နှစ် ၁၀၀ ပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ပထမကျောင်းသားသပိတ် စတင်ခဲ့ရာ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ် ကြားတောရလမ်း ဦးအရိယကျောင်းတိုက်ရှိ သပိတ်မှောက် ကျောက်တိုင်တွင် အလေးပြုခြင်း အခမ်းအနားကို ဒီဇင်ဘာ ၉ ရက် မွန်းလွဲ ၂ နာရီက ပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားကို ရန်ကုန်အခြေစိုက် ကျောင်းသားသမဂ္ဂများ စုပေါင်းပြုလုပ်ခြင်းဖြစ်ပြီး သမဂ္ဂအသီးသီးမှ ကိုယ်စားလှယ် ၂၀ ဦးခန့် ပါဝင်ကာ COVID-19 စည်းကမ်းချက်များနှင့်အညီ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
အခမ်းအနားတွင် ကျောင်းသားများက သပိတ်မှောက်ကျောက်တိုင်အား အလေးပြုခြင်း၊ သမဂ္ဂအလံတော်အား အလေးပြုခြင်း၊ ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုမင်းဟန်ထက်မှ သဝဏ်လွှာ ဖတ်ကြားခြင်းများ ပြုလုပ်ခဲ့သည်။
“ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂရဲ့ ရင်ပြင်နီမှာ ကျောက်တိုင်ဆောင်ရွက်နေခြင်းကို တိုင်းအစိုးရအနေနဲ့ တားဆီးပိတ်ပင်တာတွေကို ကျွန်တော်တို့ တွေ့နေရတယ်။ ဒီနေရာကနေ အစိုးရကို တောင်းဆိုချင်တာက ကျောင်းသားတွေကို တစ်စုံတစ်ရာ ဖိနှိပ်မှု မရှိဘဲနဲ့ ဒီပြဿနာကို အမြန်ဆုံး ဖြေရှင်းပေးဖို့ တောင်းဆိုချင်ပါတယ်။ နောက်တစ်ချက်အနေနဲ့ ဒီစာအုပ်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို လက်ဆောင်ပေးချင်ပါတယ်။ အဲ့စာအုပ်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ဖတ်ကြည့်သင့်ပါတယ်” ဟု ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုမင်းဟန်ထက်က ပြောကြားသည်။
နှစ် ၁၀၀ ပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ပထမကျောင်းသားသပိတ် စတင်ခဲ့ရာ ဦးအရိယ ကျောင်းတိုက်နှင့် သပိတ်မှောက် ကျောက်တိုင်အား ပြန်လည်ပြုပြင် ထိန်းသိမ်းကာ ရန်ကုန်မြို့ပြ အမွေအနှစ် တစ်ခုအဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်အခြေစိုက် တက္ကသိုလ် ကျောင်းသားသမဂ္ဂများနှင့် Yangon Heritage Trust တို့ ပူးပေါင်းကာ နှစ် ၁၀၀ ပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ကြားတောရလမ်းရှိ ဦးအရိယ ကျောင်းတိုက်နှင့် သပိတ်မှောက် ကျောက်တိုင်အား ပြန်လည်ပြုပြင် ထိန်းသိမ်းရန်နှင့် ရန်ကုန်မြို့ပြ အမွေအနှစ် တစ်ခုအဖြစ် သတ်မှတ်နိုင်ရန် နိုဝင်ဘာ ၁၇ ရက်က ကွင်းဆင်းလေ့လာခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယခင်နှစ်များက အမျိုးသားနေ့အောင်ပွဲ အထိမ်းအမှတ်အဖြစ် ရွှေတိဂုံစေတီတော်ရင်ပြင် စနေထောင့်တွင် တည်ရှိသည့် သပိတ်မှောက် ကျောင်းသားများ၏ အထိမ်းအမှတ် ကျောက်တိုင်ကို နှစ်စဉ် ချီတက် အလေးပြုခြင်းများ ပြုလုပ်ခဲ့သော်လည်း COVID-19 ရောဂါကြောင့် ရွှေတိဂုံရင်ပြင် ပိတ်ထားရသည့် အတွက် ဗဟန်းမြို့နယ်၊ ကြားတောရလမ်းရှိ ဦးအရိယ ကျောင်းတိုက်နှင့် သပိတ်မှောက် ကျောက်တိုင်တွင်သာ ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်အခြေစိုက် ကျောင်းသားသမဂ္ဂများ စုပေါင်းကာ ပထမကျောင်းသားသပိတ်တွင် ပါဝင်ခဲ့သည့် ပုဂ္ဂိုလ်များ၏ ကိုယ်တွေ့ ဝတ္ထု၊ သမိုင်းဆောင်းပါးများ၊ သမိုင်းဓာတ်ပုံ အထောက်အထားများ၊ ကဗျာများ စုစည်းကာ "ပထမကျောင်းသားသပိတ်သို့ ဦးညွှတ်ခြင်း" ဆိုသည့် စာအုပ်ထုတ်ဝေသွားမည် ဖြစ်ကြောင်း သိရသည်။
-
ဒီဇင်ဘာ ၈ ရက်တွင် စတင်ကျင်းပမည့် ၂၀၂၄ Asean Cup ပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင်အသင်း နိုဝင်ဘာ ၂၅ ရက်တွင် ပြန်လည်လေ့ကျင့်မည်
-
စာချုပ်သစ်ချုပ်ဆိုရန် ငြင်းဆန်ခဲ့ပါက အသင်းတောင်ပံကစားသမား ခွာရတ်စကယ်လီယာကို ရောင်းထုတ်ရန် နာပိုလီ အသင့်ရှိ
-
မန်စီးတီးတွင် အနာဂတ်လှုပ်ခတ်နေသည့် နည်းပြ ဂွါဒီယိုလာကို ကမ်းလှမ်းရန် PSG အသင်း စီစဉ်
-
လာလီဂါချန်ပီယံဆုမှာ မိမိတို့လက်ထဲရောက်နေပြီဟု ဘာစီလိုနာနောက်ခံလူ ယော်ဒီအယ်လ်ဘာ ပြောကြား
-
အသင်း ၆၀ မှ ၈၀ အထိပါဝင်မည့် ဥရောပစူပါလိဂ်အစီအစဉ်သစ်မှာ ပြည်တွင်းလိဂ်များအတွက်ခြိမ်းခြောက်မှုဖြစ်ပြီး ထိပ်သီးအသင်းများ၏ အကျိုးစီးပွားအတွက်သာဖြစ်ကြောင်း လာလီဂါထုတ်ပြန်