Top News

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၇) သို့ တက်ရောက်ရန် ကျိုင်းတုံမြို့ရှိ နယ်မြေခံသင်တန်းကျောင်းသို့ သင်တန်းသားများ ရောက်ရှိ
24htopnews | November 26, 2024 11:12 PM CST

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၇) သို့ တက်ရောက်ရန် ရှမ်းပြည်နယ် (အရှေ့ ပိုင်း)၊ ကျိုင်းတုံမြို့ရှိ နယ်မြေခံသင်တန်း ကျောင်းသို့ နိုဝင်ဘာ ၂၅ ရက်က သင်တန်း သားများ ရောက်ရှိလာကြောင်း သိရသည်။

          ထိုသို့ရောက်ရှိလာသည့် သင်တန်းသား များကို တြိဂံဒေသတိုင်းစစ်ဌာနချုပ် ဗိုလ်မှူးချုပ်စိုးလှိုင်နှင့် တာဝန်ရှိသူများ၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြောင်း သိရသည်။

          တိုင်းမှူးနှင့် တာဝန်ရှိသူများက သင် တန်းသားများအား လိုအပ်သည့် စုဖွဲ့ပြင်ဆင် မှုများ၊ အုပ်ချုပ်မှုကိစ္စများ ဆောင်ရွက်ပေး နေမှုများကို ကြည့်ရှုအားပေးပြီး လိုက်လံနှုတ် ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

          ပြီးခဲ့သည့် အောက်တိုဘာ ၂၁ ရက်က လည်း ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၆) သင်တန်းဖွင့်ပွဲများအား တိုင်းစစ်ဌာနချုပ် အသီးသီး၌ ပြုလုပ်ခဲ့သည်။

          နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်ရန်အတွက် ပြည်သူ့ စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၆)တွင် ပါဝင် တက်ရောက်ကြမည့် အရည်အချင်းကိုက်ညီ သူများသည် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် နယ်မြေများရှိ သင်တန်းကျောင်းအသီးသီးသို့ ရောက်ရှိ၍ လိုအပ်သည့်ကြိုတင် ပြင်ဆင်မှု များကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          အောက်တိုဘာ ၂၁ ရက် နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်းအသီးသီး၌ ပြည်သူ့ စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၆) သင်တန်း ဖွင့်ပွဲများ ပြုလုပ်ခဲ့ပြီး သင်တန်းဖွင့်ပွဲများတွင် သင်တန်းကျောင်းများအလိုက် ကျောင်းအုပ် ကြီးများက သင်တန်းဖွင့်အမှာစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

          အဆိုပါ သင်တန်းဖွင့်ပွဲများသို့ နေပြည် တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်၍ ပြည်သူ့စစ် မှုထမ်းသင်တန်းအမှတ်စဉ်(၆)မှ သင်တန်း သားများအား တွေ့ဆုံကာ သင်တန်းသားများ အတွက် ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ထောက်ပံ့ ပစ္စည်းများ ပေးအပ်ကြပြီး သင်တန်းသားများ အား  လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သိရ သည်။

          ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာ ဝန်အရေးသုံးပါးကို ထိန်းသိမ်း စောင့်ရှောက် ရန် နိုင်ငံသားတိုင်းတွင်တာဝန်ရှိကြသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်နိုင်ရေးအ တွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နိုင် ရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် စတင် အာဏာတည်စေခဲ့ပြီး ပြည်သူ့စစ်မှုထမ်းသင် တန်းများကို ဖွင့်လှစ် သင်ကြားပေးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ် ပြန်ထားသည်။

          ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ် စဉ်(၁)ကို ၂၀၂၄ ခုနှစ်၊ ဧပြီ ၈ ရက်မှ စတင်၍ ဖွင့်လှစ်သင်ကြားပေးခဲ့ရာ ယခုအခါ ပြည်သူ့ စစ်မှုထမ်း သင်တန်း အမှတ်စဉ်(၇)ကို ဖွင့် လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းဆင်းခဲ့သည့် ပြည် သူ့စစ်မှုထမ်းများသည် တာဝန်ကျရာ တပ် ရင်း/တပ်ဖွဲ့အသီးသီးတွင် နိုင်ငံတော်ကာကွယ် ရေးနှင့်လုံခြုံရေးတာဝန်များကို ထမ်းဆောင် နေကြပြီဖြစ်ကြောင်းလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ထားကြောင်း သိရသည်။


READ NEXT
Cancel OK