Top News

ကချင်ဒေသရှိ စစ်ဘေးရှောင်များ လုံခြုံစိတ်ချစွာ နေရပ်ပြန်နိုင်ရေး မိုင်းအန္တရာယ် ကာကွယ်ရေးနှင့် မြေမြှုပ်မိုင်း ရှင်းခြင်း ကိစ္စများ၌ အစိုးရ အဖွဲ့များအပြင် ကျွမ်းကျင်သော အဖွဲ့များ ပူးပေါင်းဆောင်ရွက်ခွင့် ရှိရန် လိုအပ်ကြောင်း KHCC ထုတ်ပြန်
24htopnews | November 1, 2024 5:12 PM CST

ကချင်ဒေသရှိ စစ်ဘေးရှောင်များ လုံခြုံစိတ်ချစွာ နေရပ်ပြန်နိုင်ရေး မိုင်းအန္တရာယ် ကာကွယ်ရေး နှင့် မြေမြှုပ်မိုင်းရှင်းခြင်းကိစ္စများ၌ အစိုးရအဖွဲ့များအပြင် ကျွမ်းကျင်သော အဖွဲ့များ ပူးပေါင်းဆောင်ရွက်ခွင့်ရှိရန် လိုအပ်ကြောင်း ကချင်ဒေသရှိစစ်ဘေးရှောင် ပြည်သူများအားကူညီစောင့်ရှောက်ရေးကော်မတီ (KHCC) က ဒီဇင်ဘာ ၇ ရက်တွင် သဘောထားထုတ်ပြန်သည်။

အဆိုပါ သဘောထားထုတ်ပြန်ချက်တွင် KHCC သည် IDP များ မိမိမူလ နေရပ် ပြန်နိုင်ရန်နှင့်ပတ်သက်၍ စနစ်တကျ ပေါ်လစီချမှတ်ကာ ဦးဆောင်နေသည်သာမက နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်နေကြောင်း၊ KHCC သည် NRPC က ဖွဲ့စည်းပေးထားသော ကချင်ပြည်နယ် အ တွင်းရှိနေရပ်စွန့်ခွာရသူများ(IDPs )ပြန် လည်နေရာချထားမှုအကောင်အထည်ဖော် ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့နှင့်ဆွေးနွေးညှိနှိုင်းကာ စစ်ဘေးရှောင်ပြည်သူများ မိမိမူလနေရပ်သို့ ပြန်သည့်လုပ်ငန်းကို စတင်အ ကောင်အထည်ဖော်ဆောင်ရွက်နေ ကြောင်း၊ နေရပ်ပြန်ရေး ဆောင်ရွက်နေသည့် လုပ်ငန်းများကို နိုင်ငံတော် အစိုးရမှ ဆက်လက် အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်နိုင်ရန် နိုင်ငံတော်အကြီးအကဲ၏ ပံ့ပိုးလမ်းညွှန် မှုနှင့် တွန်းအားပေးမှုများလည်း လိုအပ်ပါကြောင်း၊  လုံခြုံစွာနှင့်ယုံကြည်စိတ်ချစွာ နေရပ်ပြန်နိုင်ရေးအတွက် လူသားခြင်း စာနာထောက်ထားမှုဆိုင်ရာ မိုင်းအန္တရာယ် ကာကွယ်ရေး အမြင်ဖွင့်ခြင်းများနှင့်မြေမြှုပ် မိုင်းရှင်းလင်းရေးဆိုင်ရာကိစ္စရပ်များကို သက်ဆိုင်ရာ အစိုးရအဖွဲ့အပြင်ကျွမ်းကျင် သောအဖွဲ့အစည်းများက လည်း ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ဖော်ပြထားသည်။

 KHCC ဗဟိုကော်မတီဝင်တစ်ဦးက“ဒီဇင်ဘာ ၁ ရက်နေ့မှာ ကာချုပ်နှင့် ဆွေးနွေး တော့ အဆင်ပြေမှုတွေအများကြီးရှိတယ်။ မိုင်းရှင်းလင်းရေးလုပ်ငန်းတွေကို တာဝန်ယူပေးသွားတယ်။ အောက်ခြေမှာလည်း လုပ် နေတယ်။ NRPC နဲ့ဆွေးနွေးကြတဲ့အခါ အရေးကြီးတာတွေ အရင်ဆုံးအကောင်အ ထည်ဖော်ဖို့မူတွေချထားတာရှိတယ်။အရင် အချိန်တွေက သဘောတူထားသလို နိုင်ငံတကာအဖွဲ့အစည်းတွေ မပါလာနိုင်သေးဘူး။ ပညာပေးကဏ္ဍတွေက လိုနေသေး တယ်။ တပ်မတော်နှင့်ကေအိုင်အေ အဆင်ပြေလို့ပြန်ရင်လည်း အစိုးရဘက်ကဝိုင်းပြီး တွန်းအားပေးဖို့ တစ်ပြိုက်နက်ထဲ ၀ိုင်းဝန်းလုပ်ဆောင်ဖို့လိုသေးတယ်။ဒီနေရပ်ပြန် ရေးကိစ္စတွေ ငြိမ်းချမ်းရေးလုပ်ငန်း တွေ အ တွက် တွန်းအားတွေဖြစ်တော့ကျွန်တော်တို့ မူဝါဒချထားတွေ အားလုံး တပြိုင်နက်ဆွေး နွေးအကောင်အထည်ဖော်ဆောင်နိုင်ဖို့ဒီ ထုတ်ပြန်ချက်ထုတ်တာပါ။ နေရပ်ပြန်နိုင်ရေး ကိစ္စရပ်ဟာ အဖွဲ့အစည်းတွေတစ်ခုတည်း လုပ်လို့မဖြောင့်ဖြူးဘူး။ အရင်ကတည်းက နေရပ်ပြန်နိုင်ရင်အားလုံး ကမောက်ကမ မဖြစ်အောင်နိုင်ငံတကာ ကူညီပါဝင်ရေးတွေ ပါဝင်တယ်။ဘက်ပေါင်းစုံ အဆင်မပြေစေဖို့ပေါ့။ ဒါတွေအားလုံးညှိ နှိုင်းဖို့ ပူးပေါင်းရေး လုပ်ဖို့ လိုနေသေးတယ်။အဲဒါပြောချင်တာပါ ထုတ်ပြန်ချက်က” ဟု ပြောကြားသည်။

ထို့ပြင် ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် NLD အစိုးရမှ အောင်မြင်စွာ ဆောင်ရွက်နိုုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပါသည်ဟု KHCC ၏ သဘောထား ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 ဂျပန်နိုင်ငံ နိပွန်ဖောင်းဒေရှင်းက ကချင်စစ်ဘေးရှောင် ၁၇ နေရာကို နေရပ် ပြန်နိုင်ရေး အတွက် အမေရိကန်ဒေါ်လာ ငါးသန်း ကူညီရန် ၂၀၁၉ ခုနှစ်ကသဘောတူကာ  စတင်အကောင် အထည်ဖော်ဆောင် ခဲ့သည်။

ကချင်ဒေသရှိ စစ်ဘေးရှောင်ပြည်သူ များအား ကူညီစောင့်ရှောက်ရေး ကော်မတီ (KHCC) က တနိုင်းမြို့၊ ၀ိုင်းမော်မြို့နယ် ရွှေညောင်ပင်ကျေးရွာတို့တွင် နေရပ်ပြန်ခြင်း နေရာချထားခြင်း တို့ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

ကချင်ပြည်နယ်တွင်း ဒေသတွင်း နေရပ်ရွေ့ပြောင်း စစ်ရှောင်များအတွက် နေရပ်ပြန်နိုင်ရေး ဆောာင်ရွက်ရန် နိုင်ငံတော် သမ္မတက ၂၀၁၉ ခုနှစ်တွင် နေရပ်ပြန်လည်ချထားရေး လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရေးအဖွဲ့ကိုဖွဲ့စည်းခဲ့ကြောင်း၊ နောက်တစ်ဖွဲ့မှာ တိုက်ပွဲရှောင်ပြည်သူများ ပြန်လည်နေရာချထားရေးနှင့် စခန်းများ ပြန်လည်ရုပ်သိမ်းရေး အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ရေးဆွဲခဲ့ကြောင်း၊ ပြည်နယ် အစိုးရအနေဖြင့် နှစ်လတစ်ကြိမ် အစီရင်ခံစာ တင်ပြကာ ဆောင်ရွက်နေကြောင်း  ကချင်ပြည်နယ် အစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းထွန်းက  ပြောကြားထားသည်။                                            

 


READ NEXT
Cancel OK