ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲကို ယနေ့ နိုဝင်ဘာလ (၁၅) ရက် တန်ဆောင်မုန်းလပြည့်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် ကြိတ်ကြိတ်တိုး စည်ကားနေကြောင်း သိရသည်။
ယမန်နေ့ နိုဝင်ဘာလ (၁၄) ရက်နေ့ (တန်ဆောင်မုန်းလဆန်း (၁၄) ရက်)က သံဃာတော်များအား ဆွမ်းဆန်စိမ်းဆောင်လှူပွဲပုလုပ်ခဲ့ပြီး၊ ယနေ့ နိုဝင်ဘာလ (၁၅) ရက်နေ့ (တန်ဆောင်မုန်းလပြည့်နေ့ မွန်းလွဲ (၂) နာရီခွဲအချိန်မှစတင်ကာ အောင်မင်္ဂလာရပ်ကွက် ပုပ္ပါးလမ်းတစ်လျှောက်တွင်နိဗ္ဗာန်ဈေးအလှူပွဲကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးကပြောကြားသည်။
၎င်းကဆက်လက်ပြီး " အောင်မင်္ဂလာ (၄) လမ်းထိပ်က စတုဒိသာမဏ္ဍပ်မှာ ဇလုံထမင်းနဲ့ ဧည့်ခံကျွေးမွေးနေသလို၊ အောက်ဆိပ်ဆွမ်းလောင်းရုံမှာလည်း ပဲကုလားဟင်းနှင့် ထမင်းနဲ့ ဧည့်ခံကျွေးမွေးနေပါတယ်။ နောက်ပြီး ဇင်းကျိုက်လမ်းမှာလည်း မုန့်ဟင်းခါးစတုဒီသာ ကျွေးမွေးနေပါတယ်။ တခြား မုန့်တွေ၊ အအေးတွေလည်း ကျွေးမွေးလှူဒါန်းမှုတွေ ရှိပါသေးတယ်" ဟု ပြောကြားသည်။
ထို့အပြင် မြန်မာမုန့်များ စားသုံးလိုပါကလည်း ဆွမ်းကြီးလောင်း အလှူခံမဏ္ဍပ်တွင် တိုကင်များ ထုတ်ယူပြီး လာရောက်စားသုံးနိုင်ကြောင်းလည်း ၎င်းကဆိုသည်။၎င်းအပြင် ဖျော်ဖြေရေးမဏ္ဍပ်တွင်လည်း တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုများရှိကြောင်းလည်း ရေးမြိုခံပြည်သူတစ်ဦးကပြောကြားသည်။
"ထမင်းနဲ့ ဟင်းတွေ၊ မုန့်ဟင်းခါး၊ ကြာဇံဟင်းခါး၊ မုန့်မျိုးစုံ အများကြီးပဲ။ အအေးတွေလှူတဲ့သူလည်းရှိတယ်။ လူတွေလည်းအများကြီးပးပဲလာကြတယ်။ ရေးမြို့ပေါ်ကရော၊ အနီးအနားကကျေးရွာတွေကပါ လာကြတော့ ကြိတ်ကြိတ်တိုးနေရောပဲ" ဟု ၎င်းမြို့ခံက ဆက်လက်ပြောကြားသည်။
ရေးမြို့ပေါ်တွင် ယခုကဲ့သည့် ကြိတ်ကြိတ်တိုးစည်ကားမှုမျိုးမတွေ့ရသည်မှာကြာနေပြီးဖြစ်ကြောင်း နှင့် ယခုလို စည်စည်ကားကားဖြင့် တွေ့ရသည့်အတွက် ဝမ်းမြောက်ကြောင်းလည်း ၎င်းကဆိုသည်။
ယနေ့ နိုဝင်ဘာလ (၁၅) ရက်နေ့ (တန်ဆောင်မုန်းလပြည့်နေ့) တွင် ရေးမြို့အပါအဝင် မွန်ပြည်နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များ ကျေးရွာများ၌ တန်ဆောင်တိုင်မီးထွန်းပွဲများ၊ စတုဒီသာအလှူ နှင့် နိဗ္ဗာန်ဈေးအလှူပွဲများ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား
-
ဖိလစ်ပိုင်မြောက်ပိုင်းတွင် တိုင်ဖွန်းအူဆာဂီ ဝင်ရောက်တိုက်ခတ်မှုကြောင့် လူပေါင်းထောင်နှင့်ချီ ဘေးလွတ်ရာရွှေ့ပြောင်း
-
ဆော်လမွန်ကျွန်းနိုင်ငံအနီးတွင် ကမ္ဘာ့အကြီးဆုံး သန္တာကျောက်တန်း တွေ့ရှိ