Top News

(၆၇) ကြိမ်မြောက်အောင်ဘာလေသိန်းဆုထီ အမြင့်ဆုံး ကျပ်သိန်း ၅၀၀၀ ကို( က-၆၇၁၈၄၀ )မှ ဆွတ်ခူး
24htopnews | October 1, 2024 9:12 PM CST

ယနေ့ အောက်တိုဘာလ (၁) ရက်တွင် ဖွင့်လှစ်သည့် (၆၇) ကြိမ်မြောက် အောင်ဘာလေသိန်းဆုထီမှ အမြင့်ဆုံးဆု ကျပ်သိန်း ၅၀၀၀ ကို ပေါက်မဲနံပါတ် (က-၆၇၁၈၄၀ )မှ ဆွတ်ခူးခဲ့ကြောင်း သိရသည်။

ထို့ပြင် ကျပ်သိန်း ၁၀၀၀ ဆုကို ပေါက်မဲနံပါတ်( ဂ – ၃၅၅၅ ၃၃ )မှ ရရှိခဲ့ကြောင်း သိရသည်။

စက်တင်ဘာလတွင်ဈေးကွက်အတွင်းရောင်းချရသည့်ထီစာအုပ်အရေအတွက်သည်
(၅၅၂၂၇၆ )အုပ်ရောင်းရကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်ထားသည်။

၆၇ ကြိမ်မြောက် ကျပ် ၁၀၀၀ တန်အောင်ဘာလေသိန်းဆုထီအတွက် “က” အက္ခရာမှ အစဉ်လိုက် “ဈ” အက္ခရာ အထိ စုစုပေါင်းအက္ခရာ ၉ လုံးအပေါ်မှ ၇၅ ရာခိုင်နှုန်းကို ခွဲဝေရောင်းချရာတွင် ထီစာအုပ် (၅၅၂၂၇၆) အုပ်အားရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထီလက်မှတ်များမှ ရောင်းရငွေမှာ ကျပ်သန်း (၅၅၂ ၂.၇၆၀) ဖြစ်သဖြင့် ၇၀ ရာခိုင်နှုန်းခွဲဝေချီးမြှင့်ပေးမည့် ထီဆုငွေမှာ ကျပ်သန်း(၃၈၆၅.၉၃၂) ဖြစ်သည်။

အဆိုပါ ၇၀ ရာခိုင်နှုန်းခွဲဝေချီးမြှင့်ပေးမည့် ထီဆုငွေများနှင့် ဘဏ္ဍာသိမ်းရငွေကျပ်သန်း (၂၅၀၀၀၀) ကိုပြန်လည်ချီးမြှင့်ပေးမည်ဖြစ်ပြီး ထီအမြင့်ဆုံးဆုကျပ်သိန်း ၅၀၀၀ ၊ ကျပ်သိန်း ၂၀၀၀ ၊ ကျပ်သိန်း ၁၀၀၀ ဆုအပါအဝင် အခြားသောဆုမဲများကိုလည်း ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK