အမေရိကန်သမ္မတဂျိုးဘိုင်ဒင်သည် ယူကရိန်း ရက် ၁၀၀၀ စစ်ပွဲကို အရှိန်မြင့်တက်လာအောင် လုပ်ဆောင်သူ ဖြစ်သည်ဟု နိုဝင်ဘာ ၁၈ ရက်တွင် ရုရှားအစိုးရက စွပ်စွဲပြောကြားလိုက်ပြီး ရုရှားနိုင်ငံထဲက ပစ်မှတ်များကို တိုက်ခိုက်ရာတွင် ယူကရိန်းက အမေရိကန်ပေးသောတာဝေးပစ် ဒုံးကျည်များကို အသုံးပြုမည် ဆိုပါက ထင်သာမြင်သာ တုံ့ပြန်မည်ဟု ပြောကြားခဲ့သည်။
ဇန်နဝါရီတွင် ဒေါ်နယ်ထရန့်ကို သမ္မတ ရာထူးလွှဲပြောင်းပေးရမည့် ဘိုင်ဒင်သည် ရုရှားနိုင်ငံခြားရေးဝန်ကြီး တက်ရောက်သည့် ဂျီ-၂၀ အစည်းအဝေးတွင် ယူကရိန်းအချုပ် အခြာအာဏာကို ထောက်ခံရေးအတွက် တောင်းဆိုခဲ့သည်။
အားလုံးပါဝင်ပြီး တရားမျှတ၊ တာရှည်ခံသော ယူကရိန်းငြိမ်းချမ်းရေးအတွက် အပြု သဘောဆောင်သော အစီအမံများကို မိမိတို့ ကြိုဆိုသည်ဟု ဂျီ-၂၀ ခေါင်းဆောင်များက နိုဝင်ဘာ ၁၈ ရက်တွင် ပြောကြားခဲ့ကြသည်။
ရုရှား အတွင်းပိုင်းကို တိုက်ခိုက်မှုများ အတွက် အမေရိကန်ပံ့ပိုးပေးသော တာဝေး ပစ်ဒုံးကျည်များအား ယူကရိန်း ပထမဆုံး အ သုံးပြုရေးကို သမ္မတဂျိုးဘိုင်ဒင်က ခွင့်ပြု လိုက်သည်ဟု အမေရိကန် တာဝန်ရှိသူများ ကထုတ်ဖော် ပြောကြားခဲ့သည်။ ယင်းသို့ ခွင့် ပြုပေးလိုက်ခြင်းကြောင့် အငြင်းပွားမှုများ၊ ဝေဖန်မှုများ ပေါ်ပေါက်လျက်ရှိစဉ် ရုရှားက နှစ်ရက်အတွင်း ဒုတိယအကြိမ်အဖြစ် ယူက ရိန်းပင်လယ်နက်ဆိပ်ကမ်းမြို့ အိုဒက်ဆာကို ဒုံးကျည် ပစ်လွှတ်တိုက်ခိုက်ခဲ့သောကြောင့် လူ ၁၀ ဦးသေဆုံးခဲ့ပြီး ၅၅ ဦး ဒဏ်ရာ ရခဲ့ သည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။
Army Tractical Missile Systems (ATACMS) ဒုံးကျည်များကို ယူကရိန်းအား အသုံးပြုခွင့်ပေးလိုက်သည့် အမေရိကန်၏ဆုံးဖြတ်ချက်က ပွဲအဖြေကို အပြောင်းအလဲ ဖြစ်စေနိုင်သည်ဟု ယူကရိန်းနိုင်ငံခြားရေးဝန် ကြီး အင်ဒရေဆိုင်ဘီဂါက ပြောကြားခဲ့သည်။
ATACMS ဟုခေါ်သည့် တာဝေးပစ် ဒုံးကျည်များကို ယူကရိန်းအား အသုံးပြုခွင့် ပေးလိုက်ခြင်းသည် စစ်ပွဲထဲသို့ မြောက်ကို ရီးယားစစ်သားများအား ခေါ်သွင်းသည့် ရုရှား၏မထင်မှတ်သော ဆုံးဖြတ်ချက်အား တုံ့ပြန်မှုဖြစ်သည်ဟု တာဝန်ရှိသူများက ပြော ကြားခဲ့သည်။
မစ္စတာဘိုင်ဒင်၏ ဆုံးဖြတ်ချက်က အမေရိကန်မူဝါဒပိုင်းတွင် အပြောင်းအ လဲကြီးတစ်ရပ်ဖြစ်သည်။ ယခု ဆုံးဖြတ်ချက် က ဘိုင်ဒင်၏အကြံပေးများကို သဘောထား ကွဲစေခဲ့သည်။ ယူကရိန်းအတွက်နောက် ထပ်အကူအညီများကိုကန့်သတ်မည်ဟု ပြောကြားထားသော ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့် တက်မလာမီနှစ်လ အလိုတွင် မူဝါဒအပြောင်းအလဲဖြစ်လာ ခြင်းဖြစ်သည်။
“ယူကရိန်းက ပိုဝေးဝေးကို ပစ်နိုင်လေ လေ စစ်ပွဲဟာ အချိန်ပိုတိုလေလေဖြစ်ပါလိမ့် မယ်။ စစ်မြေပြင်ရဲ့အခြေအနေကို အလွန် အပြုသဘောဆောင်တဲ့ သက်ရောက်မှုရှိလာ နိုင်ပါတယ်”ဟု ရုရှားကျူးကျော်မှု ရက်၁၀၀၀ ပြည့်အစည်းအဝေးကို လုံခြုံရေးကောင်စီ တွင်ကျင်းပခြင်းမပြုမီ ယူကရိန်းနိုင်ငံခြား ရေးဝန် ကြီးက ပြောကြားခဲ့သည်။
ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့က “ထွက်သွားတော့မယ့် အစိုးရက မီးကို ဆက်လက် လောင်စာဖြည့် ပေးနေတာပါ။ နောက်ထပ် တင်းမာမှုတွေ မြင့်တက်လာအောင်ဆွပေးနေတာပါ”ဟု ပြောကြားခဲ့သည်။ Ref;AFP
-
ဝေဖန်ခံနေရသည့် အသင်းဖော် ချူပိုမိုတင်းကို ဘာပေ အားပေး
-
ပရီးမီးယားလိဂ်သို့ ပြန်လည်ပြောင်းရွှေ့မည်မဟုတ်ဟု ကော်တင်ဟို ပြောကြား
-
သထုံမြို့နယ်တွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည့် Puma Power စက်သုံးဆီအရောင်းဆိုင် မန်နေဂျာကို ၁၀ ရက်ကြာသည်အထိ အဆက်အသွယ်မရသေး
-
ဖိလစ်ပိုင်တွင် ဆဋ္ဌမမြောက် တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် မြေပြိုမှုများဖြစ်ပွားပြီး လူခုနစ်ဦး သေဆုံး
-
မိမိတို့နိုင်ငံထဲက ပစ်မှတ်များကို တိုက်ခိုက်ရာတွင် အမေရိကန်ပေးသော တာဝေးပစ်ဒုံးကျည်များကိုယူကရိန်း အသုံးပြုမည်ဆိုပါက ထင်သာမြင်သာတုံ့ပြန်မည်ဟု ရုရှား ပြောကြား