Top News

■ ချန်ပီယံလိဂ် ပွဲစဉ်-၅ (ပထမနေ့) ပွဲကြိုသုံးသပ်ချက်
24htopnews | November 27, 2024 2:12 PM CST

♦ ဘိုင်ယန်မြူးနစ် - PSG (မြန်မာစံတော်ချိန် နိုဝင်ဘာ ၂၇ ရက် နံနက် ၂း၃၀ နာရီ)

ဘိုင်ယန်မြူးနစ်က ချန်ပီယံလိဂ် နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ ဘင်ဖီကာကို အနိုင်ရခဲ့ပြီး မူဆီယာလာ ဂိုးသွင်းခဲ့တယ်။ PSG ကတော့ အိမ်ကွင်းမှာပဲ အက်သလက်တီကိုမက်ဒရစ်အသင်းကို ၁-၂ ဂိုးနဲ့ ရှုံးခဲ့တာတွေ့ရတယ်။ လက်ရှိအချိန်မှာ ဘိုင်ယန် က ရမှတ် ၆ မှတ်နဲ့ အဆင့် ၁၇ နေရာအထိ ရောက်နေပြီး၊ PSG ကတော့ ရမှတ် ၄ မှတ်နဲ့ အဆင့် ၂၅ နေရာမှာ ရောက်နေတယ်။ ဒါကြောင့် PSG ရဲ့အခြေအနေက ပြိုင်ပွဲကနေထွက်သွားရနိုင်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေဆဲဆိုတာ တွေ့ရတယ်။ ဒီနှစ်သင်း နောက်ဆုံးတွေ့ခဲ့တဲ့ ၂၀၂၃ တုန်းက ဘိုင်ယန်က အိမ်ကွင်းမှာ ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့တယ်။ လက်ရှိ အချိန်မှာ ပိုကောင်းတဲ့ PSG ကို ပြသနေသလို PSG မှာ ဒဏ်ရာပြဿနာတွေလည်း ရှိနေတယ်။ ဘိုင်ယန်ကို ကြိုက်တယ်။ 

♦ ဆလိုဗန် - အေစီမီလန် (မြန်မာစံတော်ချိန် နိုဝင်ဘာ ၂၇ ရက် နံနက် ဝဝး၁၅ နာရီ)

ဆလိုဗန်က ချန်ပီယံလိဂ် နောက်ဆုံးပွဲမှာ ဒိုင်နမိုဇာဂရက်ကို အိမ်ကွင်းမှာပဲ ၁-၄ ဂိုးနဲ့ ဂိုးပြတ်ရှုံးခဲ့ပြီး အေစီမီလန်ကတော့ ရီးယဲလ်မက်ဒရစ်အသင်းကို ဘာနေဗျူးကွင်းမှာ ဂိုးပြတ်အနိုင်ကစားခဲ့တယ်။ လက်ရှိ အချိန်မှာ အဆင့် ၂၀ အထိ ရောက်နေတဲ့ အေစီမီလန်အတွက် ဒီပွဲက အဆင့်တက်လာစေဖို့ကူညီတဲ့ ပွဲတစ်ပွဲဖြစ်လာမှာပါ။ ဆလိုဗန်အိမ်ကွင်းဆိုပေမယ့် ခြေကွာတယ်။ အေစီမီလန်ပဲ အနိုင်ရလိမ့်မယ်။ 

♦ စပါတာပရပ်ဂ် - အက်သလက်တီကို (မြန်မာစံတော်ချိန် နိုဝင်ဘာ ၂၇ ရက် နံနက် ဝဝး၁၅ နာရီ)

စပါတာပရပ်ဂ်က နောက်ဆုံးကစားခဲ့တဲ့ပွဲတုန်းက အိမ်ကွင်းမှာပဲ ဘရက်စ်ကို ရှုံးခဲ့တယ်။ အက်သလက်တီကို်ကတော့ ရလဒ်တွေဆိုးနေရာက PSG နဲ့ပွဲမှာ နိုင်ပွဲရခဲ့သလို အခုအချိန်မှာ ပြိုင်ပွဲစုံ ၅ ပွဲဆက်နိုင်ပွဲ ယူထားတာကို တွေ့ရတယ်။ ရမှတ် ၆ မှတ်နဲ့ ချန်ပီယံလိဂ်အမှတ်ပေးဇယား အဆင့် ၂၃ အထိရောက် နေတာကို ကျော်ဖြတ်ဖို့အတွက် ဒီလိုပွဲတွေမှာ နိုင်ပွဲယူနိုင်ဖို့လိုပြီး လက်ရှိခြေစွမ်းအရလည်း စိုးရိမ်စရာတော့ မရှိပါဘူး။ အက်သလက်တီကိုပဲ နိုင်လိမ့်မယ်။ 

♦ ဘာစီလိုနာ - ဘရက်စ် (မြန်မာစံတော်ချိန် နိုဝင်ဘာ ၂၇ ရက် နံနက် ၂း၃၀ နာရီ)

ဘရက်စ်က ချန်ပီယံလိဂ်အမှတ်ပေးဇယားမှာ ရမှတ်၁၀ မှတ်နဲ့ အဆင့် နေရာမှာ အံ့အားသင့်ဖွယ်ရပ်တည်နေတာ တွေ့ရတယ်။ ဘာစီလိုနာကလည်း ရလဒ်ကောင်းတွေ ယူနေတဲ့အသင်းပါ။ နောက်ဆုံးကစားခဲ့တဲ့ ပွဲမှာလည်း ချက်ကလပ် ဇဗက်ဒါကို ဂိုးပြတ်သွင်းခဲ့ပြီး ရာဖင်ညာ၊ လီဝန်ဒေါစကီးတို့ အကောင်းဆုံးပုံစံ ပြသနေတာ တွေ့ရတယ်။ နှစ်သင်းစလုံးက ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ ဂိုးတွေ ဆက်တိုက်သွင်းနေတဲ့အသင်းတွေလည်းဖြစ်တယ်။ ဒါပေမဲ့ ဒီပွဲကတော့ ဘာစီလိုနာဂိုးပြတ်သွင်းမယ့်ပွဲပါ။ 

♦ လေဗာကူဆင် - ဆာလ်ဇ်ဘာ့ဂ် (မြန်မာစံတော်ချိန် နိုဝင်ဘာ ၂၇ ရက် နံနက် ၂း၃၀ နာရီ)

လေဗာကူဆင်က ပြီးခဲ့တဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာ ဒီရာသီ ပထမဆုံး ချန်ပီယံလိဂ်ရှုံးပွဲအဖြစ် လီဗာပူးလ်ကို ၄-၀ ဂိုးနဲ့ အပြတ်အသတ် ရှုံးခဲ့တယ်။ လက်ရှိ  အမှတ်ပေးဇယားမှာ ရမှတ် ၇ မှတ်နဲ့အဆင့် ၁၃ နေရာမှာ ရှိနေလို့ အခြေအနေမဆိုးပါဘူး။ ဒီပွဲမှာ အနိုင်ရခဲ့ရင်အဆင့်ပိုတက်လာလိမ့်မယ်။ ဆလ်ဇ်ဘာ့ဂ်က ပြိုင်ပွဲက ထွက်သွားရနိုင်တဲ့အသင်းဖြစ်ပြီး ခြေကွာပါတယ်။ လေဗာကူဆင်ပဲ နိုင်မယ်။ 

♦ အင်တာမီလန် - လိုက်ပ်ဇစ် (မြန်မာစံတော်ချိန် နိုဝင်ဘာ ၂၇ ရက် နံနက် ၂း၃၀ နာရီ)

အင်တာမီလန်က ဒီရာသီ ချန်ပီယံလိဂ်ရဲ့ ထိပ်ဆုံး၈သင်း ထဲမှာ ပါဝင်နေပြီး သူတို့အသင်းရဲ့ ရှုံးပွဲမရှိမှတ်တမ်းကိုလည်း ဆက်ထိန်းထားဖို့ ကြိုးစားလိမ့်မယ်။ လိုက်ပ်ဇစ်က အသင်းကြီး တစ်သင်းဆိုပေမယ့် ဒီရာသီချန်ပီယံလိဂ်မှာ ရလဒ်ဆိုးနေပြီး ပြိုင်ပွဲက ထွက်သွားရနိုင်တဲ ့အခြေအနေနဲ့လည်း ရင်ဆိုင်နေရတယ်။ လက်ရှိ အချိန်မှာ အင်တာမီလန်ရဲ့ခြေစွမ်းကို လိုက်ပ်ဇစ် ယှဉ်ကစားနိုင်ဖို့ခက်ပါတယ်။ အိမ်ကွင်းလည်းဖြစ်နေလို့ အင်တာမီလန်ပဲ နိုင်မယ်။ 

♦ မန်စီးတီး - ဖီယင်နု (မြန်မာစံတော်ချိန် နိုဝင်ဘာ ၂၇ ရက် နံနက် ၂း၃၀ နာရီ)

မန်စီးတီးအသင်းက နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံမှာ ၅ ပွဲ ဆက်တိုက်ရှုံးခဲ့ပြီး ဒီရာသီချန်ပီယံလိဂ်မှာလည်း နောက်ဆုံး ကစားခဲ့တဲ့ စပို့တင်းလစ္စဘွန်းနဲ့ပွဲမှာ ဂိုးပြတ်ရှုံးထားတာကိုတွေ့ရတယ်။ လမ်းကြောင်းမှန်ပေါ် ပြန်တက်ဖို့အတွက် အချို့ပွဲတွေမှာ ပေါက်ကွဲမှုအားကောင်းကောင်းနဲ့ ပြန်လာနိုင်ဖို့ လိုနေတယ်။ ဒါ ပေမဲ့ ဖီယင်နုက သူတို့ကစားခဲ့တဲ့ပွဲတွေမှာ တုံ့ပြန်ပုံကောင်းတဲ့ အသင်းဖြစ်လို့ မန်စီးတီး ဖိဖိစီးစီး ကစားရလိမ့်မယ်။ နိုင်ပွဲတော့ ပြန်ရှာတွေ့မှာပါ။ 

♦ စပို့တင်းလစ္စဘွန်း - အာဆင်နယ် (မြန်မာစံတော်ချိန် နိုဝင်ဘာ ၂၇ ရက် နံနက် ၂း၃၀ နာရီ)

စပို့တင်းလစ္စဘွန်းက ချန်ပီယံလိဂ်အမှတ်ပေးဇယားမှာ အဆင့် ၂ နေရာမှာ ရပ်တည်နေတဲ့အသင်းဖြစ်တယ်။ နောက်ဆုံး ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ မန်စီးတီးကို ဂိုးပြတ်သွင်းထားတယ်။ ဒါပေမဲ့ အဲဒီပွဲက ရူဘင်အာမိုရင်မ်နဲ့အတူ သွားနေချိန်ဖြစ်ပြီး လက်ရှိအချိန်မှာတော့ စပို့တင်းက နည်းပြအပြောင်းအလဲဖြစ်ထားတယ်။ အာဆင်နယ်အသင်းကလည်း နောက်ဆုံးကစားခဲ့တဲ့ ပွဲမှာ နိုင်ထားပြီး ချန်ပီယံလိဂ်နောက်ဆုံးပွဲမှာတော့ အင်တာမီလန်ကို ရှုံးထားတယ်။ ဒီပွဲက သရေကျဖို့များပါတယ်။ 

♦ အခြားပွဲစဉ်

ယန်းဘွိုင်းစ် - အတ္တလန်တာ


READ NEXT
Cancel OK