Top News

ရန်ကုန် – မန္တလေး ရထားများ ပြန်လည်ပြေးဆွဲမည်
24htopnews | October 1, 2024 11:12 PM CST

ယာဂီမုန်တိုင်း၏ နောက်ဆက်တွဲ ရေကြီးနစ်မြုပ်မှုကြောင့် ရထားလမ်းပိုင်းများပျက်စီးကာ ရပ်နားခဲ့ရသော ရန်ကုန် – မန္တလေး ရထားများကို ပြန်လည်ပြေးဆွဲတော့မည်ဖြစ်ကြောင်း သိရသည်။

အမှတ် (၁) အဆန်၊ အမှတ် (၂) အစုန် ရန်ကုန်-မန္တလေး စာပို့ရထား၊ အမှတ် (၁၁) အဆန်၊ (၁၂) အစုန် ရန်ကုန်-မန္တလေး အမြန်ရထားတို့ကို လာမည့် အောက်တိုဘာ (၃) ရက်မှ စတင်ကာ ပြန်လည်ပြေးဆွဲသွားရန် စီစဉ်ထားခြင်းဖြစ်သည်။

သို့သော် လက်ရှိ၌ လေအိတ်တွဲဆိုင်းများဖြင့် ပြေးဆွဲပေးနေသော ရန်ကုန်-မန္တလေး အထူးရထားပါဝင်မည် မဟုတ်သေးကြောင်း သိရသည်။

စက်တင်ဘာလလယ်ပိုင်းလောက်က ရေကြီးနစ်မြုပ်မှုများကြုံခဲ့ရသည့် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းကို ပြန်လည်ပြင်ဆင်မှုများပြုလုပ်ကာ စက်တင်ဘာ (၂၁) ရက်မှစ၍ ရန်ကုန်နှင့် သာစည်ကြားလမ်းပိုင်းကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ကာ ရန်ကုန်-မန္တလေး ပြေးဆွဲနေသော အမှတ် (၁) အဆန်၊ (၂) အစုန် စာပို့ရထား၊ အမှတ် (၁၁) အဆန်၊ (၁၂) အစုန် လူစီးအမြန်ရထားများကို သာစည်ဘူတာအထိ ပြေးဆွဲနေလျ က်ရှိပြီး သာစည်နှင့် မန္တလေးကြားလမ်းပိုင်းကို ပြင်ဆင်မှုများ လုပ်ဆောင်နေခြင်းလည်းဖြစ်သည်။

လက်ရှိတွင် မြန်မာ့မီးရထားအနေဖြင့် ရန်ကုန်-မန္တလေး လမ်းပိုင်းကို ပြန်လည်ပြေးဆွဲတော့မည် ဖြစ်သည့်အတွက် ရန်ကုန် -မန္တလေး ခရီးစဉ် လူစီးရထားများဖြင့် ပြေးဆွဲပေးနေမှုအပေါ် ခရီးသည် စီးနင်းမှုများ အထိုက်အလျောက်အဆင်ပြေလာမည်ဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK