တရားမျှတမှု နည်းနိုင်ကြောင်း ပြောဆိုနေသည့် အယူအဆအား မှားသည်ဟု ပြော၍မရကြောင်း ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း ပြောကြား
-
ပြည်ခိုင်ဖြိုးပါတီ၏ မဲဆွယ်စည်းရုံးရေးကို နှောင့်ယှက်ခဲ့သည့် NLD ပါတီ ထောက်ခံသူများအား အမှုဖွင့်
-
တောင်ကုတ်နှင့် ရမ်းဗြဲမြို့သို့ သွားရောက်ခဲ့သည့် ANP ဗဟိုအောင်နိုင်ရေး မဲဆွယ်စည်းရုံးရေးအဖွဲ့ ဇက်ရေယာဉ် ကမ်းကပ်ခွင့် မရသဖြင့် ချောင်းရေကိုသာ သောက်သုံးရေအဖြစ် တင်ဆောင်လာခဲ့ရ