စက်တင်ဘာ ၇ ရက် နံနက်ပိုင်းက ယှဉ် ပြိုင်ကစားသည့် ဆီမီးဖိုင်နယ်ပွဲစဉ်များတွင် နဒါးလ် (ဆီဒင် ၂) က အီတလီကစားသမား ဘာရက်တီနီ (ဆီဒင် ၂၄) ကို ၇-၆ (၈-၆)၊ ၆-၄၊ ၆-၁ ဖြင့် သုံးပွဲပြတ်၊ မက်ဗီဒက်ဗ် (ဆီဒင် ၅) က ဘူလ်ဂေးရီးယားကစားသမား ဒီမီထရော့ဗ် (ဆီဒင်မဲ့) ကို ၇-၆ (၇-၅)၊ ၆-၄၊ ၆-၃ ဖြင့် သုံးပွဲပြတ် အနိုင်ရခဲ့သည်။
ယူအက်စ်အိုးပင်း ဂရင်းစလင်းတင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်းဗိုလ်လုပွဲသို့ နာမည်ကြီး စပိန်ကစားသမား ရာဖေးလ်နဒါးလ် ငါးကြိမ်မြောက်တက်ရောက်ခွင့်ရပြီး ရုရှားကစားသမား မက်ဗီဒက်ဗ်နှင့် ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း သိရသည်။
စက်တင်ဘာ ၇ ရက် နံနက်ပိုင်းက ယှဉ် ပြိုင်ကစားသည့် ဆီမီးဖိုင်နယ်ပွဲစဉ်များတွင် နဒါးလ် (ဆီဒင် ၂) က အီတလီကစားသမား ဘာရက်တီနီ (ဆီဒင် ၂၄) ကို ၇-၆ (၈-၆)၊ ၆-၄၊ ၆-၁ ဖြင့် သုံးပွဲပြတ်၊ မက်ဗီဒက်ဗ် (ဆီဒင် ၅) က ဘူလ်ဂေးရီးယားကစားသမား ဒီမီထရော့ဗ် (ဆီဒင်မဲ့) ကို ၇-၆ (၇-၅)၊ ၆-၄၊ ၆-၃ ဖြင့် သုံးပွဲပြတ် အနိုင်ရခဲ့သည်။ နဒါးလ်သည် ပထမပွဲတွင် ဘာရက်တီနီ၏ Set Point နှစ်ကြိမ်ကို နောက်မှလိုက်ကစားကာ အနိုင်ယူခဲ့ခြင်းဖြစ်ပြီး လက်ကျန်နှစ်ပွဲတွင်မူ အခက်အခဲမရှိဘဲ ပွဲပြတ်အနိုင်ရခဲ့သည်။
ကွာတား ဖိုင်နယ်တွင် ၀ါရင့်ကစားသမား ရော်ဂျာဖက်ဒါရာကိုကျော်ဖြတ်လာသည့် ဒီမီထရော့ဗ်မှာမူ ယခုပွဲတွင် အမှားများသောကြောင့် မက်ဗီဒက်ဗ်ကို သုံးပွဲပြတ်ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ အသက် ၃၃ နှစ်ရှိပြီဖြစ်သည့် နဒါးလ်သည် ယူအက်စ်အိုးပင်းပြိုင်ပွဲ ဗိုလ်လုပွဲသို့ ငါးကြိမ်မြောက် တက်ရောက်ခွင့်ရခြင်းဖြစ်ပြီး သုံးကြိမ် အနိုင်ရဗိုလ်စွဲဖူးသည်။ ၎င်းနှင့်ယှဉ်ပြိုင်ရမည့် မက်ဗီဒက်ဗ် (၂၃ နှစ်) မှာမူ ဂရင်းစလင်းပြိုင်ပွဲများ၌ အမြင့်ဆုံးအဖြစ် ဗိုလ်လုပွဲသို့ ပထမဆုံးအကြိမ် တက်ရောက်ခွင့်ရခြင်း ဖြစ်ကြောင်း သိရသည်။
နဒါးလ်နှင့် မက်ဗီဒက်ဗ်သည် ယခုပွဲ မတိုင်မီ သြဂုတ်လအတွင်းကျင်းပသည့် Rogers Cup (ကနေဒါအိုးပင်း) ဗိုလ်လုပွဲတစ်ကြိမ်တည်းသာ ဆုံတွေ့ဖူးပြီး နဒါးလ်က ၆-၃၊ ၆-၀ ဖြင့် နှစ်ပွဲပြတ် အနိုင်ရဗိုလ်စွဲထားသည်။ ၎င်းတို့နှစ်ဦးယှဉ်ပြိုင်မည့် ဗိုလ်လုပွဲကို မြန်မာစံတော်ချိန် စက်တင်ဘာ ၉ ရက် နံနက် ၂ နာရီ ခွဲတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
-
ယူကရိန်းက အမေရိကန်ပေးသော ATACMS ဒုံးကျည်များကို အသုံးပြုပြီး တစ်ရက်အကြာတွင် ဗြိတိန်ပေးသော Strom Shadow ခရုစ်ဒုံးကျည်များဖြင့် ရုရှားနယ်မြေကို တိုက်ခိုက်
-
တရုတ်နယ်စပ်လမ်းပိတ်မှုနှင့် သယ်ယူစရိတ်ကြီးမြင့်မှုကြောင့် စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်တွင် ကုန်သည်များ စပါးဝယ်ယူသိုလှောင်မှုမရှိဟုဆို
-
ANS (၆၃.၅ -၆၇) ကီလိုတန်း မြန်မာ့ရိုးရာလက်ဝှေ့ ချန်ပီယံခါးပတ်လုပွဲကို အောက်တိုဘာ ၁၅ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ကစားသမား ၈ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်
-
မကာအိုအသင်းနှင့် ယှဉ်ပြိုင်ရမည့် ၂၀၂၆ ကမ္ဘာ့ဖလား ပထမအဆင့်ခြေစစ်ပွဲအတွက် မြန်မာ့လက်ရွေးစင်အသင်း အောက်တိုဘာ ၅ တွင် လေ့ကျင့်မှု စတင်မည်
-
တရုတ်၏ပါ၀ါအပျော့ကို လှစ်ဟပြနေသည့် အီရတ်မှ တရုတ်ဘာသာစကားကျောင်း