BWF သည် ယခုနှစ်တွင် International Series ကြက်တောင်ရိုက်ပြိုင်ပွဲ စုစုပေါင်း ၃၈ ပွဲ ကျင်းပမည်ဖြစ်ပြီး စက်တင်ဘာ ၁၀ ရက်မှ ၁၅ ရက်အထိ မြန်မာနိုင်ငံ၌ ကျင်းပမည့်ပြိုင်ပွဲမတိုင်မီ ပြိုင်ပွဲ ၂၀ ကျင်းပထားပြီးဖြစ် သည်။ သက်ထားသူဇာသည် ယခုနှစ်အတွင်း International Series ကြက်တောင်ပြိုင်ပွဲခြောက်ပွဲ ယှဉ်ပြိုင်ထားရာ ပြိုင်ပွဲလေးပွဲတွင်ဗိုလ်စွဲပြီး ဒုတိယတစ်ကြိမ် ရရှိထားသည်။
မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် ယခုနှစ်အတွင်း ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် (BWF) က ကြီးမှူးကျင်းပလျက်ရှိသည့် International Series ကြက်တောင်ရိုက်ပြိုင်ပွဲများတွင် အအောင်မြင် ဆုံးကစားသမားအဖြစ် ရပ်တည်နေကြောင်း သိရသည်။
BWF သည် ယခုနှစ်တွင် International Series ကြက်တောင်ရိုက်ပြိုင်ပွဲ စုစုပေါင်း ၃၈ ပွဲ ကျင်းပမည်ဖြစ်ပြီး စက်တင်ဘာ ၁၀ ရက်မှ ၁၅ ရက်အထိ မြန်မာနိုင်ငံ၌ ကျင်းပမည့်ပြိုင်ပွဲမတိုင်မီ ပြိုင်ပွဲ ၂၀ ကျင်းပထားပြီးဖြစ် သည်။ သက်ထားသူဇာသည် ယခုနှစ်အတွင်း International Series ကြက်တောင်ပြိုင်ပွဲခြောက်ပွဲ ယှဉ်ပြိုင်ထားရာ ပြိုင်ပွဲလေးပွဲတွင်ဗိုလ်စွဲပြီး ဒုတိယတစ်ကြိမ် ရရှိထားသည်။
သက်ထားသူဇာသည် ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၄ ရက်အထိ ယူဂန္ဓာနိုင်ငံ၌ ကျင်းပသည့် Uganda International 2019 ပြိုင်ပွဲ၊ ဇွန် ၁၃ ရက်မှ ၁၆ ရက်အထိ မောရစ်သျှနိုင်ငံ၌ ကျင်းပသည့် Fleet Mauritius International 2019 ပြိုင်ပွဲ၊ ဇွန် ၂၇ ရက်မှ ၃၀ ရက် အထိ ဘီနင် နိုင်ငံ၌ ကျင်းပသည့် Benin International 2019 ပြိုင်ပွဲ၊ ဇူလိုင် ၄ ရက် မှ ၇ ရက်အထိ အိုင်ဗရီကို့စ်နိုင်ငံ၌ ကျင်းပသည့် Cote d'Ivoire International 2019 ပြိုင်ပွဲတွင် ချန်ပီယံဆုရရှိခဲ့ပြီး သြဂုတ် ၈ ရက်မှ ၁၁ ရက်အထိ ဂရိနိုင်ငံ၌ ကျင်းပသည့် Hellas Open 2019 ပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သည်။ သို့သော် သြဂုတ် ၁၂ ရက်မှ ၁၅ ရက်အထိ ဘူလ်ဂေးရီးယားနိုင်ငံ၌ ကျင်းပသည့် Buldarian Open Championships 2019 ပြိုင်ပွဲတွင်မူ ဆုတံဆိပ်နှင့် လွဲချော်ခဲ့သည်။
သက်ထားသူဇာသည် ၂၀၂၀ ပြည့်နှစ်တွင် ဂျပန်နိုင်ငံ၌ ကျင်းပမည့် တိုကျိုအိုလံပစ်ပြိုင်ပွဲယှဉ်ပြိုင်ခွင့်ရရန် ပြိုင်ပွဲများ ဆက်တိုက်ယှဉ်ပြိုင်၍ ကြိုးပမ်းနေခြင်းဖြစ်သည်။ ကျင်းပပြီးစီးခဲ့သည့် International Series အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ကစားသမား ၁၆ ဦးက ချန်ပီယံဆုများရထားပြီး ချန်ပီယံလေးကြိမ်ဖြစ်ထားသည့် သက်ထားသူဇာ၏နောက်တွင် ဝေးလ်စ်ကစားသမား ဂျော်ဒန်ဟတ်က နှစ်ကြိမ်ဖြင့် ရပ်တည်နေသည်။ ကျန် ၁၄ ကြိမ်တွင် ဂျပန်ကစားသမားလေးဦး၊ တရုတ်နှင့် အင်ဒိုနီးရှားကစားသမား နှစ်ဦးစီ၊ ထိုင်း၊ ဒိန်းမတ်၊ စပိန်၊ ဗီယက်နမ်၊ မလေးရှားနှင့် တူရကီကစားသမား တစ်ဦးစီက ချန်ပီယံဆုများ ရရှိထားသည်။
သက်ထားသူဇာသည် ၂၀၁၈ နှစ်ကုန်ပိုင်းမှစ၍ ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် (BWF) က ကြီးမှူးကျင်းပသည့်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး ချန်ပီယံဆုခြောက်ကြိမ်၊ ဒုတိယဆုနှစ်ကြိမ်ရရှိထားသည်။ သက်ထားသူဇာသည် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ၏ အစီအစဉ်ဖြင့် ဒိန်းမတ်နိုင်ငံ၌ နှစ်လကြာသွားရောက်လေ့ကျင့်ခဲ့ပြီး စက်တင်ဘာ ၆ ရက် ညပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာသည်။
-
ယူကရိန်းက အမေရိကန်ပေးသော ATACMS ဒုံးကျည်များကို အသုံးပြုပြီး တစ်ရက်အကြာတွင် ဗြိတိန်ပေးသော Strom Shadow ခရုစ်ဒုံးကျည်များဖြင့် ရုရှားနယ်မြေကို တိုက်ခိုက်
-
တရုတ်နယ်စပ်လမ်းပိတ်မှုနှင့် သယ်ယူစရိတ်ကြီးမြင့်မှုကြောင့် စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်တွင် ကုန်သည်များ စပါးဝယ်ယူသိုလှောင်မှုမရှိဟုဆို
-
ANS (၆၃.၅ -၆၇) ကီလိုတန်း မြန်မာ့ရိုးရာလက်ဝှေ့ ချန်ပီယံခါးပတ်လုပွဲကို အောက်တိုဘာ ၁၅ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ကစားသမား ၈ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်
-
မကာအိုအသင်းနှင့် ယှဉ်ပြိုင်ရမည့် ၂၀၂၆ ကမ္ဘာ့ဖလား ပထမအဆင့်ခြေစစ်ပွဲအတွက် မြန်မာ့လက်ရွေးစင်အသင်း အောက်တိုဘာ ၅ တွင် လေ့ကျင့်မှု စတင်မည်
-
တရုတ်၏ပါ၀ါအပျော့ကို လှစ်ဟပြနေသည့် အီရတ်မှ တရုတ်ဘာသာစကားကျောင်း