အခုလိုမျိုး နွေဦးကာလနေ့ရက်တွေက ရိုး မားနည်းပြ မော်ရင်ဟိုရဲ့ အတိတ်သမိုင်းမှာ အမှတ်ရစရာအောင်ပွဲများစွာကို ဖြစ်တည်စေခဲ့ပါတယ်။ မေလဆိုတာက ဥရောပရဲ့ ဘောလုံးရာသီ အဆုံးသတ်ချိန်ဖြစ်တာကြောင့် အောင်မြင်မှုများစွာ ရယူခဲ့ဖူးတဲ့ မော်ရင်ဟိုအတွက် ရွှေအိုရောင်အတိတ်စာမျက်နှာတွေအဖြစ် ထင်ကျန်စေခဲ့တာပါ။ ချယ်လ်ဆီးအသင်းကို ပရီးမီးယားလိဂ်ခေတ်ရဲ့ ပထမဆုံးချန်ပီယံဆု ရယူပေးခဲ့တာ အခုလိုနွေဦးမှာ၊ အင်တာမီလန်အသင်းကို အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ဖလား(၃)လုံးအောင်ပွဲ ရယူပေးခဲ့တာ အခုလိုနွေဦးမှာ၊ ရီးယဲလ်အသင်းကို လာလီဂါမှာ အမှတ်(၁၀၀)ရယူနိုင်တဲ့ ပထမဆုံးအ သင်းဖြစ်စေခဲ့တာ အခုလိုနွေဦးမှာပါပဲ။ ဥရောပနိုင်ငံအများစုရဲ့ နွေရာသီက မတ်လရဲ့ နောက်ဆုံး တနင်္ဂနွေမှာ စတင်ပြီး အောက်တိုဘာလရဲ့ နောက်ဆုံးတနင်္ဂနွေမှာ အဆုံးသတ်ပါတယ်။ ဒါကြောင့် မော်ရင်ဟိုအနေနဲ့ လှပတဲ့ နွေဦးနေ့ရက်ပေါင်းများစွာ ပိုင်ဆိုင်ခဲ့ဖူးသလို၊ ဒီနှစ် နွေဦးမှာလည်း မျှော်လင့်ချက်အသစ်တွေ ဝေဆာလာခဲ့ပြန်ပါတယ်။ ဥရောပရဲ့ ပြိုင်ပွဲအသစ်ဖြစ်တဲ့ ကွန်းဖရန့်လိဂ်မှာ ရိုးမားအသင်းကို ဆီမီးဖိုင်နယ် ပို့ဆောင်ပေးထားပြီး အောင်ပွဲနဲ့ လက်တစ်ကမ်းအကွာကို ရောက်ရှိနေတာကြောင့်ပါ။ နောက်ထပ် နှစ်ပွဲကစားရုံနဲ့ အဖြေထွက်တော့မယ့် ပြိုင်ပွဲမှာ မော်ရင်ဟို အောင်ပွဲအသစ် ရယူသွားနိုင်မလား။ လက်တွေ့စွမ်းဆောင်နိုင်ခဲ့ရင်တော့ သူ့အတွက် ပဥ္စမမြောက် ဥရောပအောင်ပွဲ ဖြစ်လာမှာပါ။
ခြေရာဟောင်းများ
မော်ရင်ဟိုက ဥရောပအောင်ပွဲနဲ့အတူ ဘောလုံးလောကမှာ စတင်ကျော်ကြားလာခဲ့သူလည်း ဖြစ်ပါတယ်။ ပေါ်တိုအသင်းကို ချန်ပီယံလိဂ်ဖလား ရယူပေးနိုင်ခဲ့တာကြောင့် ထိပ်သီးလိဂ်တွေက ထိပ်သီးကလပ်တွေကို ဆွဲဆောင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ မော်ရင်ဟိုက ပေါ်တိုအသင်းကို ၂၀၀၂-၀၃ ရာသီမှာ UEFA Cup (ယခု ယူရိုပါလိဂ်) ရယူပေးခဲ့ပြီး ၂၀၀၃-၀၄ ရာသီမှာ ချန်ပီယံလိဂ်ဖလား ရယူပေးခဲ့တာပါ။ ပေါ်တိုလိုအသင်းနဲ့ ဥရောပအောင်ပွဲတွေ ဆက်တိုက်ရယူနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်ကလပ်အသင်းတွေဖြစ်တဲ့ လီဗာပူးလ်နဲ့ ချယ်လ်ဆီးတို့က စိတ်ဝင်စားခဲ့ကြပြီး ချယ်လ်ဆီးအသင်းကို ရောက်ရှိခဲ့တာပါ။ ချယ်လ်ဆီးအသင်းကို ပရီးမီးယားလိဂ်ရဲ့ အင်အားကြီးအသင်းဖြစ်အောင် ပုံဖော်ပေးနိုင်ခဲ့ပေမဲ့ ဥရောပအောင်ပွဲတော့ ရယူပေးနိုင်ခြင်းမရှိခဲ့ပါဘူး။ နောက်ထပ်ဥရောပအောင်ပွဲနှစ်ခုကို အင်တာမီလန်နဲ့ မန်ယူအသင်းတွေမှာ ရယူပေးခဲ့တာပါ။ ဒီရက်ပိုင်းထဲမှာ လာလီဂါချန်ပီယံဆုကို ရီးယဲလ်အသင်း (၃၅) ကြိမ်မြောက်အဖြစ် ရယူနိုင်ခဲ့ပါတယ်။ ဒီတော့ အသင်းရဲ့ ပဲ့ကိုင်ရှင် နည်းပြ အန်ဆယ်လော့တီက ဥရောပထိပ်တန်းလိဂ်(၅)ခုစလုံးမှာ အမှတ်ပေးချန်ပီယံဆု ရယူနိုင်ခဲ့တဲ့ ပထမဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ အဲဒီသတင်း ထွက်လာချိန်မှာ မော်ရင်ဟိုရဲ့ ပရိသတ်တစ်ဦးက မော်ရင်ဟိုသာ ဘွန်ဒစ်လီဂါနဲ့ ပြင်သစ်လီဂူးမှာ နည်းပြအဖြစ် ဆောင်ရွက်ခဲ့မယ်ဆိုရင် လိဂ်(၆)ခုမှာ အမှတ်ပေး ချန်ပီယံဆု ရယူနိုင်သူဖြစ်လိမ့်မယ်လို့ ဆိုခဲ့ပါတယ်။ မော်ရင်ဟိုက ပေါ်တိုအသင်းနဲ့အတူ ပေါ်တူဂီလိဂ်မှာ အမှတ်ပေးချန်ပီယံဆုရခဲ့သလို၊ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ချယ်လ်ဆီးနဲ့၊ စီးရီးအေချန်ပီယံဆုကို အင်တာမီလန်နဲ့၊ လာလီဂါချန်ပီယံဆုကို ရီးယဲလ်အသင်းနဲ့ ရယူနိုင်သူဖြစ်တာကြောင့်ပါ။ ဒါပေမဲ့ ချယ်လ်ဆီးအသင်းကို အတောင့်တင်းအမာကျောဆုံးဖြစ်အောင် တည်ဆောက်ပေးနိုင်ခဲ့ချိန်နဲ့ ရီးယဲလ်အသင်းကို ဦးဆောင်ခွင့်ရခဲ့ချိန်တွေမှာ ချန်ပီယံလိဂ်ဖလား ရယူနိုင်ခြင်းမရှိခဲ့တာကတော့ သူ့အတွက် နစ်နာမှုလို့ ဆိုနိုင်ပါတယ်။ တကယ်ဆို မော်ရင်ဟိုရဲ့ ဥရောပအောင်ပွဲမှတ်တမ်းက အခု ထက်ထည်ဝါနေသင့်တာပါ။ အထူးသဖြင့် ရီးယဲလ်လို ချန်ပီယံလိဂ်အစဉ်အလာကြီးမားတဲ့အသင်းမှာ ကြယ်ပွင့်ကစားသမားများစွာနဲ့အတူ ချန်ပီယံလိဂ်ဖလားရယူနိုင်ဖို့ ကြိုးစားခွင့်ရခဲ့ပေမဲ့ မအောင်မြင်ခဲ့တဲ့ အတိတ်က လက်ခံဖို့ခက်မှာလည်း အမှန်ပါပဲ။ ၂၀၀၉-၁၀ ရာသီမှာ အင်တာမီလန်အသင်းနဲ့ ချန်ပီယံလိဂ်ဖလားရရှိပြီးတဲ့နောက် ဝေးကွာနေခဲ့တဲ့ ဥရောပအောင်ပွဲကို မန်ယူအသင်းမှာမှ ပြန်ယူနိုုင်ခဲ့ပါတယ်။ ၂၀၁၆-၁၇ ရာသီမှာ မန်ယူအသင်းနဲ့ ယူရိုပါလိဂ်ဖလားရယူနိုင်ခဲ့တာဖြစ်ပြီး ဒါဟာ သူ့ အတွက်ရော မန်ယူအသင်းအတွက်ပါ နောက်ဆုံး ဆုဖလားလည်း ဖြစ်ခဲ့ပါတယ်။ မန်ယူအသင်းက နောက်ထပ်လက်တွဲခဲ့တဲ့ နည်းပြသစ်တွေလက်ထဲ ဆုဖလားအောင်ပွဲ ရယူနိုင်ခြင်းမရှိသေးသလို၊ မော်ရင်ဟိုကလည်း စပါးအသင်းမှာ ဆုဖလားနဲ့ လွဲခဲ့ရပါတယ်။ အခု ရိုးမားအသင်းကို ရောက်ရှိချိန်မှာ ဆုဖလားမျှော်လင့်ချက် ပြန်လည်ရှင်သန်လာခဲ့တာ ဖြစ်ပြီး မထင်မှတ်တဲ့ အခွင့်အရေးတစ်ရပ်လို့လည်း ဆိုနိုင်ပါတယ်။
အေဘရာဟမ်
မော်ရင်ဟိုက နိုင်ပွဲစံချိန်တွေ။ ရမှတ်စံချိန်တွေ ပိုင်ဆိုင်ဖူးတဲ့ နည်းပြတစ်ဦးဖြစ်ပေမဲ့ ခံစစ်အားသန်နည်းပြအဖြစ် ပိုထင်ရှားပါတယ်။ ပြိုင်ဘက်ကို ဂိုးမပေးရဖို့၊ မရှုံးနိမ့်ဖို့ကို ဦးစားပေးသူအ ဖြစ်လည်း သတ်မှတ်ခံရပါတယ်။ ဒါပေမဲ့ မော်ရင်ဟိုက ပရီးမီးယားလိဂ်မှာ နိုင်ပွဲ(၅၀)အမြန်ဆုံးပြည့် မြောက်သူအဖြစ် စံချိန်တင်ခဲ့ဖူးသူဖြစ်သလို၊ စီးရီအေနဲ့ လာလီဂါမှာလည်း အဲဒီလိုစွမ်းဆောင်နိုင်ခဲ့ သူဖြစ်ပါတယ်။ ခံစစ်နည်းပြအဖြစ် တံဆိပ်ကပ်ကြပေမဲ့ နာမည်ကျော်တိုက်စစ်မှူးများစွာနဲ့ လက်တွဲခွင့်ရခဲ့သူ၊ သူ့လက်ထက်မှာ ပိုကောင်းတဲ့ တိုက်စစ် မှူးတွေဖြစ်အောင် ထုဆစ်ပုံဖော်ပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ပေါ်တိုအသင်းနဲ့ အောင်မြင်မှုတွေ စတင်ရယူချိန်ကတည်းက မက္ကာသီဆိုတဲ့ တိုက်စစ်မှူးရဲ့ အစွမ်းအစကို အသုံးချနိုင်ခဲ့တဲ့ မော်ရင်ဟိုက ချယ်လ်ဆီးမှာ ဒရော့ဘာ၊ အင်တာမီလန်မှာ မီလီတိုတို့နဲ့ အောင်ပွဲတွေ ဆက်ပြီးရှာဖွေနိုင်ခဲ့ပါတယ်။ ရီးယဲလ်မှာလည်း ကမ္ဘာကျော်တိုက်စစ်မှူး စီရော်နယ်လ်ဒိုနဲ့ လက်တွဲခဲ့ပြီး ပရီးမီးယားလိဂ်ကို တစ်ကျော့ပြန်ခြေချချိန်မှာလည်း အမျိုးမျိုးသော ထိပ်တန်းတိုက်စစ်မှူးတွေနဲ့ လက်တွဲခွင့်ရခဲ့တာပါပဲ။
-
ဒေါ်လာတစ်သန်းတန် ဘောလုံးစွမ်းရည်ယှဉ်ပြိုင်မှုတွင် ပရိသတ်တစ်ဦးကို စီရော်နယ်လ်ဒို ရှုံးနိမ့်
-
FA ဖလား တတိယအဆင့်တွင် သားဖြစ်သူ တိုင်လာ၏အသင်းနှင့်တွေ့ဆုံခြင်းမှာ အိပ်မက်များ အမှန်တကယ်ဖြစ်လာခြင်းဟု အက်ရှ်လေယန်း ဖွင့်ဟ
-
ဆာလာ၏အနာဂတ်နှင့်မေးမြန်းမှုများကို မန်စီးတီးအသင်း၏ စွဲချက် (၁၁၅) ချက်ကို အကြောင်းပြကာ လီဗာပူးလ်နည်းပြ အာနယ်ဆလော့ နောက်ပြောင်
-
၎င်း၏အမည်ကို သီဆိုအားပေးခြင်းထက် ကစားသမားများနှင့် ကလပ်အသင်းကို သီချင်းလုပ်ဆိုအားပေးရန် မန်ယူပရိသတ်များကို နည်းပြ အာမိုရင်မ် တိုက်တွန်း
-
ဒီဘရိုင်နားနှင့် ဆက်ဆံရေးအဆင်မပြေဖြစ်နေသည်ဟု ပြောဆိုမှုများမှာ မဟုတ်မှန်ကြောင်း မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာ တုံ့ပြန်