ရီးယဲလ်အသင်းကွင်းလယ်လူ မိုဒရစ် တစ်နှစ်သက်တမ်းတိုးရန် မူအားဖြင့် သဘောတူညီမှုရ
24htopnews | December 18, 2024 6:13 AM CST
ရီးယဲလ်မက်ဒရစ်အသင်း ၀ါရင့်ကွင်းလယ်လူ မိုဒရစ်သည် ၂၀၂၂ ခုနှစ်အထိ ဆက်ရှိနေမည့် တစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် မူအားဖြင့် သဘောတူညီမှုရထားပြီဖြစ်ကြောင်း သိရသည်။
မိုဒရစ် (၃၅ နှစ်) ၏ စာချုပ်မှာ ယခုရာသီကုန်တွင် ကုန်ဆုံးတော့မည်ဖြစ်ပြီး စာချုပ်သစ်ချုပ်ဆိုရန် သဘောတူညီမှုမရပါက နွေရာသီတွင် အလွတ်ထွက်ခွာရန်အတွက် ဇန်နဝါရီမှာပင် လွတ်လပ်စွာ ဆွေးနွေးခွင့်ရမည် ဖြစ်သည်။
စပါးအသင်းနည်းပြ မော်ရင်ဟိုက မိုဒရစ်အား အသင်းဟောင်းသို့ ပြန်လည် ခေါ်ယူရန် စိတ်ဝင်စားနေသော်လည်း ၂၀၂၂ ခုနှစ်အထိ သက်တမ်းတိုးရန် မူအားဖြင့် သဘောတူညီမှုရထားပြီဖြစ်ကြောင်း Marca သတင်းစာက မနေ့က ဖော်ပြခဲ့သည်။
READ NEXT
-
ဒါဘီနိုင်ပွဲမှာ အလှည့်အပြောင်းဖြစ်ပြီး ယုံကြည်မှုမြှင့်တင်နိုင်ရန် မျှော်လင့်ကြောင်း အာတီတာ ပြောကြား
-
မန်ယူအသင်းအတွက် ပရီးမီးယားလိဂ်ဂိုး ၅၀ ပြည့်သူများအနက် တတိယအသက်အငယ်ဆုံးအဖြစ် ရပ်ရှ်ဖို့ဒ် မှတ်တမ်းဝင်
-
ရီးယဲလ်အသင်းကွင်းလယ်လူ မိုဒရစ် တစ်နှစ်သက်တမ်းတိုးရန် မူအားဖြင့် သဘောတူညီမှုရ
-
၂၀၂၀ ပြည့်နှစ်အတွင်း ရလဒ်အကောင်းဆုံး စီးရီးအေကလပ်အဖြစ် အေစီမီလန်အသင်း ရပ်တည်
-
တီမိုဗာနာနှင့် လန်ဒန်မြို့မှ လေလွင့်ခဲ့သော ငွေကြေးများ