နစကဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်အရ ‘‘၀’’ ပြည် သွေးစည်း ညီညွတ်ရေးပါတီ (UWSP) သည် မေ ၂၉ ရက်တွင် နေပြည်တော်သို့ ရောက်ရှိ လာသည်။
နစကဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ် ခေါ်ချက်အရ UWSP သည် နေပြည်တော်သို့ ငြိမ်းချမ်းရေးဆွေးနွေးရန် ရောက်ရှိလာသည့် စတုတ္ထမြောက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည်။
UWSP ငြိမ်းချမ်းရေးဆွေးနွေး ရေးကိုယ် စားလှယ်အဖွဲ့အား UWSP ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကုက ဦးဆောင်လာခြင်းဖြစ်သည်။
မေ ၃၀ ရက်တွင် နစကဥက္ကဋ္ဌ၊ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် တပ်မတော် ထိပ်ပိုင်း ခေါင်ဆောင်များနှင့် UWSP ဒုတိယ ဥက္ကဋ္ဌ ဦးဆောင်သည့် ငြိမ်းချမ်းရေး ဆွေးနွေး ရေးအဖွဲ့တို့ နေပြည်တော်တွင် တွေ့ဆုံဆွေး နွေးကြသည်။
နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုတွင် ငြိမ်းချမ်းရေး ရရှိမှသာလျှင် ဒေသ တည်ဆောက်ရေးနှင့် တိုင်းပြည် တည်ဆောက်ရေးကို ပိုမိုသွက်လက်စွာ ဆောင်ရွက်နိုင်မည့်အကြောင်း ကို နစက ဥက္ကဋ္ဌက ဆွေးနွေးပြော ကြားသည်။
ပြည်သူလူထု၏ ဆန္ဒနှင့် ကိုက်ညီသည့် ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးဆောင်ရွက် ရေး၊ ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ်ကို အခြေ ခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုင် ရာကိစ္စရပ်များနှင့် ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များလည်း နစကဥက္ကဋ္ဌ၏ ဆွေး နွေးမှုတွင် ပါဝင်ခဲ့သည်။၊
နစကဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် ၎င်းတို့၏ ဆွေးနွေးပြောကြားချက် များကို မေ ၃၁ ရက်တွင် UWSP ဘက်ကထုတ် ပြန်ချက်တစ်ရပ် ထုတ်ပြန်ဖော်ပြခဲ့သည်။
လက်ရှိ ပြည်တွင်းအခြေအနေ အရ ‘‘၀’’ ၏ သဘောထားမှာ အစိုး ရဘက်မှ မည်သူအုပ် ချုပ်သည်ဖြစ်စေ ဗမာတိုင်းရင်းသားများ၏ အတွင်းရေးသာဖြစ်ပြီး ပဋိပက္ခများ ပိုမို မဖြစ် စေလိုသောကြောင့် မည်သည့် ဘက်မှ ပါဝင် ပတ်သက်မည် မဟုတ်ဟု ‘‘၀’’ ကိုယ်စားလှယ် အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၇၀ ကျော် ပဋိပက္ခသည် မည်သည့် အခြေခံပြဿနာကိုမျှ အင်အားသုံး မဖြေရှင်းနိုင်ကြောင်းကို သက် သေ ပြနေပြီး ၎င်းင်းသည် လူမျိုးစုအသီးသီး နှင့် ပဋိပက္ခများအတွက်သာမက ဗမာလူမျိုးအ တွင်းရှိ ပဋိပက္ခများအတွက်လည်း သင့်လျော် သည်ဟု ‘‘၀’’ အဖွဲ့က နစကဥက္ကဋ္ဌနှင့် တွေ့ ဆုံမှုတွင် ပြောကြားသည်။
နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာ နိုင်ငံ၏ အခြေအနေကို ဖြေရှင်းရန် ကြိုးစား နေသော်လည်း နောက်ဆုံးဖြေရှင်းရာတွင် ပြည်တွင်း ပဋိပက္ခဖြစ်ပွားသော သက်ဆိုင်သူ ဖက်ကိုသာ အားကိုးရမည်ဟု ‘‘၀’’ အဖွဲ့က ဆိုသည်။
ပဋိပက္ခဖြစ်ပွားသော သက်ဆိုင်သူများ အနေဖြင့် စစ်ရေးပဋိပက္ခကြောင့် တန်ဖိုုးရှိ သော အသက်ပေါင်းများစွာ ပိုမိုဆုံးရှုံးရခြင်း၊ လူမှုအသိုင်းအဝိုင်းနှင့် လူမျိုးစုများ ကွဲ ပြား ခြင်း၊ အမုန်းတရားများ သားစဉ် မြေးဆက်အ ထိ လက်ဆင့်ကမ်းသည့် လုပ်ဆောင်မှု ရှောင် ရှားနိုင်ရန် တွေ့ ဆုံဆွေးနွေးမှုများမှတစ်ဆင့် အမြန်ဆုံး ဖြေရှင်းရန် ‘‘၀’’ အဖွဲ့က တိုက်တွန်း သည်။
ထို့ပြင် နိုင်ငံတော်အား ပြိုကွဲစေခြင်း၊ နိုင်ငံတော်မှ ခွဲထွက်ခြင်း လုံးဝပြုလုပ်မည် မဟုတ်၊ နိုင်ငံတော် ကာကွယ် ရေးနှင့် သံတမန် ရေးရာမှ လွှဲ၍ ‘‘၀’’ ဒေသကို ၎င်းင်းတို့ကိုယ်တိုင် စီမံအုပ်ချုပ်သွားမည်ဟု နစက ဥက္ကဋ္ဌနှင့် တွေ့ဆုံစဉ် ‘‘၀’’ အဖွဲ့က တင်ပြခဲ့သည်။
ထို့ပြင် အစိုးရနှင့် ချုပ်ဆိုထားသော ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် ငြိမ်း ချမ်းရေးစာချုပ်ကို ဆက်လက်လိုက်နာပြီး ငြိမ်းချမ်းရေး ကို ထိန်းသိမ်းသွားမည်ဟုလည်း ‘‘၀’’ အဖွဲ့က နစကဥက္ကဋ္ဌနှင့် တွေ့ဆုံစဉ် ပြော ကြားခဲ့သည်။
ယခင်က ‘‘၀’’အဖွဲ့က ပြည်ထောင်စု အစိုးရထံ အဆိုပြုတင်ပြခဲ့သော နိုင်ငံရေး ဆွေးနွေးမှု အထွေထွေမူဝါဒအရ အခြားတိုင်း ရင်းသား ပြည်နယ်နှင့် တန်းတူရည်တူသော ‘‘၀’’ အမျိုးသားကိုယ်ပိုင်အုပ်ချုပ် ခွင့်ရပြည် နယ် တည်ထောင်ရန် ‘‘၀’’ အဖွဲ့က တောင်းဆို သည်။
အဆိုပါကိစ္စသည် ‘‘၀’’ ဒေသရှိ ခြောက် သိန်းသော ပြည်သူလူထု ၏ ဆန္ဒဖြစ်သည်ဟု ‘‘၀’’ အဖွဲ့က ဆိုသည်။
အစိုးရနှင့် ဆွေးနွေးမှုအတွက် သဘော တူညီမှု မရရှိနိုင်ပါက လက် ရှိအနေအထားကို ထိန်းသိမ်းရန်၊ နှစ်ဖက်ကြား ပဋိပက္ခများကို ရှောင်ရှားရန်နှင့် အနာဂတ်တွင် ငြိမ်းချမ်း ရေးဆွေးနွေးမှု အဆင်ပြေစေရေးအတွက် ငြိမ်းချမ်းရေးကို အတတ်နိုင် ဆုံး ထိန်းသိမ်း သွားရန် ‘‘၀’’ အဖွဲ့ က တောင်းဆိုသည်။
ယခင်အစိုးရလက်ထက်များ ကတည်းက ပင် ‘‘၀’’ အဖွဲ့က ‘‘၀’’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအား ပြည်နယ်အဆင့် တိုးမြှင့်ပေးရန် အစဉ်တစိုက် တောင်းဆိုခဲ့ပြီး ယခု အခါ နစက ဥက္ကဋ္ဌနှင့် တွေ့ဆုံစဉ် ‘‘၀’’ ဒေသအား ပြည် နယ်အဆင့် သတ်မှတ်ပေးရန် ထပ်မံတောင်း ဆိုခြင်းဖြစ်သည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မြန်မာတရုတ် နယ်စပ်တွင် တည်ရှိ သည့် ‘‘၀’’ ဒေသအား ပြည်နယ်အဆင့် သတ်မှတ်ပေးရန် တောင်းဆို မှုသည် ယခင်ကတည်းကပင် ရှမ်းနိုင်ငံရေး အသိုင်းအဝိုင်းက ကန့်ကွက်ထားသော အကြောင်းအရာလည်းဖြစ်သည်။
‘‘၀’’ တပ်ဖွဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှု နှစ် (၃၀) ပြည့်အခမ်းအနားကို ၂၀၁၉ ခုနှစ် တွင် ပန် ဆန်းမြို့၌ ပြုလုပ်ခဲ့ပြီး အဆိုပါ အခမ်း အနားတွင် ‘‘၀’’ ဒေသအား ပြည်နယ်အဆင့် တိုးမြှင့်သတ်မှတ် ပေးရန် ‘‘၀’’ တပ်ဖွဲ့ ခေါင်း ဆောင် ဦးပေါက်ယူချန်းက တောင်းဆိုထား သည်။
ထို့ပြင် ယခင်အစိုးရလက်ထက် များက ကျင်းပခဲ့သော ငြိမ်းချမ်းရေး ညီလာခံအချို့ တွင်လည်း ‘‘၀’’ ခေါင်းဆောင်တချို့ နေပြည် တော်သို့ လာရောက်၍ ‘‘၀’’ ဒေသအား ပြည် နယ်အဆင့် သတ်မှတ်ပေးရန် နိုင်ငံခေါင်း ဆောင်များထံ တောင်း ဆိုခဲ့သည်။
‘‘၀’’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းကို ခရိုင် နှစ်ခုဖြင့် ဖွဲ့စည်း ထားပြီး ၎င်းင်းအား ပြည်နယ် အဆင့် သတ်မှတ်ပေးရေးသည် ဖွဲ့စည်းပုံအ ခြေခံဥပဒေ၊ ဇယား (၂) ပါ အ ကြောင်းအရာ များနှင့် ဆက်စပ်မှုရှိသည်ဟု နစက ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြော ကြားသည်။
နေပြည်တော်တွင် ဇွန် ၁ ရက် က နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းစာ ရှင်း လင်းပွဲ ပြုလုပ်ခဲ့ပြီး အဆိုပါသတင်းစာရှင်း လင်းပွဲတွင် နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ် ချုပ် ဇော်မင်းထွန်းက ‘‘၀’’ ပြည်နယ်သတ် မှတ်ပေးရေးနှင့်ပတ်သက် ၍ ထည့်သွင်းပြော ကြားမှုများ ရှိခဲ့ သည်။
‘‘ ‘‘၀’’ ကိစ္စနဲ့ပတ်သက် လာပြီးရင် မူဝါဒ အားဖြင့် ကျွန်တော် တို့က ဒါ တောင်းဆိုတဲ့ဟာ ပေါ့နော်၊ မူဝါဒအားဖြင့် ကျွန်တော်တို့က ခုလို ပုံစံမျိုး၊ ဒါ့ထက်မြင့်တဲ့ပုံစံမျိုးပေးနိုင်ဖို့အတွက် ယေဘုယျမူဝါဒအားဖြင့်က ရှိပြီးဖြစ်ပါ တယ်’’ ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းကပြောသည်။
‘‘၀’’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ပေးရန် တစ်ခုတည်းအတွက်သာမဟုတ်ဘဲအခြား သော တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လည်း ယခုထက်ပိုသောဆောင်ရွက်ခွင့်၊ ပြဋ္ဌာန်းခွင့်များ ပေးနိုင်ရေးအတွက် တပ်မ တော်ဘက်က မူဝါဒ အားဖြင့် သဘောတူပြီး ဖြစ်သည်ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြော သည်။
လက်ရှိတွင် နစကဥက္ကဋ္ဌ၏ ငြိမ်းချမ်းရေး ဖိတ်ခေါ်ချက်အရ ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်၊ တပ်မ တော်ထိပ်ပိုင်းခေါင်းဆောင်များ နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်း တချို့ တွေ့ဆုံဆွေးနွေးမှု များ ဆောင်ရွက်နေ သည်။
အဆိုပါ ဆွေးနွေးမှုများတွင် ခွဲမထွက် ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေး၊ ငြိမ်းချမ်းရေး၊ တိုင်းရင်းသားများ၏ လိုအပ်ချက်များနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ရှိနေသည်။
ယခုဆွေးနွေးမှုများတွင် တပ်မ တော်နှင့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများ အကြား သ ဘောတူညီတချို့ ရရှိထားပြီး ယင်း သဘောတူညီချက်များကို နှစ်ဖက် သဘောတူ လက်မှတ်ရေးထိုးကြ သည်။
ထိုသို့ ရရှိထားသော သဘော တူညီချက် များနှင့်ပတ်သက်၍ နောင်တစ်ချိန် လွှတ်တော် တွင် ဆွေးနွေး ဆုံးဖြတ်ရန် ရှိလာပါက ယခု ရရှိထားသော သဘောတူညီချက်များအပေါ် တပ်မတော်ဘက်က ကန့်ကွက်ရန် မရှိဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
တပ်မတော်အနေဖြင့် ပါတီ စုံဒီမိုကရေစီ စနစ်၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုစနစ်တည် ဆောက်ရန် အာမခံထားပြီး ယင်းမူဘောင် နှစ်ခုထဲမှ ညှိနှိုင်းဆွေးနွေးအဖြေရှာကာ မူဝါဒ သဘောထားများအရ ဆောင်ရွက်နိုင်သည့် ကိစ္စရပ်များကို ဆောင်ရွက်ပေးသွားမည်ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားသည်။
နစကဥက္ကဋ္ဌ၊ နစက၏ ငြိမ်းချမ်းရေးဆွေး နွေးရေးအဖွဲ့နှင့် UWSP ဒုတိယဥက္ကဋ္ဌ ဦး ဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ နေပြည် တော်တွင် သုံးရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြ သည်။
အဆိုပါ ဆွေးနွေးမှုများအတွင်း နစက ဘက်က ဆွေးနွေးတင်ပြသည့် ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေးနှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုစနစ် တည် ဆောက်ရေးကို UWSP ဘက်က သဘော တူ သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုံးက သတင်းထုတ်ပြန်သည်။
နိုင်ငံတော်၏ ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့နှင့် UWSP ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့တို့ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို သုံးရက် ကြာ ဆွေးနွေးပြီးနောက်ရရှိလာသော သဘော တူညီချက်များကို ဇွန် ၁ ရက်တွင် နှစ်ဖက် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။
မြန်မာ-တရုတ် နယ်စပ်တွင် အခြေစိုက် သည့် ‘‘၀’’ အဖွဲ့သည် ခေတ်မီစစ်လက်နက် ပစ္စည်းများ ပိုင်ဆိုင်ထားသည့် အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တစ်ခုဖြစ်ပြီး ၎င်းတို့အနေဖြင့် အစိုးရက ဖော်ဆောင်လျက်ရှိသည့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ်ရေးထိုးထားခြင်း မရှိသေးပေ။
အစိုးရအဆက်ဆက်ကမူ ‘‘၀’’အဖွဲ့ NCA စာချုပ်တွင် ပါဝင် လက်မှတ်ရေးထိုးနိုင်ရေး ကြိုးစားနေဆဲဖြစ်ပြီး ‘‘၀’’ အနေဖြင့်လည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ရ ရှိရေးသာ ဆက်လက်တောင်းဆိုလျက်ရှိသည်။
နစကဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ချက်အရ မိုင်းလားအဖွဲ့ (NDAA) ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့ ဦးဆောင်သော ငြိမ်းချမ်း ရေးကိုယ်စား လှယ်အဖွဲ့သည် ဇွန် ၃ ရက်တွင် နေပြည်တော် သို့ ရောက်ရှိလာသည်။
ဇွန် ၄ ရက်တွင် နစကဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်နှင့် မိုင်းလားအဖွဲဲ့ ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ် အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံဆွေးနွေးမှုတွင် လက် နက်ကိုင်ပဋိပက္ခများကို ငြိမ်းချမ်းစွာ ဆွေးနွေး အဖြေရှာနိုင်မှသာလျှင် ပြည်ထောင်စုကြီး ဖွံ့ ဖြိုး တိုးတက်ရေးလုပ်ငန်းများကို ပိုမို ဆောင် ရွက်နိုင်မည်ဖြစ်သည်ဟု တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က ပြောကြားသည်။
ထို့ပြင် ပြည်တွင်းငြိမ်းချမ်းရေး ရရှိ အောင် ဆောင်ရွက်နေမှုများ၊ ပါတီစုံဒီမိုက ရေစီစနစ်ကျင့်သုံး ဆောင်ရွက်ရေးကိစ္စနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံ သည့် ပြည်ထောင်စုတည်ဆောက်ရေး ဆိုင်ရာ ကိစ္စရပ်များကိုလည်း တပ်မတော်ကာကွယ် ရေး ဦးစီးချုပ်က ရှင်းလင်းပြောကြားခဲ့သည်။
မိုင်းလားအဖွဲ့အနေဖြင့် နိုင်ငံ တော်မှ ခွဲမထွက်ဘဲ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်း ရင်းသားစည်းလုံး ညီညွတ်ရေးနှင့် နိုင်ငံ တော်၏ အ ချုပ်အခြာအာဏာတည်တံ့ခိုင်မြဲ ရေး ထိန်းသိမ်းလိုက်နာ ဆောင်ရွက်လျက်ရှိ သည့် အခြေအနေများကို မိုင်းလားအဖွဲ့ဘက် က ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။
ဇွန် ၅ ရက်နှင့် ၆ ရက်တွင် နစက၏ ငြိမ်း ချမ်းရေးဆွေးနွေးရေး အဖွဲ့နှင့် မိုင်းလားအဖွဲ့ တို့ ငြိမ်းချမ်း ရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စ ရပ်များကို ဆွေးနွေးခဲ့ကြပြီး ဇွန် ၆ ရက်တွင် နှစ်ဖက်ဆွေးနွေးထားမှုများ မှ ရရှိထားသော သဘောတူညီချက်များကို လက်မှတ်ရေးထိုး ခဲ့ကြသည်။
နစကဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ် ခေါ်ချက်အရ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ရန် စာရင်းပေးထားသည့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့ ရှိသည်။
လက်ရှိအချိန်အထိ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်း ငါးဖွဲ့နှင့် တွေ့ဆုံဆွေး နွေးမှုများ ပြုလုပ်ထားပြီး တွေ့ဆုံဆွေးနွေးမှု များမှ ရရှိထားသော သဘောတူညီချက်များ ကို နှစ်ဖက်လက်မှတ်ရေးထိုးထားကြသည်။
လက်မှတ်ရေးထိုးထားသောသဘော တူညီချက်များကို နှစ်ဖက်ညှိနှိုင်း၍ ဆက် လက်အကောင်အထည်ဖော်မည်ဖြစ်သည်။
နစကဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ် မှတ်ကာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အ စည်းအားလုံးကို ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ထား သည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA) တို့ကဲ့ သို့ အင်အားကြီး တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အ စည်းတချို့ ငြိမ်းချမ်းရေးဆွေးနွေး ပွဲတက်ရောက်ရန် ငြင်းဆန်ထား သည်။
သို့သော်လည်း တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်းအားလုံးအတွက် ငြိမ်းချမ်း ရေး ဆွေးနွေးပွဲ တံခါးမှာ အမြဲတမ်းဖွင့်ထား သည်ဟု နစကပြောရေးဆိုခွင့်ရှိသူက ပြော ကြားထားသည်။
ငြိမ်းချမ်းရေးနှစ်၏ ငြိမ်းချမ်းရေးဆွေး နွေးပွဲများက ပြည်တွင်းငြိမ်းချမ်းရေးအတွက် မည်မျှအထိ အ ထောက်အကူဖြစ်သည်ဆို သည်ကိုမူ ဆက်လက်စောင့်ကြည့်ရဦးမည် ဖြစ်သည်။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား