Top News

လူငယ်များအတွက် အတုယူစရာကစားသမားမဟုတ်သော်လည်း နေမာကို ဘာပေထက် ပိုကြိုက်ကြောင်း ဒဲလ်ဘော့စကေး ပြောကြား
24htopnews | November 28, 2024 8:12 PM CST

ရီးယဲလ်မက်ဒရစ်နှင့် စပိန်လက်ရွေးစင်အသင်းနည်းပြဟောင်း ဒဲလ်ဘော့စကေးက နေမာမှာ လူငယ်ကစားသမားများအတွက် အတုယူစရာကောင်းသည့် ကစားသမားမဟုတ်သော်လည်း မိမိအနေဖြင့် နေမာကို ဘာပေထက် ပိုကြိုက်ကြောင်း  ပြောကြားခဲ့သည်။

ရီးယဲလ်မက်ဒရစ်နှင့် စပိန်လက်ရွေးစင်အသင်းနည်းပြဟောင်း ဒဲလ်ဘော့စကေးက နေမာမှာ လူငယ်ကစားသမားများအတွက် အတုယူစရာကောင်းသည့် ကစားသမားမဟုတ်သော်လည်း မိမိအနေဖြင့် နေမာကို ဘာပေထက် ပိုကြိုက်ကြောင်း  ပြောကြားခဲ့သည်။

နေမာသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် PSG အသင်းမှထွက်ခွာရန် ကြိုးစားခဲ့သဖြင့် အသင်းနှင့် ပြဿနာများဖြစ်ခဲ့ပြီး ရာသီအစပြိုင်ပွဲစုံ ပွဲစဉ်(၅)ပွဲကို လွဲချော်ခဲ့သည်။ ထို့ပြင် နေမာ၏ ကွင်းအတွင်း အပြုအမူများနှင့် ကွင်းပြင်ပနေထိုင်မှုများမှာလည်း မေးခွန်းထုတ်စရာ ဖြစ်ခဲ့သည်။ 

ထို့ကြောင့် နေမာမှာ လူငယ်များအတွက် စံပြကစားသမားမဟုတ်ဟု မီဒီယာများကဖော်ပြခဲ့ကြပြီး ဒဲလ်ဘော့စကေးကလည်း နေမာမှာ မလုပ်သင့်သည်များကို ပြုလုပ်ခဲ့သော်လည်း ၄င်း၏ဘောလုံးစွမ်းရည်မှာ အလွန်ကောင်းကြောင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဒဲလ်ဘော့စကေးက '' နေမာနဲ့ ဘာပေတို့ထဲက ဘယ်သူ့ကို ရွေးမလဲလို့ မေးလာမယ်ဆိုရင်တော့ ကျွန်တော်ကတော့ အခုအချိန်အထိနေမာကိုပဲ ပိုကြိုက်ပါတယ်။ သူ့အနေနဲ့ မလုပ်သင့်တာတွေ လုပ်ခဲ့တာတွေရှိပါတယ်။ သူက လူငယ်ကစားသမားတွေအတွက်တော့ အတုယူစရာကောင်းတဲ့ ကစားသမားတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ နေမာဟာ ဘောလုံးစွမ်းရည်အလွန်ကောင်းမွန်တဲ့ကစားသမားဖြစ်ပါတယ်။ ဘာပေကလည်း စီရော်နယ်လ်ဒို၊ မက်ဆီတို့ရဲ့အရိုက်အရာကို ဆက်ခံနိုင်တဲ့ စွမ်းရည်ရှိသူပါ။ ဒါပေမဲ့ အဲဒီလိုလုပ်နိုင်ဖို့အတွက် ဘာပေအနေနဲ့ လိုအပ်မှုတွေရှိသေးတယ်လို့ ကျွန်တော်ထင်ပါတယ်။ ပြောရရင်တော့ ဘာပေဟာ ရီးယဲလ်မက်ဒရစ်တောင်ပံကစားသမား ဗင်နီစီယပ်စ်နဲ့တောင် နည်းနည်းတူတယ်လို့ ဆိုနိုင်ပါတယ်'' ဟုပြောကြားခဲ့သည်။

ထို့ပြင် ဒဲလ်ဘော့စကေးက ၂၀၁၉ FIFA The Best ဆုကို မက်ဆီရရှိခဲ့သည့်အတွက် ဝမ်းသာကြောင်းနှင့် မက်ဆီမှာ မိမိအတွက် ထာဝရအကောင်းဆုံးကစားသမားဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

 


READ NEXT
Cancel OK