ကိုဗစ်-၁၉ ကပ်ရောဂါနှင့် မြန်မာနိုင်ငံတွင်ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးအခြေအနေများကြောင့် ဘဏ်များတွင် ရရန်ပိုင်ခွင့်တန်ဖိုးနှင့် ချေးငွေဆုံးရှုံးနိုင်ခြေ အခြေအနေ၊ ငွေကြေးလွယ်ကူမှုနှင့် ဘဏ္ဍာငွေ ပံ့ပိုး နိုင်မှုအခြေအနေ၊ အမြတ်ရရှိနိုင်မှု အခြေအနေနှင့် စီးပွားရေးလုပ်ငန်းများ ရေရှည်အောင်မြင်စွာ ရပ်တည် နိုင်မှုအခြေအနေတို့မှာ ဘဏ်လုပ်ငန်းစနစ်တွင် စိန်ခေါ်မှုများ ဖြစ်ပေါ်ခဲ့သည်။
လက်ရှိအခြေအနေများကြောင့် ဘဏ်များတွင် အပ်ငွေများ ကျဆင်းခဲ့သည်။ အဆိုပါအခြေအနေများကို ကုစားနိုင်ရန် ဗဟိုဘဏ်က ငွေသားထုတ်ယူသည့်ပမာဏများ ကန့်သတ်ခဲ့သည်။
ဘဏ်များမှ ငွေသားထုတ်ယူရန် ကန့်သတ်ခံရပြီးနောက်ပိုင်း ပြည်သူအများစုအနေဖြင့် ရာခိုင်နှုန်း ပေးပြီး မိမိပိုက်ဆံ မိမိပြန်ထုတ်ရသည့်အခြေအနေနှင့် ရင်ဆိုင်ခဲ့ ရသည်။
ဘဏ်မှ ငွေထုတ်ရန် အခက်အခဲနှင့် ATM များတွင် ငွေထုတ်မရတော့ခြင်း၏ အကျိုးဆက်က ရာခိုင်နှုန်းဖြင့် ငွေထုတ်ပေးသည့် စျေးကွက် တစ်ခုကို ဖြစ်ပေါ်စေရန် တွန်းပို့ခဲ့သည်။
၂၀၂၂ ခုနှစ် ဧပြီလဆန်းပိုင်း အတွင်း၌မူ ပုဂ္ဂလိကဘဏ်အချို့၌ တိုကင်ယူရန် မလိုဘဲ တစ်ပတ်လျှင် ကျပ်ငါးသိန်း၊ တစ်လအတွင်း အများဆုံး ကျပ်သိန်း ၂၀ အထိ ငွေသား ထုတ်ပေးမှုများ စတင်ပြီဖြစ်ကြောင်း အဆိုပါဘဏ်များက ဧပြီလဆန်းပိုင်းက ထုတ်ပြန်ခဲ့သည်။
ဧပြီ ၄ ရက်မှစတင်၍ ရိုးမဘဏ်ခွဲများ တွင် မိမိအကောင့်မှငွေ သားထုတ်ယူရာတွင် ဖုန်းဆက်တို ကင်ယူရန်မလိုဘဲ တစ်ပတ်လျှင် ကျပ်ငါးသိန်းအထိ ငွေသားထုတ်ယူ နိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
Account Transfer ပြုလုပ်ပြီး ငွေထုတ်ယူလိုုပါက ယခင်သတ်မှတ်ချက်အတိုင်း တစ်လစောင့်ဆိုင်းပြီးမှ သာ ထုတ်ယူနိုင်မည်ဖြစ်ကြောင်း၊ Flexi Account မှ အကန့်အသတ်မရှိ ငွေသွင်းငွေထုတ်ပြုလုပ်နိုင်ကြောင်းလည်း ထုတ်ပြန်ထားသည်။
အလားတူ CB ဘဏ်ကလည်း တိုကင် မလိုဘဲ ငွေသားထုတ်နိုင်မည့် ဘဏ်ခွဲများ အပတ်စဉ်ဆက်လက် တိုးချဲ့နေကြောင်း၊ CB BankCustomer များအနေဖြင့် Individual Old Account များမှ ငွေသားထုတ် ယူနိုင်ရန်အတွက် တိုကင်ကြိုတင်ရ ယူရန် မလိုအပ်ဘဲ ငွေသားထုတ်ယူနိုင်မည့် ဘဏ်များကို အပတ်စဉ်တိုး ချဲ့ဖွင့်လှစ်နေသဖြင့် Individual Account ဖွင့်လှစ်ထားသူများအနေဖြင့် တိုကင်ကြိုတင်ယူရန် မလိုဘဲ သတ်မှတ်ပမာဏအတိုင်း ငွေသား ထုတ်ယူနိုင်မည်ဟု ထုတ်ပြန်ခဲ့သည်။
ထို့ပြင် UAB ဘဏ်ခွဲများ အားလုံးတွင် ငွေထုတ်ယူမှုပမာဏကို တိုးမြှင့်လိုက်ပြီ ဖြစ်ကြောင်း၊ တစ်ဦးချင်း အကောင့် (Individual Old Account) ဖွင့်ထားသည့် Customer များအနေဖြင့် မိမိဖွင့်ထားသော ဘဏ်ခွဲ၌ တစ်ပတ်အတွင်း ကျပ်ငါးသိန်း၊ တစ်လအတွင်း အများဆုံး ကျပ်သိန်း ၂၀ အထိ တိုကင် ယူရန်မလိုဘဲ ငွေသားထုတ်ယူနိုင်ပြီ ဖြစ်ကြောင်း ဧပြီ ၅ ရက်က အသိပေး ကြေညာခဲ့သည်။
၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်မှစ၍ ဘဏ်မှ ငွေသားထုတ်ယူရာတွင် စက်မှုဇုန်စက်ရုံများ၏ လုပ်ခလစာ အတွက် ကန့်သတ်ချက်မရှိ ထုတ်ပေးခြင်းအပြင် ကုန်ကြမ်းဝယ်ယူခြင်း နှင့် အစိုးရဘတ်ဂျက်ဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများအတွက် တစ်ပတ်လျှင် ကျပ် သိန်း ၁၀၀၀ အထိ ထုတ်ပေးရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်စွဲဖြင့် ညွှန်ကြားချက်ထုတ်ပြန် လိုက်သည်။
လက်ရှိတွင် ဘဏ်များ၏ ငွေသား စီမံခန့်ခွဲမှုအခြေအနေ ကောင်းမွန်လာသည့်အပေါ် ဗဟိုဘဏ်က ဖြေလျှော့ပေးနိုင်သည့် ကိစ္စရပ်များအပေါ် စိစစ်ပြီး အများ ပြည်သူ ငွေသား ထုတ်ယူခြင်း ဆောင်ရွက်ရာတွင် အဆင်ပြေစေရန် ရည်ညွှန်း (၁) နှင့် ရည်ညွှန်း (၃) ပါ ကန့်သတ်ချက်ထက် ကျော်လွန်ခွင့်ပြု သည့်ကိစ္စရပ်များအပြင် အောက်ပါ ကိစ္စရပ်များအတွက် ယခင်သတ်မှတ်ပမာဏ ကျပ်သိန်း ၂၀ နှင့်ကျပ် သိန်း ၂၀၀ သတ်မှတ်ချက်ကို ကျော်လွန်၍ အောက်ပါသတ်မှတ်ချက် ပမာဏများအတိုင်း တိုးမြှင့်ထုတ် ယူခွင့်ပြုရန် ညွှန်ကြားခြင်းဖြစ်သည်။
ယင်းကဲ့သို့ တိုးမြှင့်ထုတ်ယူ ခွင့်ပြုရာတွင် အစိုးရဌာနများ၏ သင်တန်းကျောင်း စရိတ်များ၊ ဆုချီးမြှင့်ငွေများ၊ ဝတ်စုံကြေးများ၊ နိုင်ငံ ဝန်ထမ ်းကောင်းတံဆိပ်ချီးမြှင့်ငွေများ၊ ဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်ငွေများ၊ ဝန်ထမ်းဆုချီးမြှင့်ငွေများနှင့် ဘာသာရေးဆိုင်ရာအခမ်းအနား များ အတွက် ငွေသားထုတ်ယူခြင်း ကို တစ်ပတ်လျှင် အများဆုံးကျပ်သိန်း ၁၀၀၀ ထုတ်ယူခွင့်ပြုရန် ဖော်ပြထားသည်။
အစိုးရဌာနအသီးသီး၏ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာအ သုံးစရိတ်များအတွက် ငွေသား ထုတ်ယူမှုကို တစ်ပတ်လျှင် အများဆုံး ကျပ်သိန်း ၁၀၀၀ အထိ ထုတ်ပေးရန် ဖော်ပြထားသည်။
ပြည်နယ်၊တိုင်းဒေသကြီး အစိုးရများ၏ အသုံးစရိတ်များ၊ ဘတ်ဂျက်ငွေဖြင့် ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုး ရေးစီမံကိန်းများ၊ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းများ၊ ထောက်ပံ့ကြေးများ (ဥပမာ-လူမှုဖူလုံရေးဆိုင်ရာ ထောက်ပံ့မှုများ၊ လူထုဗဟိုစီမံကိန်း ထောက်ပံ့မှုများ)နှင့် လျော်ကြေးကိစ္စများအတွက် ငွေသားထုတ်ယူခြင်းကို တစ်ပတ်လျှင် အများဆုံး ကျပ်သိန်း ၁၀၀၀ အထိ ထုတ်ယူခွင့်ပြုရန် ဖော်ပြထားသည်။
စက်မှုဇုန်စက်ရုံများ၏ လုပ်ခလစာကိစ္စရပ်များအတွက် ကန့်သတ်ချက်မရှိ ထုတ်ပေးခြင်းအပြင် ကုန်ကြမ်းဝယ်ယူခြင်းအတွက် ငွေသားထုတ်ယူမှုကို မိမိတို့၏ငွေကြေး လွယ်ကူမှုအပေါ် မူတည်၍ တစ်ပတ် လျှင် အများဆုံး ကျပ်သိန်း ၁၀၀၀ ထုတ်ယူခွင့်ပြုရန် ဖော်ပြထားသည်။
ကျန်းမာရေးနှင့် ဘာသာရေး ဆိုင်ရာ ကိစ္စရပ်များအတွက် အထောက်အထားများ ပြည့်စုံခိုင်လုံပါက လူပုဂ္ဂိုလ်တစ်ဦးချင်း၏ ဘဏ်စာရင်းအသီးသီးမှ ငွေသားထုတ်ယူခြင်းကို တစ်ပတ်လျှင် အများဆုံး ကျပ်သိန်း ၁၀၀ အထိ ထုတ်ယူခွင့်ပြုရန် ဖော်ပြထားသည်။
အဆိုပါညွှန်ကြားချက်သည် ထုတ်ပြန်သည့်နေ့မှစ၍ အကျိုးသက်ရောက်စေရမည်ဟု ဖော်ပြထားသည်။
ဘဏ်စာရင်းအကောင့် အဟောင်းတွင် အပ်နှံထားသူများသာ ငွေထုတ်ရခက်ခဲခြင်းဖြစ်ပြီး ငွေစာ ရင်းအကောင့်အသစ်ဖွင့်လှစ်ပါက အပ်နှံထားသည့် ပမာဏအတိုင်း ကန့်သတ်ချက်မရှိဘဲ (ရက်ချိန်းယူ စရာမလိုဘဲ) လွယ်ကူစွာ ငွေထုတ်ယူနိုင်ကြောင်း ပုဂ္ဂလိကဘဏ်များတွင် ငွေစာရင်းအကောင့်သစ်ဖွင့် လှစ်သူများထံမှ သိရသည်။
ယခုရက်ပိုင်းအတွင်း ပုဂ္ဂလိက ဘဏ်အချို့ မှ ငွေသားထုတ်ယူနိုင်မည့် ကြေညာချက်များ ထပ်မံထုတ် ပြန်ခဲ့သည်။
CB ဘဏ်က တိုကင်မလိုဘဲ ငွေသားထုတ်ယူနိုင်မည့်ဘဏ်ခွဲများ ကြေညာထားသည်။ CB bank Customer များ အနေဖြင့် မိမိတို့၏ Individual Old Account များမှ ငွေသားထုတ်ယူရန်အတွက် တိုကင် ကြိုတင်ရယူရန်မလိုဘဲ ကချင်၊ ကရင်၊ ရခိုင်၊ မွန်၊ နေပြည်တော်၊ မကွေးတိုင်းဒေသကြီး ၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး နှင့် တနင်္သာရီတိုင်းဒေသကြီးအစရှိသည့် ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ ဘဏ်ခွဲများအားလုံးတွင် ငွေသား ထုတ်ယူနိုင်ကြောင်း ထုတ်ပြန်ထားသည်။
CB ဘဏ် အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း တိုက်ကြီး ဘဏ်ခွဲ၊ ကော့မှူးဘဏ်ခွဲ၊ကွမ်းခြံ ကုန်းဘဏ်ခွဲ၊ တွံတေးဘဏ်ခွဲ၊ မှော်ဘီဘဏ်ခွဲ၊ လှည်းကူးဘဏ်ခွဲ၊ ကျောက်တန်းဘဏ်ခွဲ၊ ခရမ်းဘဏ်ခွဲတို့တွင် တိုကင်ရယူရန် မလိုဘဲ ငွေသား ထုတ်ယူနိုင်မည်ဖြစ်သည်။
“ဖုန်းနဲ့ booking စနစ်မရှိတော့ဘူး။ ဒါပေမဲ့ နှစ်ပတ်မှ ငါးသိန်းပဲ ထုတ်လို့ရသေးတယ်” ဟု လုပ်ငန်း ရှင်တစ်ဦးက ပြောကြားသည်။
သို့သော်လည်း တိုကင်ယူ၍ သော်လည်းကောင်း၊ တိုကင်ယူရန် မလိုအပ်သော ဘဏ်ခွဲများတွင် ငွေ ထုတ်ယူ၍သော်လည်းကောင်း ဆောင်ရွက်လိုပါက Personal Account တစ်ခုလျှင် နှစ်ပတ်လျှင် ကျပ်ငါးသိန်း ငွေထုတ်ယူနိုင်ခြင်း ဖြစ်သည်။
“တကယ်တမ်းကျတော့ နှစ်ပတ်မှတစ်ခါ ထုတ်ပေးတာက ငါးသိန်းတည်းပါ။Account Transfer တွေကို တစ်ပတ်အထိထားထားမှ ထုတ်ပေးတယ် ပြောပါတယ်။ နှစ်ပတ်မှတစ်ခါ ဘယ်လိုနည်းနဲ့လွှဲလွှဲ ထုတ်ပေးပါလို့ ပြောချင်ပါတယ်” ဟု ဘဏ်ဝန်ဆောင်မှုရယူနေသူတစ်ဦး က ပြောကြားသည်။
တိုကင်ယူရန်မလိုဘဲ ငွေသား ထုတ်ယူရန် ဖြေလျှော့မှုအချို့ ပြုလုပ်လာသော်လည်း ရာခိုင်နှုန်းဖြင့် ငွေသားထုတ်ယူမှု စျေးကွက်မှာ မင်းမူနေဆဲဖြစ်သည်။
KBZ၊AYA၊ CB၊ ရိုးမဘဏ် စသည်ဖြင့် ဘဏ်ငွေစာရင်းများမှ ငွေသားလဲလှယ်ခြင်းများအတွက် ကျပ်သိန်း ၅၀၀ အထက် ၁ ဒသမ ၇ ရာခိုင်နှုန်း၊ UAB၊MAB ၊A Bank စသည့်ဘဏ်ငွေစာရင်းများမှ ငွေသား လဲလိုသူများအတွက် သိန်း ၅၀၀ အထက် ၁ ဒသမ ၉ ရာခိုင်နှုန်း၊ MWD တွင် ငွေသားလဲလိုသူများ အတွက် ကျပ်သိန်း ၅၀၀ လျှင် သုံးရာခိုင်နှုန်း၊AGD ဘဏ် ငွေသားလဲ လိုသူများအတွက် ကျပ်သိန်း ၅၀၀ လျှင် ၃ ဒသမ ၅ ရာခိုင်နှုန်းစသည်ဖြင့် ရာခိုင်နှုန်းပေး၍ လဲလှယ်မှုများ ပြုလုပ်လျက်ရှိကြောင်း ငွေသား ထုတ်ယူနေသူများထံမှ စုံစမ်းသိရှိ ရသည်။
ATM များမှ ငွေသားထုတ်ယူခြင်းနှင့်ပတ်သက်၍ UAB Bank က မေ ၁၂ ရက်တွင် ငွေသား ထုတ်ယူနိုင်သော ATM များကို ထုတ်ပြန်ခဲ့သည်။ တစ်ရက်လျှင် ကတ်တစ်ခုလျှင် ငွေသားကျပ်နှစ်သိန်းအများဆုံး ထုတ်ယူနိုင်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
KBZ Pay စင်တာများတွင် Aplpointment ပြုလုပ်ရန်မလိုဘဲ ငွေသားထုတ်ယူနိုင်ကြောင်း KBZ Pay က သတင်းထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံရှိ KBZ Pay အသုံးပြုသူ Customer များအတွက် Book Appointment ပြုလုပ်စရာမလိုဘဲ KBZ Pay စင်တာအားလုံးတွင် ၂၀၂၂ ခုနှစ် မေ ၁၆ ရက်မှစ၍ ငွေထုတ်ယူနိုင်ကြောင်း၊KBZ Pay အေးဂျင့်မှ ငွေထုတ်ယူခြင်း ဝန်ဆောင်မှုကို တနင်္လာနေ့မှ စနေနေ့ နံနက် ၉ နာရီမှ ညနေ ၃ နာရီခွဲအထိ(ဇွန် ၁ ရက်မှစ၍ မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်သွားမည်) KBZ Pay အကောင့်တစ်ခုမှ တစ်နေ့လျှင် ငွေသား ကျပ်သုံးသိန်းကို သတ်မှတ်ထားသော အေးဂျင့်ဝန်ဆောင်ခဖြင့် ထုတ်ယူနိုင်ပြီးဖြစ်ကြောင်း၊ Customer များသည် ငွေသားထုတ်သောနေ့မှစပြီး ခုနစ်ရက်အကြာတွင်နောက်ထပ်တစ်ကြိမ် ငွေသားထုတ်ယူနိုင်မည်ဖြစ် ကြောင်း KBZ Pay ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိဖြစ်ပေါ်နေသည့် ငွေကြေးစျေးကွက်မတည်ငြိမ်မှု အကျပ်အတည်းများ၊ ဘဏ်လုပ်ငန်း အခက်အခဲများ၊ ငွေသားထုတ်ယူမှုအပေါ် ရာခိုင်နှုန်းပေးကာ ထုတ်ယူနေရသည့် အခြေအနေများက စီးပွားရေး လုပ်ငန်းများ လည်ပတ်ရာတွင် အခက် အခဲများစွာ ရင်ဆိုင်နေရကြောင်း လုပ်ငန်းရှင်များက ပြောကြားခဲ့ကြသည်။
အခြားတစ်ဖက်တွင် မြန်မာနိုင်ငံတွင် လက်ရှိရင်ဆိုင်နေရသည့် အခြေအနေများ၊ ကုန်ကြမ်းများရရှိ မှုအခက်အခဲများဖြစ် ပေါ်လာခြင်း၊ ကုန်ချောထုတ်လုပ်ရန် ခက်ခဲမှုများ ဖြစ်ပေါ်လာခြင်း၊ ငွေကြေးလည်ပတ် စီးဆင်းမှုအခက်အခဲများ ဖြစ်ပေါ်လာခြင်းတို့ကြောင့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုဖြင့် လာရောက်လုပ်ကိုင်နေ ကြသည့်လုပ်ငန်းအချို့လုပ်ငန်း ပိတ်သိမ်းရန် ပြင်ဆင်နေကြကြောင်း ယင်းလုပ်ငန်းများက ထုတ်ပြန်ချက် အရ သိရသည်။
“ အခု ကျွန်တော်တို့ဆီမှာ ဖြစ်နေတဲ့ ငွေကြေးအကျပ်အတည်းက တော်တော်လေး ဂယက်ထနေတယ်။ ဘဏ်တွေက ပိုက်ဆံ ထုတ်ချင်တိုင်း ထုတ်မရဘူး။ ဘဏ်နဲ့ငွေပေးချေလို့ မရဘူး။ အဲဒါတော်တော်အခြေအနေ ဆိုးပါတယ်။ ဒါတွေကို အချိန်မီပေါ့။ဘဏ်စ နစ်နဲ့ ငွေကြေးပြဿနာတွေကို အချိန်မီ မဖြေရှင်းပေးနိုင်ရန် ကျွန် တော်တို့ စီးပွားရေးလုပ်ငန်းတွေ နာလန်ထူလာဖို့ မလွယ်တော့ဘူး” ဟု ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက သုံးသပ်ပြောကြားသည်။
■ ငွေကြေးစနစ်နှင့်ဘဏ်စနစ်
သည် ယုံကြည်မှုနှင့်တည်ဆောက်ထားခြင်းဖြစ်သည်။ မလိုလားအပ်သည့် ထိန်းချုပ်မှုများ ဖြေလျှော့မှ သာ ပြည်သူများ၏ ယုံကြည်မှု ပိုမို အားကောင်းလာကာ ဘဏ်စနစ်နှင့် စီးပွားရေးလုပ်ငန်းများ ရှင်သန်နိုင် မည်ဖြစ်သည်။
လက်ရှိဖြစ်ပေါ်နေသည့် ဘဏ်စနစ်ကြောင့် ငွေကြေးစျေးကွက် က မောက်ကမဖြစ်ပြီး အကျိုးဆက်အနေဖြင့် ဒေါ်လာစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေးများ မြင့်တက်ကာ ကုန်စည်စျေးနှုန်း အရှိန်အဟုန်ဖြင့် မြင့် တက်လာကြောင်း၊ ယင်းအကျပ်အ တည်းနှင့်အခက်အခဲများကို စီးပွားရေးလုပ်ငန်းများနှင့် ပြည်သူများ ခါး စည်းခံနေရသဖြင့် မတည်မငြိမ် ဖြစ်နေသည့်ငွေကြေးစျေးကွက်နှင့် ယင်း ပြဿနာ၏ အကျိုးဆက်များ၊ မလွှဲ မသွေ ဖြစ်ပေါ်လာမည့် စီးပွားရေး ကျဆင်းမှုကို ကုစားရန် မြန်မာနိုင်ငံ မှ မူဝါဒချမှတ်သူများအနေဖြင့် သင့် တော်မှန်ကန်သည့်မူဝါဒများ ချမှတ် အကောင်အထည်ဖော်ရန် မဖြစ်မနေ လိုအပ်နေပြီဖြစ်ကြောင်း စီးပွား ရေးလုပ်ငန်းရှင်များက သုံးသပ်ပြော ကြားခဲ့သည်။
-
မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ်အတွင်းရှိ ဖလံဗိုလ်ကျေးရွာ၌ နိုင်ငံတော်က ပေးအပ်သည့် ထောက်ပံ့ငွေပေးရာတွင် ပွင့်လင်းမြင်သာမှုမရှိဟုဆိုကာ လူစုလူဝေးဖြစ်ပေါ်
-
ချောင်းဦးမြို့တွင် အခြေခံလူတန်းစား ထောက်ပံ့ငွေ တန်းတူရရှိရေးအတွက် ဒေသခံ ၂၉ ဦး ဆန္ဒထုတ်ဖော် တောင်းဆို
-
ရွေးကောက်ပွဲ မဲဆွယ်သည့်ကာလက လူစုလူဝေး ပြုလုပ်ခဲ့မှုအပါအဝင် ကိုဗစ်ထောက်ပံ့ကြေးပေး၍ မဲဆွယ်သည် ဟုဆိုကာ နတ်မောက်မြို့တွင် ဆန္ဒပြ
-
COVID-19 လူနာသစ် ၁၅၉၂ ဦးတွေ့ရှိပြီး သေဆုံးသူ ၂၅ ဦးထပ်တိုး
-
ရန်ကုန်ဆေးရုံကြီးသို့ နယ်မှလာရောက်ဆေးကုသသည့် လူနာနှင့် လူနာစောင့်အချို့ နေရပ်ပြန်ရန် အခက်အခဲရှိသဖြင့် ပြန်လည်ပြသမည့်ရက်မတိုင်မီ ဆေးရုံပြင်ပ၌ ညအိပ်စောင့်ဆိုင်းမှုများရှိနေ