Top News

အာရှ ယူ-၂၀ ပြိုင်ပွဲဝင်မည့် မြန်မာအသင်း ခြေစစ်ပွဲဖြင့်ပင် ကျေနပ်ခဲ့ရ ၊ (၃)ပွဲကစား (၃)ပွဲရှုံး ရလဒ် ထွက်ပေါ်
24htopnews | September 30, 2024 2:12 PM CST

တရုတ်နိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပမည့် ၂၀၂၅ ယူ-၂၀ အာရှဖလားပြိုင်ပွဲအတွက် မြန်မာအသင်းအနေဖြင့် ခြေစစ် ပွဲစဉ်ကစားခဲ့ရာ (၃)ပွဲကစား (၃)ပွဲရှုံး ရလဒ်ဖြင့် ကျေနပ်ခဲ့ရသည်။

ယမန်နေ့ စက်တင်ဘာ (၂၉) ညနေပိုင်းတွင် ခြေစစ်ပွဲအုပ်စုအဆင့် နောက်ဆုံးပွဲစဉ်အား တာ့ခ်မစ်နစ္စတန်အသင်းနှင့် ယှဉ်ပြိုင်ကစားကြရာ (၂)ဂိုး(၁)ဂိုးဖြင့် ထပ်မံရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

မြန်မာ ယူ-၂၀ အသင်းအနေဖြင့် စက်တင်ဘာ (၂၅)ရက်၌ ကာဂျစ်စတန်အသင်းနှင့် အုပ်စုအဖွင့်ပွဲစဉ် ယှဉ်ပြိုင်ကစားခဲ့ရာ (၂)ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့ရသလို၊ စက်တင်ဘာ (၂၇) ရက်တွင်လည်း ဂျပန်အသင်းနှင့် တွေ့ဆုံရာ၌ (၆)ဂိုးပြတ်ဖြင့် ရှုံး နိမ့်ထားသည်။

၂၀၂၅ ယူ-၂၀ အာရှဖလားပြိုင်ပွဲဝင်ခွင့်ရရှိရေးအတွက် ခြေစစ်ပွဲများကစားရာ မြန်မာအသင်းအနေဖြင့် အုပ်စု (I)တွင် ကာဂျစ္စတန် ၊ ဂျပန်နှင့် တာ့ခ်မင်နစ္စတန်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားခဲ့ရခြင်း ဖြစ်သည်။

လက်ရှိတွင် ၂၀၂၅ ယူ-၂၀ အာရှဖလားပြိုင်ပွဲဝင်ခွင့် ခြေစစ်ပွဲများကို အုပ်စုအဆင့်အလိုက် ကစားရာတွင် ဘရူနိုင်း၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ အရှေ့တီမောနှင့် မလေးရှားနိုင်ငံတို့မှာ ပြိုင်ပွဲနှင့် ဝေးကွာခဲ့ပြီဖြစ်သည်။

ပြိုင်ပွဲဝင်ခွင့် စည်းမျဉ်းအရ အုပ်စုပထမအသင်း (၁၀)သင်းနှင့် အကောင်းဆုံး ဒုတိယ (၅)သင်းတို့သည် တရုတ်နိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပမည့် အာရှယူ-၂၀ ပြိုင်အတွက် ခြေစ စ်ပွဲအောင်မြင်မည်ဖြစ်သည်။


READ NEXT
Cancel OK