Top News

မြိတ်မြို့တွင် ငွေကျပ်သိန်း (၆၀၀၀) တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
24htopnews | September 24, 2024 3:12 PM CST

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် အမျိုသား (၃) ဦးမှ မော်တော်ယာဉ် တစ်စီးဖြင့် သယ်ဆောင်လာသည့် ငွေကျပ်သိန်း (၆၀၀၀) တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

မြိတ်မြို့၊ တလိုင်းစုရပ်ကွက်၊ ကမ်းနားအလယ်လမ်းတွင် စက်တင်ဘာ(၂၁) ရက်၊ ညနေ (၃)နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ နေဇင် မောင်းနှင်ပြီး မိုးကျော် နှင့် ပန်းလှ(ခ)မင်းထက် တို့လိုက်ပါလာသည့် TOYOTA SIENTA အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ ရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀,၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၆,၀၀၀)နှင့် လက်ကိုင်ဖုန်း (၃) လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ နေဇင်(၂၄)နှစ်၊ မိုးကျော်(၄၄)နှစ် နှင့် ပန်းလှ(ခ)မင်းထက်(၂၆)နှစ်တို့အား မြိတ်မြို့မ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သတင်းထုတ်ပြန်သည်။


READ NEXT
Cancel OK