Top News

သရုပ်ဆောင်မော်ဒယ်လ်ပိုင်တံခွန်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရှေ့တွင် တရုတ်ရိုးရာဝတ်စုံများ ဝတ်ဆင်ပြီး အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒထုတ်ဖော်ခဲ့
24htopnews | April 11, 2024 4:12 AM CST

သရုပ်ဆောင်မော်ဒယ််လ်ပိုင်တံခွန်က တရုတ်သံရုံးရှေ့တွင် တရုတ်ရိုးရာဝတ်စားဆင်ယင်မှုများဝတ်ဆင်ကာ အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒထုတ်ဖော်ခဲ့သည်။ သရုပ်ဆောင်ပိုင်တံခွန်သည် တပ်မတော်မှ အာဏာသိမ်းမှုဖြစ်စဉ်ဖြစ်ပွားပြီးနောက် လူမှုကွန်ရက်စာမျက်နှာထက်တွင် ဆန့်ကျင်ကန့်ကွက်ကြောင်း များစွာရေးသားခဲ့ကာ လူထုလှုပ်ရှားမှုတွင် ကိုယ်တိုင်လည်းပါဝင်ခဲ့သူဖြစ်သည်။ တရုတ်နှစ်သစ်ကူးအချိန်အခါတွင် တရုတ်နိုင်ငံသံရုံးရှေ့၌ အာဏာသိမ်းမှုကိုဆန့်ကျင်ကြောင်း၊ ဖမ်းဆီးခံထားရသည့်နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်၊ ရွေးကောက်ခံထားရသောခေါင်းဆောင်များ ပြန်လည်လွှတ်ပေးရန်အပါအဝင် လိုလားချက်များကို ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။ ယခင်နှစ် တရုတ်နှစ်သစ်ကူးအချိန်များတွင် ပျော်ရွှင်ခဲ့ရသော်လည်း ယခုနှစ်တွင်မူ ဒီမိုကရေစီအတွက် ဆန္ဒထုတ်ဖော်နေရကြောင်းကိုလည်း လူမှုကွန်ရက်စာမျက်နှာထက်တွင် ဖော်ပြထားခြင်းဖြစ်သည်။ သရုပ်ဆောင်ပိုင်တံခွန်နှင့်အတူ အခြားသေားပါဝင်လှုပ်ရှားသူများကလည်း ထိုင်သပိတ်အဖြစ် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြသည်။

သရုပ်ဆောင်ပိုင်တံခွန်သည် ပြည်တွင်းတွင်သာမက တရုတ်၊ ထိုင်း၊ စင်ကာပူစသည့် အိမ်နီးချင်းနိုင်ငံများမှ ပရိသတ်များကြားတွင်ပါအားပေးမှုများစွာရရှိထားသည့် လူငယ်သရုပ်ဆောင်တစ်ဦးဖြစ်ပြီး သရုပ်ဆောင်ပိုင်တံခွန်၏ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သည့် လှုပ်ရှားမှုများကို နိုင်ငံတကာမှပရိသတ်များ အသုံးပြုသည့် Facebook၊Twitter၊Instagram စသည်တို့တွင်လည်း မျှဝေခဲ့ကာ အားပေးခဲ့ကြသည်။ သရုပ်ဆောင်ပိုင်တံခွန်အပြင် အခြားသော လူငယ်အနုပညာရှင်များစွာမှာလည်း မိမိတို့အစုအဖွဲ့လိုက်စုပေါင်းကာ ဆန္ဒထုတ်ဖော်မှုများတွင် တတ်အားသရွေ့ ပါဝင်နေကြခြင်းဖြစ်သည်။


READ NEXT
Cancel OK