လူထုအုံကြွမှုများကြောင့် ၎င်းရာထူးမှ မထွက်ခွာမီ ပြိုင်ဘက်များကို ရက်စက်စွာ ဖြိုခွင်းခဲ့သော တောင်ကိုရီးယားအာဏာရှင်ဟောင်း ချန်ဒူးဝှမ်သည် နိုဝင်ဘာ ၂၂ ရက်တွင် ကွယ်လွန်သွားခဲ့သည်ဟု ၎င်း၏လက်ထောက်က ပြောကြားခဲ့သည်။
တောင်ကိုရီးယား သမ္မတဟောင်းသည် ဆိုးလ်မြို့ရှိ ၎င်း၏နေအိမ်တွင် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်ဟု မင်ဂျောင်ကီက ချန်၏ နေအိမ်အပြင်ဘက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ ချန်ဒူးဝှမ်သည် သေဆုံးချိန်တွင် အသက် ၉၀ ရှိပြီ ဖြစ်သည်။
၎င်းသည် နိုင်ငံ၏ စီးပွားရေး တိုးတက်လာစေရန် ကွပ်ကဲခဲ့သူဖြစ်ပြီး ၁၉၈၈ ဆိုးလ်အိုလံပစ်ပြိုင်ပွဲ ကျင်းပခွင့်ရရန် ဆောင်ရွက်ခဲ့သည်။ ၎င်းသည် အာဏာကို ငြိမ်းချမ်းစွာ လွှဲပြောင်းပေးခဲ့သည့် ပထမဆုံး တောင်ကိုရီးယားသမ္မတ ဖြစ်သည်။
၁၉၇၉ ခုနှစ်တွင် အာဏာရှင်ပတ်ချုံဟီး လုပ်ကြံခံခဲ့ရပြီးနောက် တောင်ကိုရီးယားစစ်တပ်၏ ဗိုလ်ချုပ်ချန်သည် ၁၉၆၁ ခုနှစ်တွင် အာဏာသိမ်းယူကာ အာဏာရလာခဲ့ခြင်းဖြစ်သည်။
၎င်းသည် ၁၉၈၀ ပြည်နှစ်မှ ၁၉၈၈ ခုနှစ်အထိ သမ္မတဖြစ်ခဲ့သည်။ ၎င်း၏ သမ္မတသက်တမ်းအတွင်း နိုင်ငံကို တစ်သွေးတစ်သံတစ်မိန့်ဖြင့် အုပ်ချုပ်ခဲ့ပြီး ပြိုင်ဘက်များကို ပြင်းထန်စွာဖြိုခွင်းခဲ့သည်။
ချန်သည် တောင်ကိုရီးယားနိုင်ငံ၏ အများဆုံးဝေဖန်ခံရသူများထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည်။
အနောက်တောင်ပိုင်းမြို့ကြီး ကွမ်းဂျိုတွင် ၎င်း၏အစိုးရအား ဆန့်ကျင်သည့် ဆူပူအုံကြွမှုကို နှိမ်နင်းရန် စစ်သားများကို ညွှန်ကြားခဲ့သည့်အတွက် ၎င်းသည် “ကွမ်းဂျို၏ သားသတ်သမား” အဖြစ် ထင်ရှားခဲ့သည်။
၁၉၉၆ ခုနှစ်တွင် ကွမ်းဂျိုကိစ္စ အပါအဝင် နိုင်ငံတော်ပုန်ကန်မှုဖြင့် သေဒဏ်စီရင်ခံခဲ့ရသော်လည်း အယူခံဝင်ခဲ့သဖြင့် ပြစ်ဒဏ်လျှော့ပေါ့ခံရသည်။ ထို့နောက်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာခဲ့သည်။
ကွမ်းဂျိုအုံကြွမှုအတွင်း တရားဝင်သေဆုံးစာရင်း သို့မဟုတ် တရားဝင်ပျောက်ဆုံးစာရင်းမှာ လူ ၂၀၀ ဝန်းကျင်ဖြစ်သော်လည်း အရေအတွက်မှာ သုံးဆကျော်ပိုများနိုင်သည်ဟု တက်ကြွလှုပ်ရှားသူများက ပြောကြားသည်။
ချန်နှင့် တောင်ကိုရီးယား၏ လက်ယာစွန်း နိုင်ငံရေးသမားများက ကွမ်းဂျိုအဓိကရုဏ်းကို အရေးမပါသလို ပြောကြားခဲ့ကြသည်။ ယင်းအုံကြွမှုကို ဖြိုခွင်းရာ၌ တိုက်ရိုက်ပါဝင်ပတ်သက်မှု မှန်သမျှကို အာဏာရှင်ဟောင်းချန်ဒူးဝှမ်က ငြင်းဆန်ခဲ့သည်။
၎င်း၏ သမ္မတသက်တမ်းအတွင်း ချန်သည် လုပ်ကြံရန်ကြိုးပမ်းမှုတစ်ခုမှ လွတ်မြောက်ခဲ့သည်။
၁၉၈၃ ခုနှစ်တွင် မြန်မာနိုင်ငံသို့ လာရောက်သည့် နိုင်ငံတော်အလည်အပတ် ခရီးစဉ်အတွင်း မြောက်ကိုရီးယား ထောက်လှမ်းရေးများက အာဇာနည်းကုန်းကိုဗုံးခွဲကာ ၎င်းကိုလုပ်ကြံရန် ကြိုးစားခဲ့သည်။
ချန်သည် ၎င်း၏သက်တမ်း နောက်ဆုံးနှစ်များတွင်တောင် တရားရင်ဆိုင်မှု အများအပြားနှင့် ကြုံတွေ့ခဲ့ရသည်။
ချန်သည် ကွမ်းဂျိုအဓိကရုဏ်းနှင့် ဆက်စပ်ကာ လွန်ခဲ့သောနှစ်တွင် အသရေဖျက်မှုဖြင့် ပြစ်မှုထင်ရှားခဲ့ကြောင်း ဆုံးဖြတ်ခံခဲ့ရသည်။ ထို့ကြောင့် ချန်သည် ဆိုင်းငံ့ထောင်ဒဏ် ရှစ်လချမှတ်ခံခဲ့ရကာ ထောင်ချခံရခြင်းမှာ သက်ညှာခံရသည်။
စစ်အေးတိုက်ပွဲ နောက်ဆုံးနှစ်များတွင် ချန်သည် အမေရိကန်၏ ထောက်ခံမှုကို ရရှိခဲ့သည်။
-
ဖိလစ်ပိုင်တွင် ဆဋ္ဌမမြောက် တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် မြေပြိုမှုများဖြစ်ပွားပြီး လူခုနစ်ဦး သေဆုံး
-
မိမိတို့နိုင်ငံထဲက ပစ်မှတ်များကို တိုက်ခိုက်ရာတွင် အမေရိကန်ပေးသော တာဝေးပစ်ဒုံးကျည်များကိုယူကရိန်း အသုံးပြုမည်ဆိုပါက ထင်သာမြင်သာတုံ့ပြန်မည်ဟု ရုရှား ပြောကြား
-
မြန်မာ့အရေးနှင့်ပတ်သက်ပြီး ကုလလုံခြုံရေးကောင်စီတွင် ယနေ့အစည်းအဝေးပြုလုပ်မည်
-
ဘရိုက်တန်-အဲဗာတန်တွင် ဘရိုက်တန်အသင်းအား ပယ်နယ်တီကန်ခွင့်ပြုခဲ့သည့် VAR ၏ ဆုံးဖြတ်ချက်မှားယွင်းကြောင်း ပရီးမီးယားလိဂ်ပြိုင်ပွဲ ထုတ်ပြန်
-
အသင်းခေါင်းဆောင်ရာထူး ရုပ်သိမ်းခံထားရသည့် ချာကာနှင့် နိုင်ငံတကာပွဲစဉ်အပြီးတွင်ထပ်မံဆွေးနွေးမည်ဖြစ်ပြီး ပြန်ကစားမည့်အချိန်ကို မသိရသေးဟု အူနိုင်းအမ်မရီပြောကြား