နှစ်နှစ်ကျော်ကာလအတွင်း ပစိဖိတ်ကျွန်းဆွယ်၏ သီးခြားဖြစ်နေသော တွန်ဂါနိုင်ငံသည် COVID-19 ရောဂါဘေးမှကင်းဝေးအောင် ထိန်းထားနိုင်ခဲ့သည်။
သို့သော် လွန်ခဲ့သည့်လက မီးတောင်ပေါက်ကွဲပြီး ဆူနာမီလှိုင်းတို့ကြောင့် အရေးတကြီးလိုအပ်နေသည့် ရေသန့်နှင့်ဆေးဝါးများကို ပြင်ပမှ အကူအညီများရယူခဲ့ရပြီး ၎င်းတို့တွင်ဗိုင်းရပ်စ်လည်း ပါလာခဲ့သည်။
လက်ရှိအချိန်တွင် တွန်ဂါ၌ Lockdown စည်းမျဉ်းချမှတ်ခဲ့ပြီး ဒေသခံများအနေဖြင့် ကူးစက်မှုအနည်းငယ်ကို ထိန်းချုပ်နိုင်ရန်နှင့် ကာလကြာရှည်မဖြစ်စေရန် မျှော်လင့်လျက် ရှိကြသည်။
“ကျွန်တော်တို့ဆီမှာ အရင်းအမြစ်က အတော်လေးအကန့်အသတ်နဲ့ ရှိနေပြီး ကျွန်တော်တို့ရဲ့ဆေးရုံတွေကလည်း အရမ်းသေးလွန်းပါတယ်” ဟု တွန်ဂါစီးပွားရေးလုပ်ငန်းရှင်ပေါလာ တာအူမိုပီယားက ပြောကြားခဲ့သည်။
“ဘယ်ကျန်းမာရေးစနစ်ကို နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်မလဲဆိုတာကိုတော့ ကျွန်တော်မသေချာပါဘူး။ ကျွန်တော်တို့ကံကောင်းတာက ကျွန်တော်တို့ဟာ ကာကွယ်ဆေးထိုးနှံမှုနှုန်းမြင့်တက်ဖို့ အချိန်နှစ်နှစ်ရခဲ့ပြီး ချက်ချင်း Lockdown ချမှတ်နိုင်ခဲ့တာတွေပဲ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
တွန်ဂါသည် လွန်ခဲ့သည့်လက ၎င်း၏ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဖြစ်စဉ်များက ိုပထမဆုံး တွေ့ရှိခဲ့သည်။ ကျန်းမာရေးစောင့်ရှောက်မှု အရင်းအမြစ်များမှာ အကန့်အသတ်နှင့်သာရှိသည့်အတွက် အခြားနိုင်ငံများနှင့် သီးသန့်ဖြစ်နေခြင်းသည်တစ်ချိန်က ၎င်းတို့နိုင်ငံအတွက် အကူအညီဖြစ်စေခဲ့သော်လည်း လက်ရှိတွင်မူ ထိုအခြေအနေသည် ၎င်းတို့အား ပိုမိုခက်ခဲစေဖွယ်ရှိသည့်အပေါ် စိုးရိမ်လျက်ရှိကြသည်။
“ခင်ဗျားတို့ဆီမှာ ကျန်းမာရေး စနစ်မခိုင်ခံ့တဲ့အခြေအနေရှိတဲ့ နိုင်ငံမျိုးရှိနေမယ်ဆိုရင် အကယ်လို့ ခင်ဗျားအနေနဲ့ အရေးပေါ်အခြေအနေ ဒါမှမဟုတ် သဘာဝဘေးအန္တရာယ်နဲ့ ဗိုင်းရပ်စ်ကူးစက်မှုအလားအလာတွေ ရှိနေတဲ့အခါ ခင်ဗျားတို့ရဲ့အခြေအနေဟာ တိုင်းတာလို့မရအောင် အခြေအနေတွေက ပိုမိုဆိုးရွားပါလိမ့်မယ်” ဟု အာရှပစိဖိတ်ကြက်ခြေနီ ကျန်းမာရေးအကြီးအကဲ ဂျွန်ဖလမ်းမင်းက ပြောကြားခဲ့သည်။
တွန်ဂါနိုင်ငံတွင် ဇန်နဝါရီ ၁၅ ရက်က ကြီးမားသည်ပင်လယ်ရေအောက် ဟန်ဂါ တွန်ဂါ ဟိုင်အပိုင်မီး တောင်ပေါက်ကွဲခဲ့ပြီးနောက် ပြာများနှင့် ဖုံးလွှမ်းခဲ့ပြီး ထို့နောက်ဆူနာ မီတိုက်ခတ်မှုနှင့် ဆက်လက်ကြုံတွေ့ခဲ့သည်။
လူ သုံးဦးသာ သေဆုံးခဲ့သော်လည်း အစွန်အဖျားကျွန်းများတွင် အခြေချနေထိုင်မှုအနည်းငယ်မှာ မြေပုံပေါ်မှ ပျောက်ကွယ်သွားခဲ့ပြီ မီးတောင် ပြာများကြောင့် သောက်သုံးရေများမှာ ညစ်ညမ်းသွားခဲ့သည်။
လူဦးရေ ၁၀၅,၀၀၀ ရှိသည့် တွန်ဂါနိုင်ငံတွင် ကပ်ရောဂါစတင်ကူးစက်ဖြစ်ပွားချိန်ကတည်းက အောက်တိုဘာလအထိ ကူးစက်ခံရသူတစ်ဦးသာရှိသည်။ အာဏာပိုင်များက နိုင်ငံတကာ အကူအညီပေးသူများကို နိုင်ငံထဲဝင်ရောက် ခွင့်ပြုရန်၊ မပြုရန် အချေအတင်ငြင်းခုံ ဆွေးနွေးခဲ့ကြသည်။
ထို့နောက် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များအား နိုင်ငံထဲသို့ ဝင်ရောက်ခွင့်ပြုရန်ဆုံးဖြတ်ခဲ့ပြီး သြစတြေးလျ၊နယူးဇီလန်၊ ဂျပန်၊ ဗြိတိန်နှင့် တရုတ်နိုင်ငံမှသင်္ဘောများနှင့် လေယာဉ်များမှ ကုန်တင်ကုန်ချ ပြုလုပ်မှုတွင် တင်းကျပ်သော ကြိုတင်ကာကွယ်မှုများ ချမှတ်ထားသော်လည်း Queen Salote ဆိပ်ခံတံတား တင် အလုပ်လုပ်ကိုင်နေသည့်တွန်ဂါ နိုင်ငံသား အမျိုးသားနှစ်ဦး ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။
“တွန်ဂါကတော့ ဒီနှစ်မှာ ကံမကောင်းနိုင်တော့ဘူး” ဟု နိုင်ငံပိုင် ကုမ္ပဏီဖြစ်သည့် တွန်ဂါ ကေဘယ် ကုမ္ပဏီလိမိတက်ဥက္ကဌ ဆန်မြူရယ်လာ ဖိုနျူအာက ပြောကြားခဲ့သည်။
ယင်းအမျိုးသားနှစ်ဦးကို သီးခြားခွဲထားသော်လည်း အနီးကပ်ထိတွေ့သူများကို စစ်ဆေးကြည့်ရာ ၃၆ ဦး ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့သည်ဟု Matangi Tonga ဒေသတွင်းသတင်းတွင် ဖော်ပြထားသည်။
တွန်ဂါနိုင်ငံတွင် နိုင်ငံသားများ၏ ၆၁ ရာခိုင်နှုန်းကို COVID-19 ကာကွယ်ဆေး နှစ်လုံးအပြည့်ထိုးနှံပြီးကြောင်း Our World in Data က ထုတ်ပြန်ထားသည်။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား