အင်ဒိုနီးရှားတွင် တစ်ရက်အတွင်း ကူးစက်မှုသစ် အများဆုံးဖြစ်ပွားခဲ့ပြီး ကူးစက်မှုစုစုပေါင်း ၇၀၀ နီးပါးရှိလာ
24htopnews | November 26, 2024 8:12 PM CST
အင်ဒိုနီးရှားတွင် မတ် ၂၄ ၌ COVID- 19 ဖြစ်ပွားမှုသစ် ၁၀၇ မှုဖြင့် နေ့စဉ် ဖြစ်ပွားမှုတွင် အမြင့်ဆုံးပမာဏဖြစ်ခဲ့ကာ ကူးစက်မှု စုစုပေါင်း ၆၈၆ မှုအထိ မြင့်တက်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ Achmad Yurianto က ပြောကြားခဲ့သည်။
မတ် ၂၄ အထိ နောက်ထပ် ခုနစ်ဦး သေဆုံးခဲ့သဖြင့် သေဆုံးသူစုစုပေါင်း ၅၅ ဦးအထိ မြင့်တက်လာခဲ့ကြောင်း၊ အပြည့်အဝ ပြန်လည်ကောင်းမွန်လာသူ ၃၀ ရှိကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားခဲ့သော ကမ္ဘာ့ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုသည် ကမ္ဘာတစ်ဝန်း အရှိန်အဟုန်မြင့်တက်နေစဉ် မတ် ၂၃ အထိ ကမ္ဘာတစ်ဝန်း နိုင်ငံအားလုံးနီးပါးတွင် ဖြစ်ပွားခဲ့ပြီး ကူးစက်မှု ၃၀၀၀၀၀ ကျော်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။
READ NEXT
-
လမ်းတံတား ဥပဒေပုဒ်မ ၂၂၊ ၂၃ ဖြင့် အမှုဖွင့် ဖမ်းဆီးခံထားရသည့် ဒေသခံများအမှုအား အာမခံ ပြင်ဆင်ချက် လျှောက်ထားမှု မန္တလေးခရိုင်တရားရုံးက ပယ်ချ
-
မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၌ လေကြောင်းကုန်စည် ပို့ဆောင်မှုများ ပြုလုပ်ရန် တည်ဆောက်နေသည့် အအေးခန်းပါ လေဆိပ်ကုန်သိုလှောင်ရုံ (Cargo Terminal) တည်ဆောက်မှု ယခုနှစ်ကုန်တွင် ပြီးစီးမည်
-
စကားလုံးဝိ၀ါဒများ
-
မြစ်တွေကို လူတွေလိုသဘောထားပြီး ကာကွယ်စောင့်ရှောက်ကြပါ
-
လေလွင့်ငှက်၏ နားခိုရာ