ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ပန်ပက်ကျေးရွာအုပ်စု အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ရွမ်းကူရွာတွင် မေ ၁၀ ရက် မွန်းလွဲ ၁ နာရီကျော်ခန့်တွင် ဒုတိယအကြိမ်မြောက် ကျောင်းမျက်နှာကြက်ပြိုကျသဖြင့် လာမည့်ကျောင်းဖွင့်ရာသီအတွက် စိုးရိမ်နေကြရကြောင်း ကျောင်းသားမိဘများထံမှ သိရသည်။
“ဒီရက် နေ့ခင်း ၁ နာရီကျော်အချိန်က မိုးတအားရွာတော့ ကျောင်းပြိုတယ်ဆိုလို့ သွားကြည့်တာ အရင်တစ်ခါက ပြိုတဲ့ဟာတွေပဲ။ အမိုးက ကာထားတဲ့ဟာ။ ကျောင်းတက်ချိန်ဆို ကလေးတွေထိရင် အနာဖြစ်မယ်။ အခုက ကျောင်းပိတ်ချိန်မို့လေ” ဟု ကျောင်းသားမိဘတစ်ဦးဖြစ်သူ မမူသိမ့်က ပြောကြားသည်။
သိန်းမျက်လုံးကုမ္ပဏီက တာဝန်ယူတည်ဆောက်သော ပေ (၃၀_၆၀) စာသင်ဆောင်သည် မိုးသည်းထန်စွာရွာသွန်းမှုနှင့်လေပြင်းတိုက်ခတ်မှုကြောင့် စာသင်ဆောင် အရှေ့ဘက်မျက်နှာစာနှင့် အနောက်ဘက် မျက်နှာစာ မျက်နှာကြက်များ ပြိုကျပျက်စီးကြောင်း သိရသည်။
“ပြိုတာ နှစ်ကြိမ်ရှိပြီ။ ပြိုလို့ ကုမ္ပဏီက လာပြင်ပေးတဲ့နေရာကလည်း ပြန်ပြိုပါတယ်။ ကလေးတွေ ကျောင်းဖွင့်ချိန်မဟုတ်လို့ တော်သေးတယ်” ဟု ပန်ပက်ဟိတရ ပရဟိတ ကျောင်းဆရာတော်က မိန့်ကြားသည်။
ကျောင်းဆောင်အမိုးနှင့် ထုပ်တန်းများ ရက်မများအတွက် သုံးစွဲထားသည့် သစ်များမှာ အရည်အသွေးနိမ့်ခြင်း၊ သစ်များအား ဆက်၍သုံးစွဲထားခြင်း၊ သစ်သက်တန်းနုသဖြင့် အက်ကွဲခြင်း၊ ပိုးထိုးခြင်းများအပြင် အရှေ့ဝရန်တာ ဆလက်ခင်းထားသည့်နေရာတွင် လေခိုခြင်းများကို ၂၀၁၈ ခုနှစ် မတ် ၆ ရက် ညနေပိုင်းတွင် ပြည်နယ်လွှတ်တော် ပြည်သူ့ငွေစာရင်းစောင့်ကြည့်စစ်ဆေးရေး ကော်မတီက ဝင်ရောက်ကွင်းဆင်းစဉ်တွေ့ ရှိရသဖြင့် ရေရှည်တွင်အန္တရာယ်ရှိနိုင်ကြောင်း စစ်ဆေးရေးအဖွဲ့ထံမှ သိရသည်။
ပြည်နယ်ရန်ပုံငွေ ပညာရေးဝန်ကြီးဌာန၏ ဘတ်ဂျက်ဖြင့် သိန်းမျက်လုံးကုမ္ပဏီက တာဝန်ယူတည်ဆောက်နေသော မူလွန်ကျောင်းဖြစ်ကြောင်းလည်း သိရသည်။
ထိုလုပ်ငန်းဆောင်ရွက်ရာနေရာသည် ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းစီမံကိန်း ဖော်ဆောင်ရာ ကြေးကွင်းစွပ် ကယန်းတိုင်းရင်းသားများနေထိုင်ရာ ကျေးရွာများတည်ရှိရာနေရာဖြစ်ပြီး နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော် ကယားပြည်နယ်ခရီးစဉ်လာစဉ်က ဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ဆောင်ပေးရန် လမ်းညွှန်မှုပေးခဲ့သော နေရာဖြစ်ကြောင်းလည်း သိရသည်။
-
ယူကရိန်းက အမေရိကန်ပေးသော ATACMS ဒုံးကျည်များကို အသုံးပြုပြီး တစ်ရက်အကြာတွင် ဗြိတိန်ပေးသော Strom Shadow ခရုစ်ဒုံးကျည်များဖြင့် ရုရှားနယ်မြေကို တိုက်ခိုက်
-
တရုတ်နယ်စပ်လမ်းပိတ်မှုနှင့် သယ်ယူစရိတ်ကြီးမြင့်မှုကြောင့် စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်တွင် ကုန်သည်များ စပါးဝယ်ယူသိုလှောင်မှုမရှိဟုဆို
-
ANS (၆၃.၅ -၆၇) ကီလိုတန်း မြန်မာ့ရိုးရာလက်ဝှေ့ ချန်ပီယံခါးပတ်လုပွဲကို အောက်တိုဘာ ၁၅ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ကစားသမား ၈ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်
-
မကာအိုအသင်းနှင့် ယှဉ်ပြိုင်ရမည့် ၂၀၂၆ ကမ္ဘာ့ဖလား ပထမအဆင့်ခြေစစ်ပွဲအတွက် မြန်မာ့လက်ရွေးစင်အသင်း အောက်တိုဘာ ၅ တွင် လေ့ကျင့်မှု စတင်မည်
-
တရုတ်၏ပါ၀ါအပျော့ကို လှစ်ဟပြနေသည့် အီရတ်မှ တရုတ်ဘာသာစကားကျောင်း