Top News

နီပေါ Army Command and Staff College မှ သင်တန်းသား အရာရှိများအား မြန်မာသံအမတ်ကြီးက မြန်မာနိုင်ငံ ၏ နိုင်ငံခြားရေးမူဝါဒများ၊ မြန်မာ-နီပေါ ဆက်ဆံရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးပို့ချ
24htopnews | October 1, 2024 9:12 PM CST

မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒနှင့် မြန်မာ-နီပေါ နှစ်နိုင်ငံ ဆက်ဆံရေးတို့နှင့် စပ်လျဉ်း၍ နီပေါ Army Command and Staff College တွင် ပြုလုပ်သည့် ‘Ambassador Talk Programme’ တွင် နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး က ဆွေးနွေးပို့ချပေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

နီပေါ Army Command and Staff College ၏ ဖိတ်ကြားချက်အရ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်မောင် အနေဖြင့် စက်တင်ဘာ(၂၉)ရက်တွင် ယင်းကောလိပ်၌ ဖွင့်လှစ်လျက်ရှိသည့် အမှတ်စဉ် (၃၁) Command and Staff Course ၏ ‘Ambassador Talk Programme’ တွင် ဆွေးနွေးပို့ချပေးခဲ့ခြင်းဖြစ်သည်။

၎င်းပရိုဂရမ်တွင် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒနှင့် မြန်မာ-နီပေါ နှစ်နိုင်ငံ ဆက်ဆံရေးတို့နှင့် စပ်လျဉ်း၍ သင်တန်းသားများအား ပို့ချဆွေးနွေးပို့ချပေးခဲ့ပြီး အဆိုပါ သင်တန်းသို့ နီပေါနှင့် မြန်မာနိုင်ငံ အပါအဝင် အခြား(၁၀)နိုင်ငံတို့မှ သင်တန်းသား အရာရှိများ တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ (၁၀)လ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် ဇနီးမှ စက်တင်ဘာ(၂၇)ရက်၊ ညနေပိုင်းတွင် ကတ္တမန္ဒူးမြို့ အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Song ၏ ဖိတ်ကြားချက်အရ Hotel Yak & Yeti ၌ ကျင်းပပြုလုပ်ခဲ့သည့် (၇၅)နှစ်မြောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်သည့်နေ့ အထိမ်းအမှတ် အခမ်းအနားသို့ ကတ္တမန္ဒူးမြို့အခြေစိုက် သံရုံးအကြီးအကဲများနှင့် သံရုံးတာဝန်ခံများနှင့်အတူ ပါဝင်တက်ရောက်ခဲ့သေးကြောင်း သိရသည်။

ယင်းနေ့ နံနက်ပိုင်းတွင် သံအမတ်ကြီးသည် နီပေါနိုင်ငံ၊ ယဉ်ကျေးမှု၊ ခရီးသွားလာရေးနှင့် လေကြောင်းပို့ဆောင်ရေးဝန်ကြီးဌာနမှ ဦးစီးပြီး Cultural Corporation Center ၌ ကျင်းပသည့် (၄၅)ကြိမ်မြောက် ကမ္ဘာ့ခရီးသွားလာရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။


READ NEXT
Cancel OK