အလုပ်သမား စေလွှတ်လချုပ်နှင့် အလုပ်သမားမိသားစုလွှဲပို့ငွေ လချုပ်စာရင်းများ ပေး ပို့ခြင်းမရှိသည့် ပြည်ပအလုပ်အကိုင်အေ ဂျင်စီများ ဒဏ်ကြေးနှင့် Demand letter အသစ် တင်ပြခွင့် ဆိုင်းငံ့ခံရမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်သည်။
အလုပ်သမား စေလွှတ်လချုပ်စာရင်း များကို အလုပ်သမား စေလွှတ်နိုင်ခြင်း ရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ လကုန်ပြီး ၁ ရက် အတွင်း ပုံမှန်ပေးပို့ရမည်ဖြစ်ကြောင်း၊ မိသားစု လွှဲပို့ငွေစာရင်းများ လချုပ်ပေးပို့ရာတွင်လည်း မိသားစုလွှဲပို့ငွေအထောက်အထား ရရှိသည် ဖြစ်စေ၊ မရရှိသည်ဖြစ်စေ လကုန်ပြီး ၅ ရက် အတွင်း ပုံမှန်ပေးပို့ရမည်ဖြစ်ကြောင်း၊ ယင်း သို့ သတ်မှတ်ရက်အတွင်း ပေးပို့ခြင်းမရှိပါက ဒဏ်ကြေးနှင့် Demand letter အသစ် တင်ပြ ခွင့် ဆိုင်းငံ့ခံရမည်ဖြစ်ကြောင်း အလုပ်သမား ဝန်ကြီးဌာနက ထုတ်ပြန်သည်။
အောက်တိုဘာလအတွင်း မိသားစုလွှဲ ပို့ငွေ တင်ပြနိုင်ခြင်းမရှိသည့် ပြည်ပအလုပ် အကိုင်အေဂျင်စီ စုစုပေါင်း ၂၉၂ ခုရှိပြီး စေ လွှတ်ခဲ့သည့် အလုပ်သမားအရေအတွက် စုစုပေါင်း ၅၅၆၆၃ ဦးရှိကြောင်း သိရသည်။
အဆိုပါ ပြည်ပအလုပ်အကိုင်အေဂျင်စီ များအနေဖြင့် တင်ပြနိုင်ခြင်းမရှိပါက ဒဏ် ကြေးပေးဆောင်ရမည်ဖြစ်ပြီး Demand letter အသစ် တင်ပြခွင့် ဆိုင်းငံ့ခြင်းခံရမည် ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်သည်။
ပြည်ပသို့ အလုပ်သွားရောက်လုပ်ကိုင် လျက်ရှိသည့် အလုပ်သမားများအနေဖြင့် လစာငွေ၏ ၂၅ ရာခိုင်နှုန်းကို ပြည်တွင်းရှိ မိသားစုထံ တရားဝင်ငွေလွှဲလမ်းကြောင်းများ မှတစ်ဆင့် ပေးပို့ရမည်ဖြစ်ကြောင်း အလုပ် သမားဝန်ကြီးဌာနက ညွှန်ကြားထားသည်။
မြန်မာနိုင်ငံတွင် အလုပ်သမားဝန်ကြီး ဌာနက တရားဝင်ခွင့်ပြုထားသည့် ပြည်ပအ လုပ်အကိုင်အေဂျင်စီများမှာ ယခုနှစ်ဖေဖော် ၀ါရီအထိ စာရင်းများအရ ၅၄၇ ခုရှိပြီး ယင်း တို့အနက် အချို့သည် လိုင်စင်ယာယီပိတ် သိမ်းခံထားရသည့် ပြည်ပအလုပ်အကိုင် အေဂျင်စီများလည်း ရှိသည်။
ယခင်နှစ် ဧပြီမှ ယခုနှစ် ဖေဖော်ဝါရီလ ကုန်အထိ တရားဝင်လိုင်စင်ရ ပြည်ပအလုပ် အကိုင်အေဂျင်စီ ၄၄၀ မှ ပြည်ပနိုင်ငံများသို့ အလုပ်သမား ၁၆၇၉၂၆ ဦး ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု အလုပ်သမားဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
လိုင်စင်ရ ပြည်ပအလုပ်အကိုင်အေ ဂျင်စီ အရေအတွက်သည် ၂၀၂၁ ခုနှစ်မတိုင် မီက ၃၀၀ ကျော်သာရှိခဲ့သော်လည်း သုံးနှစ် ကျော်ကာလအတွင်း လိုင်စင်ရကုမ္ပဏီအရေ အတွက် ၅၀၀ ကျော် ရှိလာခဲ့ကြောင်း သိရ သည်။
အလုပ်သမားများ သွားရောက်ခဲ့သည့် နိုင်ငံများမှာ ဂျပန်၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ ကူဝိတ်၊ ကာတာ၊ ယူအေအီး၊ ကိုရီးယား၊ တူရ ကီ အစရှိသည့်နိုင်ငံများသို့ စေလွှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန် ထားသည့် အချက်အလက်များအရ ယခင်နှစ် ရှစ်လတာကာလအတွင်း တစ်လလျှင် ပျမ်းမျှ တစ်သောင်းခွဲခန့်သာ ရှိခဲ့သော်လည်း ယခု နှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလတို့တွင် တစ် သောင်းကိုးထောင်ခန့် သွားရောက်လုပ်ကိုင် လျက်ရှိသည်ကို တွေ့ရသည်။