လာမည့်အော်စကာဆုပေးပွဲတွင် ယှဉ် ပြိုင်ရန် ရုရှားနိုင်ငံက မည်သည့်ရုပ်ရှင်ကားကိုမှ ပါဝင်အဆိုပြုမည်မဟုတ်ဟု ကြေညာထားသည်။ ယူကရိန်းကို ကျူးကျော်ထားသည့် လုပ်ရပ်ကြောင့် ရုရှားနှင့်အနောက်အုပ်စုတို့အကြား ယိုယွင်းပျက်စီးနေသည့်ဆက်ဆံရေးသည် အနုပညာနှင့်ယဉ်ကျေးမှုကဏ္ဍကိုပါ ထိခိုက်လာစေသည်။
သို့သော်ရုရှားနိုင်ငံက အော်စကာပွဲကို သပိတ်မှောက်ရန် ဆုံးဖြတ်လိုက်မှုသည် ရုရှား အော်စကာအဆိုပြုရေးကော်မရှင်အကြီးအကဲ၏ သဘောတူညီချက်မပါပေ။ ထို့ကြောင့် ကော်မရှင်ဥက္ကဌကိုယ်တိုင်လည်း နုတ်ထွက်ထားသည်။
နိုင်ငံပိုင်သတင်းဌာန TASS က ထုတ်ပြန်သည့် ကော်မရှင်ဥက္ကဌ ပါဗယ်ချူကရိုင်၏ ကြေညာချက်စာတွင် ရုရှားရုပ်ရှင်အကယ်ဒမီအဖွဲ့က သူ့ကိုမတိုင်ပင်ဘဲ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု ဆိုထားပြီး တရားမဝင်သည့်ဆုံးဖြတ်ချက်ဟု ရှုတ်ချထားသည်။
သူ့အပြင် ရုရှားအော်စကာအဆိုပြုရေး ကော်မရှင်အဖွဲ့မှ နောက်ထပ်ဒါရိုက်တာတစ်ဦးလည်း နုတ်ထွက်ဆန္ဒပြထားသည်။ အော်စကာဆုပေးပွဲမှ အဓိကဆုတစ်ဆုဖြစ်သည့် အကောင်းဆုံးနိုင်ငံခြားဘာသာစကားပြော ဇာတ်ကားဆုအတွက် ပါဝင်ယှဉ်ပြိုင်ရန် ၎င်းကော်မရှင်က ဆုံးဖြတ်အဆိုပြုပေးသည့်အဖွဲ့ဖြစ်သည်။
ရုရှားသည် ဆိုဗီယက်အာဏာရှင် ဟောင်း ဂျိုးဆက်ဖ်စတာလင်လက်ထက် ထိတ်လန့်ဖွယ်ဘဝအတွေ့အကြုံများကို ရိုက် ပြထားသည့် Burnt by the sun ဇာတ်ကားဖြင့် ၁၉၉၅ ခုနှစ်တွင် အကောင်းဆုံးနိုင်ငံခြားဘာသာစကားပြောဇာတ်ကားဆုရခဲ့သည်။ လာမည့်အော်စကာပွဲကို ၂၀၂၃ ခုနှစ်၊ မတ် ၁၂ ရက်ညပိုင်းတွင် ကျင်းပသွားမည်။
-
နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ပုံစံ ၁၅ ဖြင့် ကြိုတင်ဆန္ဒမဲပေး
-
မန္တလေးခရိုင်ရှိ ခုနစ်မြို့နယ်အနက် လူဦးရေ ထူထပ်သည့် ငါးမြို့နယ်၌ အသက် ၆၀ နှစ်နှင့်အထက် ကြိုတင်ဆန္ဒမဲပေးခြင်းကို အိမ်တိုင်ရာရောက် လိုက်လံကောက်ယူ
-
ရွေးကောက်ပွဲသည် တရားမျှတမှု နည်းနိုင်ကြောင်း ပြောဆိုနေသည့် အယူအဆအား မှားသည်ဟု ပြော၍မရကြောင်း ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း ပြောကြား
-
ပြည်ခိုင်ဖြိုးပါတီ၏ မဲဆွယ်စည်းရုံးရေးကို နှောင့်ယှက်ခဲ့သည့် NLD ပါတီ ထောက်ခံသူများအား အမှုဖွင့်
-
တောင်ကုတ်နှင့် ရမ်းဗြဲမြို့သို့ သွားရောက်ခဲ့သည့် ANP ဗဟိုအောင်နိုင်ရေး မဲဆွယ်စည်းရုံးရေးအဖွဲ့ ဇက်ရေယာဉ် ကမ်းကပ်ခွင့် မရသဖြင့် ချောင်းရေကိုသာ သောက်သုံးရေအဖြစ် တင်ဆောင်လာခဲ့ရ