Top News

ဘွန်ဒစ်လီဂါရဲ့ ဥရောပပါ၀ါအတွက်
24htopnews | December 4, 2024 3:12 PM CST

ဂျာမန်ဘွန်ဒစ်လီဂါကလပ်အသင်းတွေဟာ ယူရိုပါလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ချန်ပီယံဆုကို (၆) ကြိမ်ရယူခဲ့ဖူးပြီး လာလီဂါ၊ ပရီးမီးယားလိဂ်နဲ့ စီးရီးအေပြိုင်ပွဲတွေနောက် စတုတ္ထအအောင်မြင်ဆုံးလိဂ်အဖြစ် ရပ်တည်နေပါတယ်။ ဒါပေမဲ့ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဘွန်ဒစ်လီဂါကလပ်အသင်းတွေ နောက်ဆုံးဗိုလ်စွဲ နိုင်ခဲ့တာက ၁၉၉၆-၉၇ ရာသီဖြစ်ပြီး ရှော်လ်ကေးအသင်းက အင်တာမီလန်အသင်းကို အနိုင်ယူဗိုလ်စွဲခဲ့တာပါ။ အဲဒီရာသီ နောက်ပိုင်း ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဘွန်ဒစ်လီဂါအသင်းတွေရဲ့ အမြင့်ဆုံးအောင်မြင်မှုက ၂၀၀၁-၀၂ ရာသီမှာဒေါ့မွန်နဲ့ ၂၀၀၈-၀၉ ရာသီမှာ ၀ါဒါဘရီမင်တို့ ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့တာပါပဲ။ ဒါဟာ ဘွန်ဒစ်လီဂါပရိသတ်တွေအတွက် စိတ်ပျက်စရာအခြေအနေလည်း ဖြစ်ပါလိမ့်မယ်။ ဒီလိုစိတ်ပျက်စရာ ချန်ပီယံဆုဝေး ကွာခြင်းအခြေအနေဆိုးကနေ ဂျာမန်ဘွန်ဒစ်လီဂါကလပ် အသင်းတွေ ဒီရာသီမှာ ရုန်းထွက်ပြနိုင်မလားဆိုတာက စိတ်ဝင်စားစရာပါပဲ။


READ NEXT
Cancel OK