နိုင်ငံတကာအလှမယ်စင်မြင့်ထက်တွင် မြန်မာကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့သည့် အလှမယ်များစုပေါင်းကာ UK သံရုံးရှေ့တွင် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။ အလှမယ်များမှာ မြန်မာ ထိုင်မသိမ်းဝတ်စုံများကို လှပစွာဝတ်ဆင်ကာ လိုလားချက်များကို တောင်းဆိုရေးသားထားသည့် စာတမ်းများကို ကိုင်ဆောင်၍ UK သံရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။ Miss Universe Myanmar အလှမယ်ထက် ထက်ထွန်း၊ နွေးနုနုနိုင်စသည့်အလှမယ်များ ဦးဆောင်ကာ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။ Save Myanmar ၊ Free Aung San Du Kyi စသည့်စာတမ်းများကို ရေးသားကိုင်ဆောင်ကာ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြပြီး လူထုလှုပ်ရှားမှုများတွင် ပါဝင်သူများကလည်း အားပေးဝန်းရံခဲ့ကြသည်။
မြန်မာကိုယ်စားပြုအလှမယ်များအနေဖြင့် အခြားသောအစုအဖွဲ့အသီးသီးဖြင့်လည်း ပူးပေါင်းပါဝင်ကာ လူထုလှုပ်ရှားမှုများတွင် ပါဝင်ဆန္ဒထုတ်ဖော်လျက်ရှိသည်။ ၂၀၂၀ ပြည့်နှစ်အတွက် Miss Universe Myanmar ကိုယ်စားပြုအလှမယ် သူဇာဝင့်လွင်ကလည်း ပါဝင်ဆန္ဒထုတ်ဖော်လျက်ရှိကာ လိုလားချက်များကို လူမှုကွန်ရက်စာမျက်နှာထက်တွင် မျှဝေလျက်ရှိပြီးအခြား နိုင်ငံတကာကိုယ်စားပြု အလှမယ်အချို့ကလည်း ကူညီမျှဝေပေးခြင်းများ လုပ်ဆောင်လျက်ရှိသည်။
နိုင်ငံကိုယ်စားပြုအလှမယ်များဦးဆောင်သော ဆန္ဒထုတ်ဖော်မှုကို ရက်အလိုက် ပြုလုပ်နေခြင်းဖြစ်ပြီး UK သံရုံးအပြင် လှည်းတန်း၊ ဆူးလေ၊ မြန်မာပလာဇာ၊ UN ရုံး စသည့်နေရာများတွင်လည်း လုပ်ဆောင်လျက် ရှိသည်။ နိုင်ငံကိုယ်စားပြုအလှမယ်များအပြင် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာပေစသည့် နယ်ပယ်အသီးသီးမှ အနုပညာရှင်များကလည်း လူထုလှုပ်ရှားမှုတွင် ပါဝင်ဆန္ဒထုတ်ဖော်လျက်ရှိကာ ပါဝင်သူများအတွက် အစားအစာနှင့် လိုအပ်သည်များ ဝေငှလှူဒါန်းပေးလျက်ရှိသည်။
-
နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ပုံစံ ၁၅ ဖြင့် ကြိုတင်ဆန္ဒမဲပေး
-
မန္တလေးခရိုင်ရှိ ခုနစ်မြို့နယ်အနက် လူဦးရေ ထူထပ်သည့် ငါးမြို့နယ်၌ အသက် ၆၀ နှစ်နှင့်အထက် ကြိုတင်ဆန္ဒမဲပေးခြင်းကို အိမ်တိုင်ရာရောက် လိုက်လံကောက်ယူ
-
ရွေးကောက်ပွဲသည် တရားမျှတမှု နည်းနိုင်ကြောင်း ပြောဆိုနေသည့် အယူအဆအား မှားသည်ဟု ပြော၍မရကြောင်း ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း ပြောကြား
-
ပြည်ခိုင်ဖြိုးပါတီ၏ မဲဆွယ်စည်းရုံးရေးကို နှောင့်ယှက်ခဲ့သည့် NLD ပါတီ ထောက်ခံသူများအား အမှုဖွင့်
-
တောင်ကုတ်နှင့် ရမ်းဗြဲမြို့သို့ သွားရောက်ခဲ့သည့် ANP ဗဟိုအောင်နိုင်ရေး မဲဆွယ်စည်းရုံးရေးအဖွဲ့ ဇက်ရေယာဉ် ကမ်းကပ်ခွင့် မရသဖြင့် ချောင်းရေကိုသာ သောက်သုံးရေအဖြစ် တင်ဆောင်လာခဲ့ရ