■ စပါးကွင်းလယ်လူ ဘန်တန်ကာ (၉)လခန့်အနားယူရမည်
24htopnews | November 26, 2024 4:13 PM CST
စပါးအသင်းမှ ဥရုဂွေးကွင်းလယ်ကစားသမား ဘန်တန်ကာ(၂၅ နှစ်)သည် ဒူးဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူခဲ့ရသဖြင့် (၉)လခန့် အနားယူရမည်ဖြစ်ကြောင်း သိရသည်။
လက်စတာနှင့်ပွဲတွင် ရရှိခဲ့သည့် ၎င်း၏ ဒူးဒဏ်ရာမှာ မူလက ယခုရာသီကုန်အ ထိသာ အနားယူရလိမ့်မည်ဟု ခန့်မှန်းခဲ့ကြသည်။
သို့သော် ယခုအခါ ဘန်တန်ကာ၏ ဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့် လာမည့်နိုဝင်ဘာလအထိ အနားယူရမည့်အခြေအနေ ရောက်ရှိသွားခဲ့ခြင်းဖြစ်သည်။
စပါးအသင်းကမူ ၂၀၂၃-၂၄ ရာသီအစကာလဖြစ်သည့် စက်တင်ဘာလအတွင်း ပြန်ကစားနိုင်ရန် မျှော်လင့်နေကြောင်း သိရသည်။
READ NEXT
-
■ ချန်ပီယံလိဂ် ပွဲစဉ်-၅ (ပထမနေ့) ပွဲကြိုသုံးသပ်ချက်
-
■ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်သို့ တိုက်ရိုက်တက်ရောက်ခွင့်ရရှိလိုသည်ဟု အာဆင်နယ်ဂိုးသမား ဒေးဗစ်ရာယာ ပြောကြား
-
■ အသင်းနည်းပြ ရာထူးမှထုတ်ပယ်ခံရချိန်တွင် ပါတီအတွက် ကိုပင်ဟေဂင်ရောက်နေသည့် ကစားသမားများကို လက်စတာပရိသတ်များ ဒေါသထွက်နေ
-
လီဗာပူးလ်အသင်းမှ စာချုပ်သစ်ကိစ္စ နှောင့်နှေးနေခြင်းအပေါ် မီဒီယာများသို့ ပြောကြားခဲ့သည့် ဆာလာအား တစ်ကိုယ်ကောင်းဆန်သူဟု ကာရေဂါ ပြစ်တင်ဝေဖန်
-
အသင်းဖော် မူဆီယာလာမှာ ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ယောက် ဖြစ်လာနိုင်သည်ဟု ဟာရီကိန်း သုံးသပ်