Top News

ကျောက်ဆည်-တံစိုး-မင်းစု-မြစ်သားလမ်းမှ ၆/၈ တံတားအား အရှည်ပေ(၆၀) ဘေလီတံတား Double Single တည်ဆောက်ပြီးစီးပြီဖြစ်၍ ဒေသခံများ သွားလာနိုင်ပြီ
24htopnews | October 1, 2024 11:12 PM CST

မန္တလေးတိုင်း ဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆ ည်မြို့နှင့် မြစ်သားမြို့တို့အား ဆက်သွယ်ထားသည့် ကျော က် ဆည်-တံစိုး-မင်းစု-မြစ်သားလမ်းမှ ၆/၈ တံတားအား အရှည် ပေ(၆၀) ဘေလီတံတား Double Single တည်ဆော က်ပြီးစီးပြီဖြစ်၍ ဒေသခံများ သွားလာအသုံးပြုနိုင်ပြီဖြစ် ကြောင်း သိရသည်။

အဆိုပါ ကျောက်ဆည်-တံစိုး-မင်းစု-မြစ်သားလမ်းမှ ၆/၈ တံတားမှာ သဘာဝဘေးကြောင့် ပျက်စီးခဲ့ရခြင်းဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်လမ်းဦးစီးဌာနမှအဖွဲ့မှ ပြန်လည်ပြုပြင်ပေးခဲ့ရာ လုပ်ငန်းများ ပြီးစီးပြီ ဖြစ်၍ ပြည်သူများ သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ပျက်စီးသွာသည့် တံတားမှာ ကျောက်ဆည် – တံစိုး – မင်းစု – မြစ်သားလမ်း ကျောက်ဆည်မြို့နှင့် မြစ်သားမြို့တို့ကို ဆက်သွယ်ထားသည့် အတိုဆုံးလမ်းဖြစ်ကြောင်း သိရသည်။

ပျက်စီးသွားသည့် ၆/၈ တံတားအား ကုန်စည်စီးဆင်းမှုမြန်ဆန်လွယ်ကူစေရန်နှင့် လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးစသည့်ကဏ္ဍများ အမြန်ဆောင်ရွက်နိုင်ရေး ကျောက်ဆည်ခရိုင်လမ်းဦးစီးဌာနအဖွဲ့မှ အရှည် ပေ(၆၀) ဘေလီ တံတား Double Single တည်ဆောက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိ လုပ်ငန်းများ ပြီးစီးပြီဖြစ်သောကြောင့် မင်းစု၊ လေးဆယ်ကုန်း၊ ကသဲကုန်း၊ အင်ယောင်းကျေးရွာအုပ်စု ကျေး ရွာများ၏ ပြည်သူများ သွားလာနိုင်သည့်အပြင် မင်းစု-ရွာမုန်း-ဒါးရဲကောင်း လမ်းနှင့် ဆက်သွယ်ထားသော လမ်းဖြစ်ရာ အခြားဒေသ ပြည်သူများလည်း သွားလာအသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK