ယင်းပွဲတွင် ဧည့်သည်အဲဗာ တန်အသင်းက (၂-၁) ဂိုးဖြင့် ဦးဆောင်ကစားနေစဉ် မိနစ် ၈၀ တွင် အဲဗာတန်နောက်ခံလူ မိုက်ကယ်ကင်းက ဘရိုက်တန်အသင်းတိုက်စစ်မှူး ကွန်နိုလီကို တွန်းခဲ့သည်ဟု ဆိုကာ ပယ်နယ်တီပေးခဲ့ခြင်းဖြစ်သည်။ ကွင်းလယ်ဒိုင်လူကြီး အန်ဒီ မက်ဒ်လေက ပြစ်ဒဏ်ဘောသတ်မှတ်ပေးခြင်းမရှိသော်လည်း VAR က ပယ်နယ်တီဖြစ်ကြောင်း ကြားဝင်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး မူပေးက ချေပဂိုးအဖြစ် ကန်သွင်းခဲ့သလို နာကျင်အချိန်ပို လေးမိနစ်တွင် ဒစ်ဂ်နေး ကိုယ့်ဂိုးကိုယ်သွင်းမိသဖြင့် အဲဗာတန်အသင်း ရှုံးပွဲကြုံတွေ့ခဲ့ရသည်။
အောက်တိုဘာ ၂၆ ရက်က ဘရိုက်တန်နှင့် အဲဗာတန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဘရိုက်တန်အသင်းအား ပယ်နယ်တီကန်ခွင့်ပြုခဲ့သည့် VAR ၏ ဆုံးဖြတ်ချက်မှားယွင်းကြောင်း ပရီးမီးယားလိဂ်ပြိုင်ပွဲက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ယင်းပွဲတွင် ဧည့်သည်အဲဗာ တန်အသင်းက (၂-၁) ဂိုးဖြင့် ဦးဆောင်ကစားနေစဉ် မိနစ် ၈၀ တွင် အဲဗာတန်နောက်ခံလူ မိုက်ကယ်ကင်းက ဘရိုက်တန်အသင်းတိုက်စစ်မှူး ကွန်နိုလီကို တွန်းခဲ့သည်ဟု ဆိုကာ ပယ်နယ်တီပေးခဲ့ခြင်းဖြစ်သည်။ ကွင်းလယ်ဒိုင်လူကြီး အန်ဒီ မက်ဒ်လေက ပြစ်ဒဏ်ဘောသတ်မှတ်ပေးခြင်းမရှိသော်လည်း VAR က ပယ်နယ်တီဖြစ်ကြောင်း ကြားဝင်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး မူပေးက ချေပဂိုးအဖြစ် ကန်သွင်းခဲ့သလို နာကျင်အချိန်ပို လေးမိနစ်တွင် ဒစ်ဂ်နေး ကိုယ့်ဂိုးကိုယ်သွင်းမိသဖြင့် အဲဗာတန်အသင်း ရှုံးပွဲကြုံတွေ့ခဲ့ရသည်။
VAR ၏ အငြင်းပွားဖွယ်ဆုံးဖြတ်ချက်များနှင့်ပတ်သက်၍ ပရီးမီးယားလိဂ်ဒိုင်လူကြီးများ ဆွေးနွေးမှုပြုလုပ်ခဲ့ပြီး ဘရိုက်တန်-အဲဗာတန်ပွဲ၌ ပယ်နယ်တီပေးခဲ့သည့်ဆုံးဖြတ်ချက်မှာ မှားယွင်းကြောင်း ကြေညာချက်ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။ သို့သော် ပရီးမီးယားလိဂ်ဒိုင်လူကြီး အကြီးအကဲ မိုက်ရီလေးအနေဖြင့် အဲဗာတန်အသင်းထံ တောင်းပန်သည့်စာ ပေးပို့ခြင်းရှိမရှိကိုမူ မသိရသေးကြောင်း ဗြိတိန်အခြေစိုက် Daily Mail သတင်းဌာနက ဖော်ပြသည်။ အဲဗာတန်အသင်းသည် ယင်းပွဲရှုံးနိမ့်မှုကြောင့် နည်းပြ မာကိုဆေးလ်ဗားအတွက် ဖိအားပိုများစေခဲ့ပြီး ယခုရာသီတွင် VAR ဆုံးဖြတ်ချက်များကြောင့် ရမှတ်ငါးမှတ် (သို့မဟုတ်) ခြောက်မှတ်အထိ ဆုံးရှုံးခဲ့ရကြောင်း ၎င်းက ညည်းတွား ပြောဆိုခဲ့သည်။
" စိတ်မကောင်းပါဘူး မာကိုရေ။ အဲဒါက ပယ်နယ်တီမဟုတ်ပါဘူးလို့ သူတို့ဘက်က ပြောလာရင်ရော ဘာတွေပြောင်းလဲသွားမှာမို့လို့လဲ။ အဲဒါက ပယ်နယ်တီမဟုတ်ဘူးဆိုတာ ကျွန်တော်သိပါတယ်။ အဲဒီဟာ (VAR) က ကျွန်တော်တို့ အတွက် အလုံးစုံအကူအညီမပေး နိုင်ပါဘူး။ အမှားအယွင်းဆိုတာ ကစားပွဲတစ်ခုရဲ့ အစိတ်အပိုင်းပါ။ ဒါပေမဲ့ VAR ကို အသုံးပြုတယ်ဆိုတာ ကစားပွဲတွေမှာ သိသာထင်ရှား အမှားတွေကို ဖယ်ရှားရှင်း လင်းနိုင်ဖို့ပါ။ ပြီးခဲ့တဲ့ သုံး၊လေးပွဲမှာ ဒီဆုံးဖြတ်တွေကြောင့် ငါးမှတ်၊ ခြောက်မှတ်လောက် ဆုံးရှုံးခဲ့ရတယ်ဆိုတာ သေချာပါတယ်။ အဲဒီရမှတ်တွေသာ ကျွန်တော်တို့ရခဲ့မယ်ဆိုရင် အသင်းက ကွဲပြားခြားနားတဲ့ စွမ်းဆောင်ရည်ပါ ပြသနိုင်မယ်ဆိုတာ ကျွန်တော် သံသယမဖြစ်ပါဘူး။ တစ်ကမ္ဘာလုံးမှာရှိတဲ့ အသင်းအားလုံးက ဇယားအထက်ပိုင်းမှာရှိနေသမျှ ယုံကြည်မှုရှိရှိနဲ့ ပိုကစားနိုင်ကြပါတယ်" ဟု မာကိုဆေးလ်ဗားက ပြောကြားခဲ့သည်။
ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ VAR စနစ်ကို ယခုရာသီမှသာ စတင်အသုံးပြုနေခြင်းဖြစ်ပြီး အငြင်းပွားဖွယ်ဆုံးဖြတ်ချက်များ မကြာခဏဖြစ်ပေါ် နေသောကြောင့် ဂွါဒီယိုလာ (မန်စီးတီး)၊ ယာဂန်ကလော့ပ် (လီဗာပူးလ်)၊ လမ်းပတ် (ချယ်လ်ဆီး) တို့ကလည်း ဝေဖန်မှုပြုလုပ်လျက်ရှိသည်။
-
ဝေဖန်ခံနေရသည့် အသင်းဖော် ချူပိုမိုတင်းကို ဘာပေ အားပေး
-
ပရီးမီးယားလိဂ်သို့ ပြန်လည်ပြောင်းရွှေ့မည်မဟုတ်ဟု ကော်တင်ဟို ပြောကြား
-
သထုံမြို့နယ်တွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည့် Puma Power စက်သုံးဆီအရောင်းဆိုင် မန်နေဂျာကို ၁၀ ရက်ကြာသည်အထိ အဆက်အသွယ်မရသေး
-
ဖိလစ်ပိုင်တွင် ဆဋ္ဌမမြောက် တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် မြေပြိုမှုများဖြစ်ပွားပြီး လူခုနစ်ဦး သေဆုံး
-
မိမိတို့နိုင်ငံထဲက ပစ်မှတ်များကို တိုက်ခိုက်ရာတွင် အမေရိကန်ပေးသော တာဝေးပစ်ဒုံးကျည်များကိုယူကရိန်း အသုံးပြုမည်ဆိုပါက ထင်သာမြင်သာတုံ့ပြန်မည်ဟု ရုရှား ပြောကြား