2022 APAN Star ဆုပေးပွဲတွင် သရုပ်ဆောင်မင်းသားဆောင်းဂျွန်ကီက အထူးဆုရရှိမှုအပါအဝင် ရုပ်ရှင်ဇာတ်ကားပေါင်းများ စွာနှင့် အနုပညာရှင်ပေါင်းများစွာကိုဆုများ အသီးသီးချီးမြှင့်ခဲ့ကြသည်။
၂၀၂၁ ခုနှစ် မတ်လမှ ၂၀၂၂ ခုနှစ် ဇူလိုင်လကြား ထွက်ရှိလာသည့် ဒရာမာဇာတ်လမ်းတွဲပေါင်းများစွာကို ဂုဏ်ပြုဆုချီးမြှင့်ရန် အတွက် စက်တင်ဘာ ၂၉ ရက်က နှစ်စဉ်ပြုလုပ်နေကြ ရှစ်ကြိမ်မြောက် APAN Star ဆုပေးပွဲကြီးကို ကိုရီးယား နိုင်ငံတကာပြပွဲစင်တာ (KINTEX) တွင် ပြုလုပ်ကျင်းပခဲ့သည်။
တက်သစ်စ အနုပညာရှင်ဆုများကို ယွန်းချန်ယောင်း (Netflix’s All of Us Are Dead) ၊ တန်ဂျွန်ဆန်း (Netflix’s Move to Heaven, SBS’s Racket Boys) နှင့် ပက်ဂျီဟူ (Netflix’s All of Us Are Dead)တို့က ရရှိခဲ့သည်။
ပက်ခ်ဆိုဟမ်နှင့် DKZ ၏ ပက်ခ်ဂျေ ချန်းတို့က ၎င်းတို့၏ BL ဒရာမာဇာတ်လမ်းတွဲဖြစ်သည့် Semantic Error ဖြင့် အကောင်း ဆုံးစုံတွဲဆုကို ရရှိခဲ့သည်။
မဲပေးရွေးချယ်မှုတစ်ခုတည်းဖြင့် ဆုံးဖြတ်ခဲ့သည့် လူကြိုက်အများဆုံးဆုကို ပက်ခ်ဂျေချန်းနှင့် ပက်အွန်ဘင်းတို့က ရရှိခဲ့သည်။
ပက်အွန်ဘင်း၏ Extraordinary ဇာတ်လမ်းတွဲသည် အကောင်းဆုံးဇာတ်ညွှန်းဆရာဆုကို ရရှိခဲ့သည်။
MBC ၏ နာမည်ကျော် ဒရာမာဇာတ်လမ်းတွဲဖြစ်သည့် The Red Sleeve က တစ်နှစ်တာအကောင်းဆုံး ဒရာမာဇာတ်လမ်းတွဲ ဆုနှင့် မင်းသားလီဂျွန်ဟို၏ ယင်းဒရာမာ ဇာတ်လမ်းတွဲဖြင့် အကောင်းဆုံးဇာတ်ဆောင်ဆုအပါအဝင် ဆုသုံးဆုကို ရရှိခဲ့သည်။
ယင်းဆုပေးပွဲ၏ အထူးဆုကိုမူ ဆောင်းဂျွန်ကီက tvN၏ Vincenzo ဒရာမာဇာတ် လမ်းတွဲဖြင့် ရရှိခဲ့သည်။
ဆောင်းဂျွန်ကီက ဆုလက်ခံရယူသည့် မိန့်ခွန်း၌ “ပထမဆုံး APAN Star ဆုပေးပွဲ တုန်းက ကျွန်တော် ဒီခုံမှာထိုင်ပြီး ကျွန်တော့် စီနီယာတွေ ဆုယူတာကို ထိုင်ကြည့်နေခဲ့ပါတယ်။ ကျွန်တော် စိတ်လှုပ်ရှားလိမ့်မယ်လို့ မတွေးထားမိပေမဲ့လည်း ကျွန်တော် စိတ်လှုပ်ရှားမိပါတယ်။ ကျွန်တော် Vincenzo အပေါ် ယုံကြည်ချက်မရှိခဲ့ပါဘူး။ဒါပေမဲ့ ကျွန်တော့်အဖွဲ့သားတွေက ကျွန်တော့်အပေါ် မျှော်လင့်ထားကြတဲ့အတွက် ကျွန်တော် Vincenzo ဖြစ်လာနိုင်ခဲ့တာဖြစ်ပါတယ်”ဟု ဆိုသည်။
ယင်းဆုပေးပွဲတွင် K-pop Label ဆုကို KONNECT Entertainment က လက်ခံရရှိ ခဲ့သည်ဟု သိရသည်။
-
နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ပုံစံ ၁၅ ဖြင့် ကြိုတင်ဆန္ဒမဲပေး
-
မန္တလေးခရိုင်ရှိ ခုနစ်မြို့နယ်အနက် လူဦးရေ ထူထပ်သည့် ငါးမြို့နယ်၌ အသက် ၆၀ နှစ်နှင့်အထက် ကြိုတင်ဆန္ဒမဲပေးခြင်းကို အိမ်တိုင်ရာရောက် လိုက်လံကောက်ယူ
-
ရွေးကောက်ပွဲသည် တရားမျှတမှု နည်းနိုင်ကြောင်း ပြောဆိုနေသည့် အယူအဆအား မှားသည်ဟု ပြော၍မရကြောင်း ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း ပြောကြား
-
ပြည်ခိုင်ဖြိုးပါတီ၏ မဲဆွယ်စည်းရုံးရေးကို နှောင့်ယှက်ခဲ့သည့် NLD ပါတီ ထောက်ခံသူများအား အမှုဖွင့်
-
တောင်ကုတ်နှင့် ရမ်းဗြဲမြို့သို့ သွားရောက်ခဲ့သည့် ANP ဗဟိုအောင်နိုင်ရေး မဲဆွယ်စည်းရုံးရေးအဖွဲ့ ဇက်ရေယာဉ် ကမ်းကပ်ခွင့် မရသဖြင့် ချောင်းရေကိုသာ သောက်သုံးရေအဖြစ် တင်ဆောင်လာခဲ့ရ