Top News

ထိုင်ဝမ်အနီးရှိ ဖိလစ်ပိုင်ကျွန်းများတွင် တိုင်ဖွန်း ဝင်ရောက်တိုက်ခတ်
24htopnews | October 1, 2024 7:12 PM CST

ထိုင်ဝမ်အနီးရှိ ဝေးလံခေါင်သီသော ဖိလစ်ပိုင်ကျွန်းငယ်များအုပ်စုတစ်စုကို စက်တင်ဘာ ၃၀ ရက်က တိုင်ဖွန်းခရာသွန် ဝင်ရောက်တိုက်ခတ်ပြီး လျှပ်စစ်ဓာတ်အားများနှင့် ဆက်သွယ်ရေးများ ပြတ်တောက်လျက်ရှိသည်ဟု မိုးလေဝသဌာနနှင့်တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ဘာတာနက်စ်ကျွန်းအုပ်စုရှိ ဆက်ဘ်တန်းကျွန်းအနီးတွင် တိုင်ဖွန်းဖြတ်သန်းတိုက်ခတ်ခဲ့ပြီး လေတိုက်နှုန်းသည် တစ်နာရီလျှက် ၁၇၀ ကီလိုမီတာ(၁၀၆မိုင်) နှုန်းရှိသည်ဟုသိရသည်။ လူဦးရေ ၂၀၀၀၀ ရှိသည့် ဘာတာနက်စ်တွင် တိုင်ဖွန်း၏ လေတိုက်နှုန်းကို ပြင်းပြင်းထန်ထန် ကြုံတွေ့ခံစားရနိုင်သည်ဟု မိုးလေဝသဌာနကထုတ်ပြန်ထားသည်။

တိုင်ဖွန်းသည် ကျွန်းများသို့ စက်တင်ဘာ ၂၉ ရက်ညအချိန်တွင် စတင်ဝင်ရောက်ခဲ့ပြီး မိသားစု ၂၇ ယောက်ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့သည်ဟု ဘာတာနက်စ် ပြည်နယ်အုပ်ချုပ်ရေးမှူးမာရီလူကေကိုကဆိုသည်။

“လေတိုက်နှုန်းက ငလျင်လှုပ်နေသလိုပါပဲ အရမ်းပြင်းတယ်” ဟု ၎င်းက ဆိုသည်။

နေအိမ်အများအပြား ပျက်စီးခဲ့ပြီး အမိုးများ လေထဲလွှင့်ပါနေကြသည်ဟု ကေကိုကဆိုသည်။

“လူတွေက အကူအညီတောင်းနေကြပေမယ့် ကျွန်မတို့ အပြင်မထွက်နိုင်ကြပါဘူး။ အရမ်းအန္တရာယ်များလို့ပါ” ဟု ၎င်းက ဆိုသည်။

သေဆုံးသူမရှိသေးကြောင်းအကြီး တန်းဘာတာနက်စ်ရဲအရာရှိကဆိုသည်။


READ NEXT
Cancel OK