Top News

ဂွါဒီယိုလာအား ရာထူးမှထုတ်ပယ်ရန် မန်စီးတီးပရိသတ်အချို့ အလိုရှိ
24htopnews | November 28, 2024 7:12 PM CST

မန်စီးတီးပရိသတ်အချို့သည် ပြိုင်ပွဲစုံ (၆) ပွဲဆက် နိုင်ပွဲပျောက်ဆုံးပြီးနောက်  အသင်းနည်းပြ ဂွါဒီယိုလာအား ရာထူးမှထုတ်ပယ်ရန် လူမှုကွန်ရက်တွင် ရေးသားခဲ့ကြကြောင်း သိရသည်။

ဂွါဒီယိုလာသည် မန်စီးတီးအသင်းကို ၂၀၁၆ တွင် စတင်ကိုင်တွယ်ခဲ့ပြီး ပရီးမီးယားလိဂ် (၆)ကြိမ်အပါအဝင် ဆုဖလား (၁၈)လုံးအထိရယူပေးထားသည်။

သို့သော် မန်စီးတီးအသင်းသည် လတ်တလောတွင် ရလဒ်များဆိုးရွားနေပြီး နောက်ဆုံးကစားခဲ့သည့်ပွဲတွင် ဖီယင်နုအား (၃-၀)ဂိုးဖြင့် ဦးဆောင်ပြီးမှ ပွဲအပြီးတွင် (၃-၃)ဂိုးဖြင့် သရေကျခဲ့သည်။

ထို့ကြောင့် မန်စီးတီးပရိသတ်အချို့က အတိတ်အောင်မြင်မှုများအတွက် ကျေးဇူးတင်သော်လည်း လက်ရှိအချိန်မှာ ဂွါဒီယိုလာနှင့်လမ်းခွဲရမည့်အချိန်ဖြစ်ကြောင်း လူမှုကွန်ရက်တွင် ရေးသားခဲ့ကြသည်။ 

မန်စီးတီးအသင်းသည် ဂွါဒီယိုလာကို ပြီးခဲ့သည့်ရက်ပိုင်းတွင်မ ၂၀၂၇ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားကြောင်း သိရသည်။


READ NEXT
Cancel OK