ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် အထိနာခဲ့သော ဥရောပနိုင်ငံများအတွက် စီးပွားရေးဆိုင်ရာ ကယ်ဆယ်ရေးအစီအစဉ် နှင့်ပတ်သက်၍ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအကြား သဘောတူညီချက်ရရှိရန် နီး ကပ်နေကြောင်း သတင်းရင်းမြစ်များက ဧပြီ ၆ တွင် ပြောကြားခဲ့သည်။
ဥရောပသမဂ္ဂ၏ အဖွဲ့ဝင် ၂၇ နိုင်ငံမှ ဘဏ္ဍာရေးဝန်ကြီးများက ဧပြီ ၇ တွင် ဗီဒီယို ကွန်ဖရင့်ဖြင့် အစည်းအဝေးပြုလုပ်မည်ဖြစ် ပြီး ယူရိုဇုန်၏ ယူရိုဘီလျံ ၄၁၀ (ဒေါ်လာ ၄၄၃ ဘီလျံ) တန်ဖိုးရှိ အရေးပေါ်ကူညီရေးရန်ပုံ ငွေအစီအစဉ်ကို သဘောတူညီချက် ရရှိဖွယ် ရှိသည်။ ဝန်ကြီးများအကြား မည်သည့်အရာ ကို သဘောတူခဲ့သည်ဖြစ်စေ ယခုလနှောင်း ပိုင်းတွင် အစည်းအဝေးပြုလုပ်မည့် ဥရောပ သမဂ္ဂခေါင်းဆောင်များထံ ရောက်ရှိမည် ဖြစ်သည်။
သို့သော် ချမ်းသာကြွယ်ဝသော ဥရောပ မြောက်ပိုင်းနိုင်ငံများနှင့် ကြွေးမြီထူပြောသော ဥရောပတောင်ပိုင်းနိုင်ငံများအကြား သဘောထား နက်ရှိုင်းစွာ ကွဲလွဲနေခဲ့ကြပြီး corona bond များ ထုတ်ပေးရန် အဆိုပြုချက်ကိုမူ ဝန်ကြီးများက ဖယ်ထုတ်ထားခဲ့သည်။
ဥရောပအင်အားကြီးနိုင်ငံများဖြစ်ကြ သော အီတလီ၊ ပြင်သစ်နှင့် စပိန်တို့ပါဝင် သည့် နိုင်ငံများအစုက ဗိုင်းရပ်စ်ကြောင့် စီး ပွားရေးဆိုင်ရာ သက်ရောက်မှု ခံစားခဲ့ရမှု များအား သက်သာရာရစေရေး ပုံမှန်ကြွေးမြီ ဆိုင်ရာ ညွှန်ကြားချက်များအတွက် ဂျာမနီ၊ သြစတြီးယားနှင့် နယ်သာလန်တို့အား မေတ္တာရပ်ခံခဲ့ကြသည်။
သို့သော် ဥရောပမြောက်ပိုင်းရှိ ကွန်ဆာဗေးတစ်ဝါဒီ နိုင်ငံရေးသမားများက ထိုအစီအစဉ်များသည် နောက်ဆုံးတွင် အဖွဲ့၏ ကြွေးမြီအားလုံးကို မျှဝေယူခြင်းဖြစ်သွားပြီး အခွန်ထမ်းများသည် တောင်ပိုင်း၏ စည်းမဲ့ ကမ်းမဲ့ ဖြုန်းတီးခြင်း ဖြစ်ဖွယ်ရှိမှုအတွက် ကျခံရမည်ကို စိုးရိမ်နေကြသည်။
ဂျာမနီဝန်ကြီးချုပ် အင်ဂျလာမာကယ် က လိုအပ်နေသော နိုင်ငံများအား ကူညီပေး ရန်အတွက် European Stability Mechanism အရေးပေါ်အကူအညီ ရန်ပုံငွေကို စတင်သုံးစွဲရန် ဂျာမနီ၏ရပ်တည်ချက်အား ဧပြီ ၆ တွင် ထပ်မံ ပြောကြားခဲ့သော်လည်း ချေးယူမှုအား မျှဝေမှုကိုမူ မရည်ညွှန်းခဲ့ပေ။
ယူရိုဇုန် ကြွေးမြီအကျပ်အတည်း ကြုံတွေ့စဉ်အတွင်း ၂၀၁၂ ခုနှစ်တွင် ထူထောင်ခဲ့သော European Stability Mechanism သည် စျေးကွက်များတွင် ထပ်မံ ချေးငှား၍ မရတော့သော နိုင်ငံများကို ကူညီပေးရန် ရည်ရွယ်ခဲ့သည်။
စီးပွားရေးဆိုင်ရာ ရုတ်တရက်ဖြစ်သည့် ကပ်ဘေးကို ပြောင်းလဲနိုင်ရန်အတွက် ဥရောပ ဗဟိုဘဏ်၏ ယူရို ဘီလျံ ၇၅၀ သုံးစွဲမည့် စီး ပွားရေးလှုံ့ဆော်မှုအစီအစဉ်ကို မာကယ်က ချီးကျူးခဲ့သည်။
သို့သော် COVID-19 ကပ်ဘေးကြောင့် စီးပွားရေးဆိုင်ရာ ပျက်စီးခဲ့ရပြီး ဥရောပ၏ စဉ်းစားမှုပုံစံကို ပြောင်းလဲရန် တွန်းအားဖြစ် ခဲ့ကြောင်း ပြင်သစ်က အခိုင်အမာ ပြောကြား ခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများသည် မကြုံစဖူး နည်း လမ်းများဖြင့် အပြန်အလှန်ကူညီကြစေလို ကြောင်း တိုက်တွန်းခဲ့သည်။
ညီတူညီမျှ ပြန်လည်ထူထောင်မှု
အဖွဲ့ဝင်နိုင်ငံအချို့ထက် ဥရောပအား မည်သည့်အရာကမျှ ပိုမိုဆိုးရွားစေမည် မဟုတ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ထိုနိုင်ငံများသည် အလျင်အမြန် ပြန်လည် စတင်နိုင်ရန်အတွက် ချမ်းသာကြွယ်ဝကြ ကြောင်း၊ အချို့နိုင်ငံများမှာမူ မတတ်နိုင်သ ဖြင့် တဖြည်းဖြည်း စတင်လိမ့်မည်ဖြစ်ကြောင်း ပြင်သစ်ဘဏ္ဍာရေးဝန်ကြီး ဘရူနိုလီမိုင်ရီက France 2 သို့ ပြောကြားခဲ့သည်။ ယူရိုဇုန်၏ စည်းလုံးမှု၊ တစ်သားတည်းရှိမှုနှင့် ပေါင်း စည်းမှုတို့အား အာမခံနိုင်ရန် မိမိတို့အားလုံး သည် တူညီသောနှုန်းဖြင့် ပြန်လည်ထူထောင် ရန် လိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား