Top News

■ ပရီးမီးယားလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
24htopnews | December 3, 2024 10:12 PM CST

အဲဗာတန် နှင့် ဝုလ်ဗ်

အဲဗာတန်က မန်ယူနိုက်တက်နဲ့ ကစားခဲ့တဲ့ပွဲမှာ အစောပိုင်း ကစားပုံမဆိုးပေမယ့်  တိုက်စစ်ပိုင်းတော့ တော်တော်လေး အားနည်းတာကို တွေ့ရတယ်။ ခံစစ်ကများသောအားဖြင့် မဆိုးဘူးဆိုပေမယ့် ဘရန့်ဝိတ်ရဲ့အမှားတွေနဲ့ ဂိုးတွေပေးခဲ့ရတယ်။ ဝုလ်ဗ်ကလည်း နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ အိမ်ကွင်းမှာပဲ ဂိုး ပြတ်ရှုံးခဲ့တယ်။ နှစ်သင်းစလုံးက အားရစရာမဟုတ်ပေမယ့် ဝုလ်ဗ်ကတော့ မဆိုးဘူးပြောနိုင်တယ်။ ဝုလ်ဗ်ကို ကြိုက်တယ်။ 

မန်စီးတီး နှင့် နော်တင်ဟမ်

နော်တင်ဟမ်ဖောရက်စ်က နောက်ပိုင်းပွဲတွေမှာ မန်စီးတီးကို ဒုက္ခပေးခဲ့တဲ့ အသင်းတွေရဲ့ ကစားဟန်အတိုင်းကို ပိုမာကျောအောင် ကစားနိုင်တဲ့အသင်းပါ။ နောက်ပိုင်းပွဲတွေမှာ ပွဲတွေကျပ်လာလို့ ရလဒ်ကျဆင်းလာပေမယ့် ဖောရက်စ်ရဲ့ ခံစစ်က မာကျောပြီး တိုက်စစ်ကလည်း မာကျောမှုနဲ့အမြန်နှုန်းကို ပေါင်းစပ်ကစားနိုင်တဲ့ အသင်းမျိုး ဖြစ်နေတယ်။ မန်စီးတီးရဲ့ အိမ်ကွင်းဆိုပေမယ့် သတိထားကစားရမယ့် အသင်းမျိုးလည်း ဖြစ်တယ်။ အထူးသဖြင့် နော်တင်ဟမ်က ခံစစ်ကို အာရုံစိုက်ကစားရင်တော်တော်လေး ကောင်းပြီး မူရယ်လို ဦးဆောင်တဲ့ ခံစစ်က မာကျောပါတယ်။ အာဆင်နယ်နဲ့ ပွဲတုန်းကတော့  အာဆင်နယ်ရဲ့တောင်ပံတိုက်စစ်ကြောင့် ပြိုခဲ့တာ တွေ့ရတယ်။ ဒီပွဲက မန်စီးတီး နိုင်ဖို့ ရှိပေမယ့် ဂိုးပြတ်ဖို့ စဉ်းစားရမယ်။ 

နယူးကာဆယ် နှင့် လီဗာပူးလ်

နယူးကာဆယ်က တိုးတက်မှုတွေ ပြသလာခဲ့ပေမယ့် အားနည်းချက်တွေလည်း ရှိနေဆဲပါ။ ဒါပေမဲ့ ခြေစွမ်းပိုင်းက တကယ်တိုးတက်လာတယ်။ ကွင်းလယ်က ဂွီမာရေ့စ်၊ တို နယ်လီနဲ့ ဝီလပ်ခ်တို့ ပဲလေ့စ်နဲ့ပွဲမှာ ကစားပုံကောင်းခဲ့သလို၊ တိုက်စစ်ပိုင်းမှာ တက်ကစားနေတဲ့ ဂျိုဝယ်လင်တန်ကလည်း ကွင်းလယ်ကိုပါ ဆင်းကူနိုင်ပါတယ်။ နယူးကာဆယ်ကွင်းလယ်က မာကျောပြီး အလုပ်ကောင်းကောင်းလုပ်နိုင်တယ်။ တိုက်စစ်က အရည်အသွေးမြင့်ပါတယ်။ ပဲလေ့စ်ကိုနိုင်ခဲ့သင့်ပေမယ့် အဓိက ပြဿနာက အခွင့်အရေးတွေ အသုံးမချနိုင် ခဲ့ခြင်းဖြစ်ပြီး ပွဲပြီးခါနီးမှာ ပေးလိုက်ရတဲ့ ချေပဂိုးမှာလည်း ခံစစ်ပိုင်းက အားနည်းပါတယ်။ လီဗာပူးလ်နဲ့ပွဲမှာ လီဗာပူးလ်ရဲ့ အားကောင်းတဲ့ တောင်ပံတွေကို လီဗရာမန်တို၊ လူးဝစ်ဟောတို့လို လူငယ်ကစားသမားတွေ ထိန်းချုပ်နိုင်ဖို့က စိန်ခေါ်မှု ဖြစ်သလို၊ ဒန်ဘန်းနဲ့ ဖေဘီယန်ရှားတို့ရဲ့ Pace ကလည်း လီဗာပူးလ်တိုက်စစ်အရှိန်ကို ထိန်းချုပ်တဲ့အပိုင်းမှာ ပြဿနာရှိနိုင်ပါတယ်။ မနှစ်က ထိပ်တိုက်တွေ့ဆုံမှုတွေမှာ ပွဲကောင်းခဲ့ ပြီး ဂိုးတွေများခဲ့သလို၊ ဒီပွဲလည်း အကြိတ်အနယ်ရှိနိုင်ပါတယ်။ ဒါပေမဲ့ လီဗာပူးလ်ပဲ ကြိုက်တယ်။ 

ဆောက်သမ်တန် နှင့် ချယ်လ်ဆီး

ဆောက်သမ်တန်က ရလဒ်တွေ ဆိုးပေမယ့် ပွဲတိုင်းကို အကြိတ်အနယ်ကစားနေတယ်။ အသင်းက တိုက်စစ်ကို အားပြုကစားတတ်ပြီး ခံစစ်ပိုင်းကတော့ အားနည်းတယ်။ ချယ်လ်ဆီးက ကစားပုံကောင်းသလို၊ ဂိုးတွေလည်း မြူးနေတယ်။ အသင်းမှာ ရှိတဲ့ ကစားသမားအင်အားက တော်တော်လေးအားကောင်းလို့ ပွဲအတော်များများကို ပိုမိုလန်းဆန်းတဲ့ အနေအထားနဲ့ ကစားရတာက အားသာချက်ဖြစ်ပြီး ဒီပွဲလည်း နိုင်မယ်။ 

အာဆင်နယ် နှင့် မန်ယူ

မန်ယူနိုက်တက်အသင်းနည်းပြ ရူဘင်အာမိုရင်မ် အတွက်တော့ အင်္ဂလန်မြေကို ရောက်ပြီး သိပ်မကြာခင်မှာ အရမ်းကြီးမားတဲ့ စိန်ခေါ်မှုနဲ့ ရင်ဆိုင်ရတော့မှာပါ။ အာမိုရင်မ်အတွက် အခြေကျပြီးသား၊ စုဖွဲ့မှုအားကောင်းပြီးသား ဖြစ်နေတဲ့  အာဆင်နယ်လို အသင်းမျိုးကို ဒီအချိန်မှာ ရင်ဆိုင်ရတာ မလွယ်ကူပါဘူး။ အဲဗာတန်နဲ့ ပွဲရလဒ်ကို မသိရသေးခင်အနေ အထားအထိတော့ အစ်ဝစ်ချ်နဲ့ ဘိုဒယ်ဂလင့်တို့ကို ကစားခဲ့တဲ့ ခြေစွမ်းတွေအရဆိုရင် အားကောင်းလာတဲ့ အခြေအနေရော၊ တိုးတက်လာနိုင်သေးတဲ့ အခြေအနေရော၊ အားနည်းနေသေးတဲ့ အချက်တွေကိုပါ မြင်နေရဆဲပါ။ အာဆင်နယ်က နော်တင်ဟမ်ဖောရက်စ်၊ စပို့တင်းလစ္စဘွန်းတို့ကို ၂ ပွဲမှာ ၈ ဂိုးသွင်းခဲ့ ပြီးနောက်၊ နောက်ဆုံးကစားခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ပွဲမှာလည် အဝေးကွင်းမှာ ၅ ဂိုးသွင်းနိုင်ခဲ့ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ၃ ပွဲမှာ သွင်းဂိုး ၁၃ဂိုးအထိရှိခဲ့ပြီး တိုက်စစ်ပိုင်းက ယုံကြည်မှုအ မြင့်မားဆုံး အခြေအနေဖြစ်နေတယ်။ အော်ဒီဂွါ၊ ဆာကာတို့ အားအကောင်းဆုံး အခြေအနေလည်းဖြစ်နေတယ်။ အခုအချိန်မှာ အာဆင်နယ်က အစစအရာရာ သာနေပါတယ်။ မန်ယူနိုက်တက်အတွက် အလွန်ဆုံး သရေပါပဲ။ 

အက်စတွန်ဗီလာ နှင့် ဘရန့်ဖို့ဒ်

ဘရန့်ဖို့ဒ်အသင်းက နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ လက်စတာစီးတီးအသင်းကို ဂိုးပြတ်သွင်းခဲ့ပြီးအက်စတွန်ဗီလာ ကတော့ ချယ်လ် ဆီးအသင်းရဲ့ကွင်းမှာ ရှုံးပွဲတွေ့ခဲ့တယ်။ အက်စတွန်ဗီလာကို ကြည့်ရတာ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်အကြားမှာ စိတ်ပိုင်း၊ ရုပ်ပိုင်း ပင်ပန်းနေသလိုဖြစ်နေပြီး ကစားပုံကလည်း လေးနေတယ်။ ပရီးမီးယားလိဂ်မှာလည်း ရလဒ်တွေကျ ဆင်းနေတယ်။ အိမ်ကွင်းဆိုပေမယ့် သရေကျသွားနိုင်တယ်။


READ NEXT
Cancel OK