အနောက်အာဖရိကနိုင်ငံများတွင် လူအစုလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို စိုးရိမ်ပူပန်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဧပြီ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အာဖရိကအောက်ပိုင်းတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၃၈၀၀ ခန့်ရှိပြီး သေဆုံးသူ ၉၀၀ ကျော်ပြီ ဖြစ်သည်။ နိုင်ငံ အများစုသည် အဓိကမြို့ကြီးများတွင် lockdown စီမံချက်ချထားမှုများ၊ နေဝင်ချိန်မှ အရုဏ်တက်အထိ ကာဖျူးထုတ်ပြန် ထားမှုနှင့် မြို့ပြတစ်ခုနှစ်ခုအတွင်း ခရီးသွား လာမှုများ ကန့်သတ်ထားမှုများ ထုတ်ပြန်ခဲ့ သော်လည်း ဥရောပနိုင်ငံ အများစုနှင့် တောင်အာဖရိကတွင် နိုင်ငံတစ်ဝန်း lockdown ချထားမှုကိုများ မကြာမီက ရပ်ဆိုင်းခဲ့ပြီး ဖြစ်သည်။
ဆီနီဂေါနိုင်ငံ၊ Casamance ဒေသတွင် အချိန်တိုအတွင်း နေ့စဉ် ဗိုင်းရပ်စ် ကူးစက်မှုပျံ့နှံ့ခဲ့သည့် လူအစုလိုက်ဗိုင်းရပ်စ် ကူးစက်မှုဖြစ်စဉ်တစ်ခုတွင် ဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၅ ဦးရှိခဲ့သည်ဟု အစိုးရအဖွဲ့ က ဧပြီ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။
“အခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် သိသာထင်ရှားတဲ့ ဗိုင်းရပ်စ် ကူးစက်ခံရတဲ့ အရေအတွက်ဟာ လူအစုလိုက် ကူးစက်ပျံ့ နှံ့မှုကြောင့် ဖြစ်ရတာကို မြင်တွေ့ရလို့ အနောက်အာဖရိကကို အလွန်အမင်း စိုးရိမ် ပူပန်ရတယ်” ဟု WHO ၏ ဌာနေဒါရိုက်တာ Matshidiso Moeti က သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။
လူဦးရေ ၁၆ သန်းခန့်ရှိသည့် ဆီနီဂေါ နိုင်ငံတွင် ဗိုင်းရပ်စ်ကူးစက်မှုပျံ့နှံ့ခဲ့ပြီး နောက် COVID-19ရောဂါကြောင့် ကူး စက်သူစုစုပေါင်း ၉၃၃ ဦး ရှိလာပြီဖြစ် သည်။ အစိုးရက အရေးပေါ်အခြေအနေ ထုတ်ပြန် ကြေညာခဲ့ပြီး စာသင်ကျောင်းများ ပိတ်ပစ် ကာ လူစုဝေးမှုနှင့် ခရီးသွားလာမှုအပေါ် ကန့်သတ်ချက်များထုတ်ပြန်ခဲ့သော်လည်း ဗိုင်းရပ်စ်ကူးစက်ခံရသည့်အရေအတွက် သည် ဆက်လက်မြင့်တက်ခဲ့သည်။
ဘေးအန္တရာယ်များသည့် အပြုအမူများ တစ်ဟုန်ထိုးတိုးပွားလာမှုကြောင့် စျေး များနှင့် အများပြည်သူ သွားလာသည့် နေရာများ၊ မြို့ပြတစ်ခုနှင့်တစ်ခုသွားလာမှု အပေါ် ပိုမိုတင်းကျပ်သည့်စီမံချက်အသစ် များ လုပ်ဆောင်ရန် တိုက်တွန်းကြောင်း ဆီနီဂေါသမ္မတ မက်ကီဆဲလ်က ဧပြီ ၂၉ ရက်တွင် ဝန်ကြီးများနှင့် အစည်းအဝေးပြု လုပ်ခဲ့ပြီးနောက် ပြောကြားခဲ့သည်။
ဂါနာနှင့် ဘာကီနာဖာဆိုကဲ့သို့သော အခြားအနောက်အာဖရိကနိုင်ငံများတွင် ကာလရှည်ကြာသည့် ပိတ်ဆို့မှုများက စီး ပွားရေးအပေါ်သက်ရောက်မှုရှိလာသည် ကို စိုးရိမ်ပူပန်သောကြောင့် lockdown ချ သည့် စီမံချက်များကို စတင်ရုပ်သိမ်းနေပြီ ဖြစ်သည်။
ကန့်သတ်ချက်များ ချမှတ်ခြင်း( သို့ မဟုတ်) ဖယ်ရှားသည့် ဆုံးဖြတ်ချက်များ ကြောင့် နိုင်ငံရေးအရ အလွန်အမင်း စိန် ခေါ်မှု ရှိလာနိုင်ခြေရှိသော်လည်း အစိုးရများသည် အချက်အလက်များကို အသုံးချ ရန် လိုအပ်ကြောင်း Moeti က ပြောကြားခဲ့သည်။
“အစိုးရအဖွဲ့တစ်ဖွဲ့က မြို့တစ်မြို့ကို lockdown မချဖို့ ဆုံးဖြတ်ရင် ဗိုင်းရပ်စ်ပျံ့နှံ့ကာလမှာ အကျိုးဆက်တွေ ဖြစ်လာနိုင် ခြေရှိတာကို သတိပြုဖို့ လိုအပ်တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ယင်းဆုံးဖြတ်ချက်များသည် စီးပွား ရေးလုပ်ဆောင်နိုင်စွမ်းအတွင်း တိုးတက်မှု ကို သာတူညီမျှဖြစ်စေရန်နှင့် စီးပွားရေးကို ကာလကြာသက်ရောက်မှု ဖြစ်စေသည့် ကပ် ရောဂါပျံ့နှံ့မှုကို တားဆီးရန်တို့ကို ထည့် သွင်းတွက်ချက်မည်ဟု မျှော်မှန်းကြောင်း ၎င်းက ပြောကြားခဲ့သည်။
အာဖရိကရှိအခြားနေရာများတွင် တိုးတက်မှုရှိလာသည့် လက္ခဏာအချို့ကို ၎င်းက မီးမောင်းထိုးပြခဲ့ပြီး ပြီးခဲ့သည့် သီတင်းနှစ်ပတ်တွင် နိုင်ငံအချို့၌ ဗိုင်းရပ်စ် ကူးစက်မှုမရှိသည်အထိ စံချိန်တင်ခဲ့သည်ဟု ၎င်းက ပြောကြားခဲ့သည်။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား